Wednesday, December 9, 2009
Monday, December 7, 2009
မိတ်ဆွေတစ်ယောက်ရဲ့ ကွန်ပျူတာမှာ Local Disk (D:) ကို Double Click လုပ်ပြီး ဖွင့်တာ Search Box ကျလာတယ်။ D: က ပွင့်မလာဘူး။ ဒါနဲ့ မိမိသိတဲ့ နည်းလမ်းနဲ့ ဖြေရှင်းတယ်။ မရဘူး။ တော်တော်ဆိုးတယ်။ စိတ်က တိုလာတယ်။
ဒါနဲ့ အင်တာနက်ပဲ အားကိုးရတာပေါ့။ Google မှာ ရိုက်ရှာတယ်။ ပေါ်လာပါတယ်။ English လိုရေးထားတဲ့ ဆိုက်တွေ။ များပါ့။ သူတို့ ညွှန်းတဲ့ နည်းလမ်းတွေက မိမိသိတဲ့ နည်းလမ်းတွေ များနေတယ်။ စိတ်ကလဲ ပိုတိုလာတယ်။ မရမချင်း လုပ်မယ်ဆိုပြီ လုပ်လိုက်တာ ရသွားတယ်။ ဟီး။
အကယ်၍ မိတ်ဆွေတို့လဲ ယခုဖြစ်စဉ်မျိုး ဖြစ်ခဲ့ရင် အောက်ကနည်းလမ်းအတိုင်းသာ လုပ်ပေတော့။
၁) Start ကနေ Run ကို ရိုက်ဖွင့်ပါ။
၂) Run Box ထဲမှာ regsvr32 /i shell32 ကို ရိုက်ထည့်ပြီး Enter ခေါက်။
၃) OK box တစ်ခု တက်လာလိမ့်မယ်။ Ok လုပ်လိုက်။
၎) ပြီးရင် Restart ချလိုက်။ အိုကေသွားမယ်။
ဟီး။ လွယ်တယ်မဟုတ်လား။ စမ်းကြည့်လေ။ အဆင်ပြေပါစေ။
မောင်စေတနာ
Saturday, December 5, 2009
အဆင့်(၁)
AVG antivirus program ကို uninstaller program နဲ့ ဖြုတ်လိုက်ပါ . မရှိသေးရင် ဒီမှာ တင်ထားပေးပြီးသားပါ . add and remove program ကနေ uninstall လုပ်ပြီး ဖြုတ်လို့မရတဲ့ software မှန်သမျှကို Uninstaller နဲ့ပဲ ဖြုတ်လို့အဆင်ပြေပါတယ် . ကဲ ဖြုတ်ပြီးပြီးချင်း တင်လိုက်တော့ သူကလက်မခံဘူး AVG တင်ထားတယ် ပြောနေတယ် . အဲ့ဒါနဲ့ အောက်က အဆင့်တွေအတိုင်း လုပ်လိုက်တာ အဆင်ပြေသွားတယ် .
အဆင့်(၂)
(၁) Start >> Run ကိုသွားပါ
(၂) Run box ထဲမှာ regedit ရိုက်ထည့်ပြီး OK ပေးလိုက်ပါ
HKEY_LOCAL_MACHINE >> SOFTWARE >> ကိုရွေးပြီး ဘေးကမြှားကို ဆက်နှိပ်လိုက်တာနဲ့ မိမိကွန်ပျူတာမှာ တင်ထားသမျှ program တွေ အကုန်လုံးကို တွေ့ရမှာပါ . အဲဒီ့အထဲက ဖျက်တုန်းက မပျက်ခဲ့တဲ့ AVG ဖိုင်ကို လိုက်ရှာပြီး Right click ထောက်ပြီး Delete ပေးလိုက်ပါ .
+/- ရှိသေးတယ်နော် နှိပ်လိုက်အုံး...
Thursday, December 3, 2009
ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းထဲက ဒုက္ခသည်တွေ စခန်းအပြင်ထွက်ပြီး တရားဝင် အလုပ်လုပ်ခွင့် ရရေးအတွက် ဥရောပသမဂ္ဂ (EU) က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုင်းအစိုးရကို တိုက်တွန်းခဲ့တဲ့ကိစ္စဟာ လက်တွေ့မှာ ချက်ချင်း အကောင်အထည် ပေါ်လာဖွယ် မရှိသေးကြောင်း ဒုက္ခသည်စခန်းအတွင်း အနှစ် ၂၀ နီးပါး နေထိုင်လာခဲ့သူတွေက RFA ကို ပြောပြကြပါတယ်။

(Photo: AFP)ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် အစားအသောက် ခွဲတမ်းအတွက် တန်းစီနေကြသော မြန်မာ တိုင်းရင်းသား ဒုက္ခသည်များ ဖြစ်ပါသည်။
ဥရောပသမဂ္ဂ EU က ထိုင်းအစိုးရကို တိုက်တွန်းခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းမြန်မာနယ်စပ်က အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လဒုက္ခသည်စခန်း ဒုတာဝန်ခံ စောထွန်းထွန်းက အခုလို သုံးသပ်ပြောဆိုပါတယ်။စောထွန်းထွန်း။ ။
“ဒုက္ခသည်များအနေနဲ့ ဒီ စခန်းအပြင်ထွက်ပြီး အလုပ်လုပ်နိုင်ဖို့ ဆိုတာကတော့ တော်တော်လေးကို ခဲယဉ်းနေပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိကကတော့ ထိုင်းအစိုးရအနေက ရုတ်တရက်ကြီး ဒီလောက် ဦးရေရှိတဲ့ ဒုက္ခသည်တွေကို အပြင်ထွက် လုပ်ခွင့်ပေးဖို့ဆိုတာကတော့ သူတို့ရဲ့ ပေါ်လစီကို ပြန်လည် ပြုပြင် ပြောင်းလဲဖို့ဆိုတာတော့ ကျွန်တော်ထင်တယ်၊ အဆင့်တွေ အများကြီး သွားရဦးမယ်လေ။
+/- ရှိသေးတယ်နော် နှိပ်လိုက်အုံး...
”“နောက်ပြီးတော့ တချက်ကတော့ ထိုင်းနိုင်ငံမှာကလည်း migrant တွေပေါ့လေ၊ တရားမဝင် ဝင်ရောက် လာလုပ်ကိုင်နေတဲ့ လူတွေပေါ့၊ အိမ်နီးချင်းနိုင်ငံ၊ အထူးသဖြင့် မြန်မာနိုင်ငံတွေပေါ့နော်၊ တော်တော်များများ ရှိနေတဲ့အတွက် ထိုင်းအစိုးရက အလွယ်တကူနဲ့ ခွင့်ပေးဖို့ကလည်း မလွယ်ဘူးလေ။
အဲဒါ ဒီ process ကတော့ တအား နှေးကွေးမယ်လို့ ကျွန်တော် မြင်တယ်လေ။”ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး အဲဒီစခန်းထဲက ဒုက္ခသည်တွေဟာ သူတို့ တတ်မြောက် ထားတဲ့ လက်မှုပညာတွေနဲ့ စခန်းအပြင်ဖက်မှာ အလုပ်လုပ်ချင်တဲ့ဆန္ဒ ရှိကြပေမဲ့လည်း ထိုင်းအစိုးရရဲ့ ကန့်သတ်မှုကြောင့် စခန်းထဲမှာပဲ နေရပြီး၊ နိုင်ငံတကာ အလရှင်တွေရဲ့ ထောက်ပံ့မှုနဲ့သာ စားဝတ်နေရေးကို ဖြေရှင်းနေကြရပါတယ်။နယ်စပ်ဒုက္ခသည်စခန်းတွေကို အစားအသောက်နဲ့ အခြေခံဆေးဝါး ထောက်ပံ့ပေးနေတာကတော့ TBBC လို့ ခေါ်တဲ့ စေတနာ့ဝန်ထမ်း NGO အဖွဲ့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခြား NGOအဖွဲ့တွေကလည်း ပညာရေးနဲ့ သက်မွေးဝမ်းကျောင်း ပညာတွေကိုပါ စခန်းအတွင်း လာရောက် သင်ကြားပေးနေတယ်လို့ စောထွန်းထွန်းက RFA ကို ပြောပါတယ်။ဒုက္ခသည်တွေဟာ အဲဒီလို သက်မွေးဝမ်းကျောင်းပညာတွေ သင်ကြား တတ်မြောက်ထားပေမဲ့ စခန်းပြင်ပက တကယ့် လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ခွင့် မရတာကြောင့် သင်ထားတဲ့ ပညာတွေ အလဟဿ ဖြစ်နေရတယ်လို့လည်း သူက ပြောပါတယ်။စောထွန်းထွန်း။ ။
“စခန်းထဲမှာ သင်ကြားပေးနေတဲ့ အသက်မွေးဝမ်းကျောင်း ပညာတွေကတော့ စခန်းပြင်မှာ ထွက်လုပ်ခွင့်ရမှသာလျှင် လက်တွေ့အနေနဲ့ သူတို့ အသုံးပြုလို့ ရမယ်လေ။ အခုလောလောဆယ်ကတော့ သင်တန်း တသုတ်ပြီးတသုတ်သာ ပြီးသွားပါတယ်၊ လက်တွေ့လုပ်ငန်းတွေ မရှိတဲ့အခါကျတော့ သူတို့အနေနဲ့ဟာ လက်တွေ့အသုံးချမှု မရှိတဲ့အခါ သင်ထားတဲ့ ပညာတွေက အလဟဿ ဖြစ်နေတာပေါ့။”နယ်စပ်ဒုက္ခသည်စခန်း ၉ ခုမှာ ဒုက္ခသည်ပေါင်း ၁သိန်း ၄သောင်းကျော် ရှိပြီး မယ်လဒုက္ခသည်စခန်း တခုတည်းမှာတင် ဒုက္ခသည်ဦးရေ ၅ သောင်း ၆ထောင် နီးပါး ရှိကြောင်း သိရပါတယ်။ အဲဒီ စခန်းထဲက ဒုက္ခသည်တွေဟာ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးရဲ့ စီစဉ်ပေးမှုအရ တတိယနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို သွားရောက် အခြေချ နေထိုင်ခွင့်ရသူတွေလည်း ရှိပါတယ်။
စောဌေးမောင်နှင့် နအဖ ဗိုလ်ချုပ်တို့၏ ဆွေးနွေးခန်း
ဒီYou Tube ဗွီဒီယိုဆွေးနွေးခန်းဟာ ၀က်ဆိုက်၊ ဘလော့တွေပေါ်မှာတော်တွေ့ရတယ်။
နောက်ပြီး ဗွီဒီယိုထဲမှာ နအဖဗိုလ်ချုပ်တစ်ယောက်က အားကောင်းမောင်းသန် ဗိုလ်ချုပ်
ထိန်းမောင်တို့အဖွဲ့စည်းရုံးနေပုံကလည်း အတော်ကိုစိတ်ဝင်းစားဖို့ကောင်းတယ်။ နအဖဗိုလ်
ချုပ်က ဘယ်လောက်စကားပတ်လည်ပြောပြီး ကုလားထိုင်ပေါ်မှာတောင် အငြိမ်မနေနိုင်
တော့တဲ့ထိ ဟိုဖက်လှည့်ဒီဖက်လှည့်နဲ့ စကားပြောနေပုံကလည်း ဗိုလ်ချုပ်ထိန်းမောင်တို့
အဖွဲ့လည်သွားနိုင်လောက်တယ်။
ဒါပေမယ့် ဗိုလ်ချိုပ်ထိန်းမောင်က အတော်အသင့်မေးခွန်းတွေထုတ်တာတွေ့ရပြီး နအဖရဲ့
ပြောဆိုပုံတွေ ဟုတ် မဟုတ်စဉ်းစားပုံရသေးတယ်ဆိုတော့ ခေါင်းညိတ်ပြီးသား ဒီကေဘီ
အေနဲ့ဆိုင်ရင် ပိုပြီးတော်တယ်လို့ပြောရမလားပဲဗျာ...ကျန်တဲ့ဒို့ကရင်များလည်း နအဖဗိုလ်
ချုပ်ရဲ့စကားကို စဉ်းစားနှိုင်းချိန်နိုင်အောင် တင်ပေးလိုက်တယ်။ ဖြစ်နိုင် မဖြစ်နိုင်ကိုယ့်
ဉာဏ်နဲ့ကိုယ်သာဆုံးဖြတ်ကြပေတော့...
သုတရေးရာ သတင်းပဒေသာ
သမီးအရင်းကို သားမယား ပြုကျင့်ခဲ့သူအား ထောင်ဒဏ် ၁၂နှစ်ချမှတ် click
စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် အလုပ်သွားရှာမည့်သူများ သတိပြု click
ကွန်ပျူတာသုံးဘာသာပြန်စနစ် ဗားရှင်းအဆင့်မြှင့်click
အမေရိကန် သမ္မတ အတွက် ရဟတ်ယာဉ် ဒေါ်လာ ဘီလျံနှင့်ချီ ကျခံ သုံးစွဲရဖွယ်ရှိ click
Windows 7 တရားဝင်စတင်ရောင်းချပြီး အောင်မြင်လျက်ရှိ click
လိင်မှုရေးရာများ ဖွင့်ချခဲ့သူ ဆော်ဒီအမျိုးသား ကြီးလေးသော အပြစ်ဒဏ် ချမှတ်ခံရ click
အနုမောဒနာပြုရမည့် ဝတ်ကိုပြဆိုခြင်း...click
စကောလား ရှစ်သာမက နေထိုင် ခွင့်ပါရ မည်ဟု ပြည်ပ ပညာရေး ဆွဲဆောင်click
Windows Vista မှ စိတ်ပျက်စရာများ Windows 7 ကြောင့် မေ့ပျောက်စေမည် ဟုဆို click
Learning English

- VOA Learning English
- BBC Learning English
- Spotlight Radio
- Free Language Online
- Technical Seven
- Easy Learning English
- Myanmar E Dictionary
- Englsih M Dictionary
- Learning English Utube
- Free English
- New Cutting Edge
- Headway English
- Spoken English
- English Files
- Learn4good English
- Non-stop English
- British English
- To learn English
ဖတ်ချင်ရင် နှိပ်ပါ


- မြန်မာစာအုပ်စင်
- လူထုအော်သံဂျာနယ်
- ဗေဒင်ပညာ
- ရွေစကားများ
- ပြည်သူ စာကြည့်တိုက်
- အင်တာနက် စာကြည့်တိုက်
- မြန်မာ စာအုပ်
- မြန်မာ ချန်နယ်
- မြန်မာဒေါ့ကွန်
- မြန်မာပိုင်အိုနီးယာ
- မြန်မာအင်ဂျီအိုအဖွဲ့အစည်းများ
- အနုပညာ
- ရွေမင်္ဂလာ ရှာဖွေရေး
- Book Hive library
- ၀ိညာဉ်သစ်စာအုပ်စင်
- မြန်မာတိုင်း
- ၀ိကလီးအလဲဗင်း
- ရန်ကုန်မီဒီယာအဖွဲ့
- လျှပ်တပြတ်
- လူတို့၏အွန်လိုင်း မဂ္ဂဇင်း
- ရိုင်ရယ်မြန်မာ
- သတင်းနှင် မီဒီယာကွန်ယက်
- မြန်မာအလင်း
- တူဒေးမြန်မာ
- ပလန်နက်
- ပေါ်ပြူလာ မြန်မာ
- သံလွင်အိမ်မက်
- ခေတ်လူငယ်
- ဖွဲ့တည်ရာ မီဒီယာ
- အိုးဝေ
- ရွေအမြုတေမဂ္ဂဇင်း
- လောကအလှမဂ္ဂဇင်း
- မိုးသောက်ကြယ်
- နေသစ်


- အင်္ဂလိပ် သီချင်းများ (၁)
- အင်္ဂလိပ်သီချင်းများ
- ဖရီမြန်မာမီဒီယာ ဗွီဒီယိုများ
- နိုင်ငံခြားရုပ်ရှင်များ
- ကိုရီဂျပန်ထိုင်ဝမ်ရုပ်ရှင်များ
- အာရှနိုင်ငံဇာတ်လမ်းများ
- ရွေအိမ်မက်မြန်မာဗွီဒီယိုများ
- မြန်မာရုပ်ရှင်သီချင်းများ
- မြန်မာနိုင်ငံခြားရုပ်ရှင်များ
- မြန်မာသီချင်းများ (မဇူရီ)
- ရွေအိုမြန်မာရုပ်ရှင်
- မြန်မာရုပ်ရှင်ဗွီဒီယိုများ
- မြန်မာ သီချင်းများ
- မင်းသီလမြန်မာဗွီဒီယို
- ဖရီမြန်မာဗွီစီဒီများ
ဘလောဂါအတွက်

- Blogger Helpdesk
- New Banners
- Wowzio
- Photobucket
- IP Address
- Find IP Address
- AlphaZawgyi အကြောင်း
- Planet Download Center
- Download Keyboard Installer
- Download Keyboard Layout
- Download Zawgyi Font
- Blogger Template
- Three Coloumn
- Free Blogger Template
- Robtex IP
- File Den
- Scribd.Com
- Google Page
- Free Wordpress Themes
- မြန်မာနိုင် ငံအတွက်
- မြန်မာနိုင် ငံအတွက်
- IP2location
- Fifeden
- co.cc/
- /whatismyipaddress
- Hide Your IP
- Future Blogger Temp
- Blogger Templates
- Color Charts
- Media Fire
- Peekboo
- Sigmirror.com File Hosting
- Free Blogger Skins
- Calendars
- SimpleCode
- Apear HTML Code on Blog (Guide)
- MakeFriendly
- Blogtrog
- code hide, not right click
- Trace email ip
- ATK free domain
- co.cc
- Free Domain, co.nr
































































































အဆင့်(၃)
HKEY_LOCAL_MACHINE >> SOFTWARE >> Microsoft >> Windows >> CurrentVersion >> Uninstall >> AVG8uninstall ဆိုတဲ့ဖိုင်ကို ပုံ-၃ ထဲကအတိုင်း rightclick ထောက်ပြီး Delete ပေးလိုက်ပါ . အဲ့လောက်ဆိုရင်တော့ ပုံမှန်အတိုင်းဆိုရင် kaspersky တင်လို့ရပါပြီ .
အဆင့်(၄)
အဲ့ဒါနဲ့ရပြီထင်ပြီး ပြန်တင်လိုက်တယ် . မရသေးပါဘူးတဲ့ ကျန်သေးတယ် ပြောတာနဲ့ နောက်ဆုံး အဆင့်အနေနဲ့ AVG Remover ကို run လိုက်တော့မှ AVG Remover tool က အကုန်လုံးဖြုတ်ပေးသွားတယ် . ပြီးတော့မှ kaspersky 2010 က တက်လာတယ် . တစ်ခါတစ်လေ နံပါတ်(၁) နဲ့တင် အဆင်ပြေသလို တစ်ခါတစ်လေ အဆင့်(၂)အထိလုပ်တာနဲ့ အဆင်ပြေသွားပါတယ် . လုံးဝမရခဲ့ရင် ခက်ခဲနေမှာစိုးလို့ ကျွန်တော် AVG မလိုချင်လို့ ဖြုတ်တဲ့ အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲလေးကို ပို့စ်အဖြစ်တင်ပေး လိုက်တာပါ . အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ . AVG REMOVER TOOL ကို အောက်မှာ Download လုပ်ယူလိုက်ပါ .
Download ifile.it
Download multiupload