Creating BBC World News Logo Design ( Adobe After Effect CS6)

Saturday, February 19, 20220 comments

1. New > Composition = HDV/HDTV 720 29,97/ ( Red Line ဟုအမည်ပေးပါ)။
2. Duration = 20 ၎င်းကို Transparent အနေဖြင့်ထား ပါ။ 

3. New > Solid > အနီရောင်
4. Retangle Tool ဖြင့် လေးဒေါင့်လိုင်းအရှည်တစ်ခုစွဲပါ။ အောက်ပါပုံအတိုင်းစွဲပါ။



5. ထိုနောက် အောက်လေယာတွင် Mask > Mask 1 တစ်ခုတွေ့ရမည်။ ၎င်းကို ctrl + d ကော်ပီနောက်တစ် ခုထပ်ယူပါ။ Mask 2 ဟုထပ်တွေ့ရမည်။ ၎င်းကိုအောက်ပါပုံအတိုင်းအောက်သို့အနည်းငယ်စွဲချပါ။

6. ထိုနောက် အပေါ်က Mask 1 ဆလက်ပေးပြီး အနည်းငယ်သေးလိုက်ပါ။
7. ၎င်းကို Position ထည့်ရန် ကီးဘုတ်က P ကိုနှိပ်ပါ။ ပြီးလျှင် Time Indicator တိုင်ကို 4 စက္ကန့်လောက် မှာထားပါ။ ၎င်းလေယာကိုဆလက်ပေးပြီး မောက်စ်ဖြင့် အပေါ်တည့်တည့်စွဲတင်ပါ။
8. ထိုနောက် Time Indicator တိုင်ကို အစသို့ပြန်ထားပြီး ၎င်းကို မောက်စ်ဖြင့် အောက်သို့ပြန်စွဲချပါ။
9. ထိုနောက် New Composition အသစ်တစ်ခုထပ်ယူပါ။ ၎င်းကို New Comp အမည်ပေးပါ။
10. ပြီးလျှင် Project က Red Line ကို ၎င်း Time Line သို့စွဲယူလာပါ။
11. ၎င်းတွင် CC Sphere Effect ထည့်သွင်းပါ။ ထိုတွင်
Radius = ကိုလိုသလောက်တင်ပါ-ကြီးပါ။
Rotation > Rotation Z = ညာဖက်သို့အနည်းငယ်စောင်းပါ
Rotation > Rotation X = ဘယ်ဖက်သို့အနည်းငယ်စောင်းပါ
12. ပြီးလျှင် Red Line နှင့် New Comp ၂-ခုတို့တွင် Red Line ကိုတစ်ချက်နှိပ်ပီး ၎င်း Time line တွင် ရှိသောလေယာကို ကော်ပီကူးပါ။
13. ၎င်းလေယာ ၂-ခုစလုံးကို အဆုံးကနေ မောက်စ်ဖြင့်ဖိစွဲပြီး လေးစက္ကန့်လောက်မှာဘဲထားပေးပါ။
ပြီးလျှင် အပေါ်ကော်ပီလေယာကို အောက်ပါပုံအတိုင်း အနောက်သို့အနည်းငယ်ရွေ့ပါ။ ပြီးလျှင် ကော်ပီ လေယာ၏ Mask 1 ကိုလည်းအောက်ပါမျှားပြထားတဲ့အတိုင်း အောက်သို့စွဲလာပါ။

14. ထိုနောက် Red Line က ကော်ပီလေယာကိုဘဲ ကော်ပီ ၂-ခါထပ်ယူပါ။ အဲဒီလေယာ ၂-ခုကို နောက်သို့ အလားတူအနေအထားတိုင်းရွေ့ယူပါ။
15. အားလုံးပြီးလျှင် New Comp ပြန်ဖွင့်ပါ။ ထိုနောက် ၎င်းကိုအရောင်ပြောင်းရန် ၎င်း effect တွင်ပါသော Light ကိုဖွင့်ပါ။
Light Intensity = 183
Light Color = White
Light Height = 63.0
Light Direction = 0x 138
ထိုနောက် Shading ကိုပြင်ရန်…
Ambient = 43
Diffuse = 74
Specular = 100
Roughness = 0x 059
Metal = 100
Reflective = 00
16. ထိုနောက် ကမ္ဘာလုံးပုံထည့်ရန် အောက်ပါကမ္ဘာမြေပုံ PNG ပုံကို လိုက်ရှာထည့်ပါ။ ၎င်းကို Time line တွင်ထည့်ထားသောလေယာအပေါ်သို့ထားပါ။


၎င်းပုံကိုအောက်ပါအတိုင်း ဖန်သားပြင်နှင့်အညီ လိုက်စွဲထားပါ။

17. ထိုနောက် ၎င်းလေယာကို CC Sphere effect ထည့်ပါ။ ထိုတွင်
Radius = 414 (အဆင်ပြေသလိုကမ္ဘာလုံးကိုကြီးပါ)
18. ထိုနောက် ၎င်းကမ္ဘာလုံးကို လုပ်ရှားမှုပြုလုပ်ရန် အောက်ပါလေယာတွင်ပါသော CC Sphere ၏မျှားကို နှိပ်ပါ။ time indicator တိုင်ကိုလည်းအစကနေထားပါ။ ထိုတွင်..

Rotation > Rotation Y ၏ Toggle Key Frame ကို Alt တွဲနှိပ်ပါ။ ပြီးလျှင် အချိန်ပြင်ရန် အောက်ပါအ တိုင်း ကမ္ညာလုံးလှည်ရန် Time Code လိုက်ပြင်ပါ။
Time*-30
19. ထိုနောက် ၎င်းကမ္ဘာလုံးကို အောက်ပါအတိုင်း မောက်စ်ဖြင့် Rotate လှည့်ပါ။

20. ထိုနောက် ၎င်းကမ္ဘာလုံးကို အရောင်ထည့်ရန် Tint Effect ထည့်ပါ။ ထိုတွင်
Map black to = မီးခိုးရောင်
Map White to = အဖြူရောင်
21. ထိုနောက် ၎င်းလေယာကို Opacity ထည့်ပြီး ၎င်းကိုအနည်းငယ်အရောင်လျှော့ချပါ။
22. ထိုနောက် New > Solid > အဖြူရောင်ဖြင့်ယူပါ။ ၎င်းလေယာကို အောက်ဆုံးသို့စွဲချပါ။
23. ထိုနောက် Red Line လေယာကို ကော်ပီပွားပါ။ ၎င်းကို အပေါ်ဆုံးတင်ထားပါ။ ၎င်း၏ CC Sphere Effect တွင် Render ကို Outsite ရွေးပါ။
24. ပြီးလျှင် အောက်က Red Line လေယာကိုပြန်ရွေးပါ။ ပြီးလျှင် ၎င်း၏ effect တွင် Render ကို Inside ကိုရွေးပါ။
25. ထိုနောက် ၎င်းလေယာကို Tint Effect ထည့်ပါ။ ၎င်းကိုလည်း Opacity ထည့်ပါ။ အရောင်ကို အလျှော့ တင်းလုပ်ကြည့်ပါ။
26. ထိုနောက် အပေါ်ဆုံး Red Line လေယာကိုပြန်ရွေးပါ။ ၎င်း Effect တွင် Reflective ၏ကိန်းဂဏန်းကို 24 လောက်ထားကြည့်ပါ။
27. စာသားစသည်ထည့်ပြီး စမ်းကြည့်ပါ။….

အဆင်ပြေပါစေ…

Saw Linux
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger