၁။ မိမိတည်းဖြတ်မည့် Green Screen ဗီဒီယိုဖိုင်ကို import ကနေ ဖွင့်လိုက်ပါ။ ၂။ ၎င်းဖိုင်ကို Pen Tool ဖြင့် အောက်ပါအတိုင်း Mask Selection ပေးပါ။ (ဗီဒီယိုဖိုင်အားလျှော်စွာ Mask Selection ပေးတာကွဲပြားနိုင်သည်)
၃။ ထိုနောက် Mask Selection ကို လိုသလိုပြင်ဆင်နိုင်ရန် ကီးဘုတ်ပေါ်က M နှိပ်ပါ။ ၎င်းဗီဒီယိုဖိုင်အောက် က Mask Function ပေါ်လာတာတွေ့ရမည်။ ထိုနောက် ၎င်း Maskt ၏ မျှားကိုတစ်ချက်နှိပ်ပြီး Mask Path ၏ ကီးဖရိန်သတ်မှတ်ရန် Mask Toggle ကို ကလစ်နှိပ်ပါ။ ထိုနောက် Selection Tool ကိုရွေးပြီး ဗီဒီယို Screen ဖန်သားပြင်ကို ကလစ်တစ်ချက်နှိပ်ပါ။ time Indicator တိုင်ကိုလည်း လိုသလိုထားပြီး ၎င်းဗီဒီယိုဖိုင်၏ အဝါရောင်နုတ်ကလေးများကို လိုက်ရွေ့ ပါ။ အောက်ပါပုံ ၂-ပုံအတိုင်း ပုံတူလုပ်ဆောင်ရမည်။ ၄။ အားလုံးပြီးလျှင် အပေါ်ကအစီအစဉ်အတိုင်းဆက်လက်လုပ်ဆောင်ရမည်… ထိုကြောင့် Effect > keying > Key Light (1.2) ကိုနှိပ်ပါ။ ၅။ ထိုနောက် Screen Color တွင် ကာလာဘောက်စ်အနောက် တိုင်လေးကိုတစ်ချက်နှိပ် > ပြီးလျှင် ဗီဒီ ယိုဖန်သားပြင်၏ အစိမ်းရောင်နောက်ခံကိုတစ်ချက်နှိပ်ပါ။ အောက်ပါပုံအတိုင်းတွေ့ရမည်။ ၆။ ထိုနောက် ဗီဒီယိုနောက်ခံအပျောက်အစက်လေးများကိုပြုပြင်ရန်… View > Final Result မှ Screen matte သို့ပြောင်းပါ။ ၇။ ထိုနောက် Clip Black ကို 12 ၊ Clip White ကို 83 (လိုသလို) ချိန်ညှိပါ။ ၈။ အားလုံးပြီးလျှင် View > Screen Matte မှ Final Result သို့ပြန်ပြောင်းပါ။ ပြီးလျှင် အောက်ပါပုံအတိုင်းတွေ့ရမည်… ၉။ ပြီးလျှင် နောက်ခံဗီဒီယိုထည့်ပါ။ အရောင်အနည်းငယ် ချိန်ညှိဖို့ … ပြုပြင်ထားသော Green Screen ဗီဒီယိုဖိုင်ကိုရွေးပါ။ Effect > Curves ထည့်ပြီး အရောင်ညှိပါ။ ၎င်းပုံကို နှစ်ကိုယ်ခွဲ သုံးကိုယ်ခွဲပြုလုပ်လိုလျှင် Ctrl + D ဖြင့် ကော်ပီကူးပါ။ ပြီးလျှင် အခြားနေရာသို့လိုက် ရွေ့ပါ။ အောင်မြင်ပါစေ… စောလင်းနက်စ်
Post a Comment