Laptop PC အသုံပြုတဲ့ပုဂ္ဂိုလ်များအနေနဲ့ တွေ့ကြုံရတဲ့ပြဿနာတစ်ခုကတော့ Keyboard Error ပါဘဲ။ Keyboard Error ရှိရင် ကြောင်ပြီးတော့
ဘာမှအသုံးပြုလို့အဆင်မပြေတော့ဘူး။ ဒါဆို ကီးဘုတ်ကြိုးဖြုတ်ဖို့ဘဲ ကြိုးစားကြတယ်။ ကီးဘုတ်ကြိုးဖြုတ်ဖို့မလိုဘဲ မိမိ Window Function ကနေဘဲ
ကီးဘုတ်ကြိုး အလုပ်မလုပ်အောင် လုပ်ထားလို့ရပါတယ်။ အောက်ပါအတိုင်း ဆက်လုပ်ပါ...
၁။ Computer > Right Click> Manage ကိုနှိပ်ပါ။
၂။ ထိုတွင် Device Manager ကိုဆက်နှိပ်ပါ။
၃။ ထိုတွင် Keyboard > Standard PS/2 Keyboard ကို Right Click > Update Driver Software ကိုနှိပ်ပါ။
၄။ ထိုနောက် Browse my computer for Driver Software ကိုနှိပ်ပါ။
၅။ ထိုနောက် Let me pick from a list of device စတဲ့ ပါတဲ့စာသားကိုနှိပ်ပါ။
၆။ Show compactable hardware စာချောင်း၏ အမှန်ခြစ်ကိုဖြုတ်ပြီး ၎င်းအောက်စာရင်းတွင် Standard Keyboard နဲ့မသက်ဆိုင်သော အခြားအမျိုးအစားကိုရွေးချယ်ပါ။ ဥပမာ … Accer ကိုရွေးပါ။
ပြီးလျှင် ညာဖက်က ၎င်း Driver တစ်ခုခုကိုရွေးပြီး Next နှိပ်လိုက်ပါ။
၇။ ထိုနောက် သတိပေးစာဘောက်စ်တွေ့ရမည်။ OK နှိပ်ပါ။
ပြီးလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။
အကယ်၍ ပြန်ပြီး Keyboard Enable ပြန်လုပ်လိုလျှင် / သို့မဟုတ် ကီးဘုတ်ကို အသစ်ဝယ်ပြီး ပြန်တပ်လျှင် ၎င်း Standard Keyboard ကို enable ပြန်လုပ်ရမည်ကို သတိပြုပါ။
စောလင်းနက်စ်
Post a Comment