Adobe Premiere Pro CS6 ဖြင့် Green Screen ပိတ်နောက်ခံထားပြီး ဗီဒီယိုအစားထိုး ဖန်တီးနည်း

Sunday, February 6, 20220 comments

၁။ Adobe Premiere Pro CS 6 ကိုဖွင့်လိုက်ပါ။ မိမိနှစ်သက်ရာ Sequense Preset တွင် မိမိနှစ်သက်ရာ Preset ကိုရွေးနိုင်ပါတယ်။ ကျနော်က DV-NTSC > Widescreen 48KHZ ကိုရွေးပါတယ်။ 

 


၂။ မိမိတည်းဖြတ်မည့် Green Screen အစိမ်းရောင်ဗီဒီယိုနောက်ခံဖိုင်ကို Project > Import ကနေ လိုက်ရှာ ဖွင့်လိုက်ပါ။

၃။ ထိုနောက် ၎င်း Green Screen ဗီဒီယိုဖိုင်ကို Time Line သို့စွဲထည့်လိုက်ပါ။ အောက်ပါစာတန်းပေါ်လာ လျှင် change sequence Setting ကိုနှိပ်ပါ။

၄။ ထိုနောက် Effect > Video Effect > Primatte > Primatte Keyer ကို ၎င်းဗီဒီယိုဖိုင်သို့စွဲထည့်ပါ။

၅။ ထိုနောက် Effect Control > Keying > Auto Compute> Auto ကိုရွေးပါ။ အောက်ပါပုံအတိုင်းတွေ့ ရမည်။

၆။ ထိုနောက် ၎င်းပုံ၏အနားသားကိုအနည်းငယ်ထပ်ပြင်ရန်… Scroll Bar ကိုအနည်းငယ်စွဲချပြီး View > View – Matte ကိုရွေးပါ။

၇။ ထိုနောက် Adjust Light On/Off ၏ လေးဒေါင့်ကွက်ကို အမှန်ခြစ်ပြီး View > Matte ကနေ Comp ပြန် ရွေးလိုက်လျှင် ပုံ၏နောက်ခံအပျောက်အစက်များမရှိတော့ဘဲချောမွေ့တာတွေ့ရမည်။

၈။ ထိုနောက် ပုံ၏အနားသားကိုထပ်မံပြင်ဆင်ရန်… View > Mate ကိုပြန်ချိန်းထားပါ။ ပြီးလျှင် Correction > Correct > အောက်က Dechease ကိုရွေး ပြီး ၎င်း၏အောက်တွင် Defocus Matte = 9, Shrink Matte = 2 လောက်စွဲတင်လိုက်ပါ။ အောက်ပါ အပေါ်ပုံနှင့် အောက်ပုံ
ကွဲပြားတာကိုတွေ့ရမည်။ ပြီးလျှင် View> Matte ကနေ View > Comp ပြန်ရွေးပါ။

၉။ နောက်ခံ ဗီဒီယိုထည့်ရန် လက်ရှိ Green Screen ဗီဒီယိုဖိုင်ကို Time Line 2/3 သို့စွဲတင်လိုက်ပါ။ အသံဖိုင် လည်း အောက် Time Line 2.3 သို့စွဲချလိုက်ပါ။ ပြီးလျှင် နောက်ခံထည့်မည့်ဗီဒီယိုဖိုင်ကို Time Line 1 တွင် ထည့်လိုက်ပါ။

အဆင်ပြေပါစေ
စောလင်းနက်စ်
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger