ကျနော် ဒီသင်္ခန်းစာမှာ Adobe Aftter Effect CS 6 ဖြင့် အရောင်ပြေးတဲ့ ကာရာအိုကေစာတန်းထိုးနည်းကို တင်ပြချင်ပါတယ်။ ဗီဒီယိုကျူတူရီယ်တွေနဲ့ တည်းဖြတ်ထားတာရှိပေမယ့် စာသားအနေနဲ့ လုပ်ပုံလုပ်နည်း တင်ပြချင်တဲ့စိတ်နဲ့ရေးခြင်းဖြစ်ပါတယ်။
၁။ မိမိတည်းဖြတ်သီချင်းကို ရွေးချယ်ပြီး Microsoft Office Word မှာဖြစ်စေ Notepad မှာဖြစ်စေ စာသား တွေကိုအရင်ရိုက်ထားလိုက်ပါ။
၂။ ပြီးလျှင် Adobe After Effect CS 6 ကိုဖွင့်လိုက်ပါ။ Project ၏ Width x High , Duration တို့ကို မိမိအ ဆင်ပြေသလိုထားနိုင်ပါတယ်။ Project ကနေ မိမိတည်းဖြတ်လိုသော သီချင်းကိုဖွင့်လိုက်ပါ။
၃။ ထိုနောက် ကျနော် တည်းဖြတ်မည့်သီချင်းကို Duration နဲ့ အကိုက်တစ်ခါတည်းယူလိုသည့်အတွက် Project ထဲက သီချင်းကို မောက်စ်ဖြင့်ဖိစွဲပြီး အောက်ပါ Creat New Composition အိုင်ကွန်သို့ စွဲထည့် လိုက်ပါ။
၄။ တစ်ဆက်တည်းမှာဘဲ ၎င်းတည်းဖြတ်မည့်သီချင်းတွင် ဗီဒီယိုဖိုင်ထည့်လိုပါက တစ်ခါတည်းမိမိကွန်ပျူတာ ထဲ ရှာဖွေဖွင့်ယူလိုက်ပါ။ ဒီမှာက သီချင်းနဲ့အရောင်ပြေးစာသားကိုသာအဓိကရေးလိုသည့်အတွက် ပုံတစ်ပုံကို သာထည့်သွင်းထားမှာဖြစ်တယ်။
၅။ ထိုနောက် ၎င်းသီချင်းကို အောက်မှာပြထားသောပုံအတိုင်း Work Area ကို လိုသလိုအကျဉ်း/အကျယ်ထား ပြီး သီချင်းကိုဖြတ်တောက်လိုသည့် အပိုင်းအစ-အဆုံးနားထောင်ပါ။ ပြီးလျှင် မိမိအရောင်ပြေးလိုသော သီ ချင်းတစ်ပုဒ်၏အစ/အဆုံးကို Space Bar ဖြင့်
Time Indicator ကို ရပ်ထားပြီး Num Lk က ခရေပွင့်ကိုနှိပ်၍ Marker သတ်မှတ်ပါ။
ထိုနောက် ၎င်း Marker သတ်မှတ်ချက်နှင့် သီချင်းသံအတိအကျရရန် Zoom နဲ့ Time Narvigator Bar ကို လိုသလိုချဲ့ယူပြီး ထပ်ကာနားထောင်ပါ။ ဒီနေရာမှာ လက်တွေ့လုပ်ဖို့လိုမည်။ လက်တွေ့လုပ်မှသိနိုင်သည်။
အောက်ပါကျနော်ပြုလုပ်ထားတဲ့ Marker နှင့် အသံပုံစံကို သေချာသတိပြုပါ။ ဒါနမူနာသာဖြစ်သည်။
ဆိုတော့ သီချင်းတစ်ပုဒ်၏ ပထမကျော့ပြီးသည့်အထိလုပ်ဆောင်ပါ။ ဒီနေရာမှာသင်္ခန်းစာအားဖြင့်သာ ပြလိုသည့်အတွက် သီချင်းအဖြတ်ငါးပိုက်လောက်သာရေးပြပါမည်။
၆။ ထိုနောက် Menu က Text Tool ကိုယူပြီး Video Display Screen ပေါ်တွင် ကလစ်တစ်ချက်နှိပ်၊ ပြီးလျှင် ခုဏ Microsoft Word က ရိုက်ထားသောစာသားတစ်ပုဒ်စာကို ကော်ပီယူပြီး မိမိတည်းဖြတ်မည့် Adobe After Effect CS6 သို့လာထည့်ပါ။
၇။ ၎င်းစာသားလေယာကို သီချင်းလေယာတွင် မိမိသတ်မှတ်ထားသော Marker နှင့်ကိုက်ညီရန် Zoom / Time Narvigator တို့ကို အကျဉ်း/အကျယ်ပြုလုပ်ပါ။ အဓိကကတော့ Zoom ကိုအပြည့်ချဲ့ပြီး မိမိအရောင် ပြေးမည့် သီချင်းနှင့်စာသားကို
ကိုက်/မကိုက်သေချာတိုက်ကြည့်ပါ။
ဒီသင်္ခန်းစာမှာ သီချင်းတစ်ပိုက်ချင်းစီကိုဘဲ အရောင်ပြေးအောင်လုပ်ပြသွားပါမယ်။
တကယ်တော့ သီချင်းနဲ့ စာသားတစ်ပုဒ်စီကို အကုန်လိုက်စီပြီး ၎င်းမူရင်းတစ်ပုဒ်စီ-စာသားအားလုံးကို (Ctrl + D) ဖြင့် ကော်ပီကူးပြီးမှ အရောင်ပြေးအောင် လုပ်ရင်လည်း ရတယ်ဆိုတာ သဘောပေါက်ထားစေချင်တယ်။
၈။ ကဲ ဆက်လုပ်ရအောင်… အပေါ် Menu က Retanggle Tool ကိုရွေးပြီး အောက်ပါစာသားကို Mask လုပ် ပေးပါ။ ဘယ်ဖက်က Mask Effect တွေ့ရမည်။ထိုနောက် Time Indicator တိုင်ကို စာပုဒ်အဆုံးမှာထာပါ။
ထိုနောက် ကီးဘုတ်ပေါ်က M နှိပ်လျှင် Mask Path တွေ့ရမည်။ ၎င်း၏ Toogle အဝိုင်းကိုနှိပ်ပြီး ကီးဖရိန် သတ်မှတ်ပါ။
ထိုနောက် Time Indicator တိုင်ကို စာသား၏ အစမှာပြန်ထားပါ။ ပြီးလျှင် Mask Path ကိုသာ ရွေးထားပြီး အပေါ်က Selcetion Tool ကိုရွေးကာ ဗီဒီယိုပြကွက်ပေါ်ရှိ Mask ကို မောက်စ်ဖြင့် စာသား၏အစမှာရွေ့လာ ပါ။ အောက်ပါပုံအတိုင်း…
၉။ ထိုနောက် ၎င်းသီချင်းအပိုက်ကို ပြုလုပ်ထားသော Mask နှင့်ကိုက်/မကိုက် Num Lock ဖက်က 0 Zero ကိုနှိပ်ပြီး ပြန်ကြည့်ပါ။ ဥပမာ … သီချင်းသံကရောက်ပြီး Mask ကနောက်ကျနေလျှင် သီချင်းသံရောက်တဲ့ နေရာတွင် Space Bar ဖြင့် Time
Indicator တိုင်ကိုရပ်နားထားပါ။ ပြီးလျှင် Maskpath ကိုရွေးချယ်ထားပြီး Selection Tool ဖြင့် Mask ဘောင်ကို သီချင်းသံ၏ စာသားပေါ်သည့်အထိရွေ့လာပါ။
အလားတူ ကျန်တဲ့သီချင်းသံနဲ့ စာသားမကိုက်ညီတဲ့အပိုင်းများကိုလည်း Mask ကီးဖရိန်ကို အောက်ပါအတိုင်း လိုက်ပြီးလုပ်ဆောင် ပါ။
၁၀။ အားလုံးပြီးလျှင် စာသားလေယာကို Ctrl + D ဖြင့် ကော်ပီကူးပါ။ ပထမစာသားလေယာတွင် ပါသော Mask ကို Delete လုပ်ပါ။
ပြီးလျှင် ကော်ပီစာသားလေယာကို မိမိနှစ်သက်ရာအရောင်ဖြင့်ထည့်ပါ။
ကျနော်ကတော့ Highlight ပြေးမည့်အရောင်ကို အဝါရောင်ဖြင့်ထားသည်။
၁၁။ ဒါဆို ပထမစာသားအပိုက်ကတော့ Highlight လုပ်တာပြီးပါပြီ ဒုတိယအပိုက်အတွက် ဆက်လုပ်ဖို့ ပထမစာသားလေယာ ၂-ခုတွင် Mask ဖျက်ထားသောအောက်ပထမစာသားလေယာကို Ctrl + D ဖြင့် ကော်ပီကူးပါ။
၎င်းရလာသောတတိယစာသားကော်ပီလေယာကို လေယာအပေါ်ဆုံးသို့ထားလိုက်ပါ။ ပြီးလျှင် Microsoft Office Word မိမိရိုက် ထားသော စာသားအပိုက်ကို ကော်ပီကူးပြီး Adobe After Effect တွင်ခုဏယူ ထား သော တတိယကော်ပီလေယာသို့ Paste လုပ်ပါ။
၎င်းတတိယစာသားလေယာကို အောက်ပါပြထားတဲ့အတိုင်း Work Area, Marker တို့ဖြင့်သတ်မှတ်ထား တဲ့ဘောင်အတွင်းကိုက်ညီအောင်ချိန်ညှိပါ။ Zoom, Time Narvigater တို့ကိုအသုံးပြုပါ။
ကျန်အစီအစဉ်လုပ်ဆောင်ချက်အားလုံးကို အဆင့် (၇)မှ အဆင့်(၁၀)အတိုင်းဆက်လက်လုပ်ဆောင်ပါ။
ကျန်စာပိုက်များအတွက်လည်း အထက်ပါအဆင့်များအတိုင်းလုပ်ဆောင်ကြည့်ပါ။
၁၂။ သီချင်းပထမအကျော့ပြီးသည့်အထိလုပ်ဆောင်ပါ။ ထိုနောက် သီချင်းဒုတိယအကျော့ကိုနားထောင်ပြီး သီချင်းပထမအကျော့က စာပိုက်များကို ကူးယူသင့်တာကော်ပီးကူးပါ။ ဒုတိယသီချင်းအကျော့စတင်မည့်နေရာတွင် Time Indicator ချပါ။ ပြီးလျှင် Paste လုပ်လိုက်ပါ။
အောင်မြင်ပါပြီး
စောလင်းနက်စ်
How to create Karaoke Highlight Text with Adobe After Effect CS6
Tuesday, February 1, 20220 comments
Related Articles
- အရာ၀◌တ္ထုတွေရှုပ်ထွေးတဲ့ Green Screen ကို ဗီဒီယိုဖိုင် အစားထိုးပြုလုပ်နည်း (Adobe Premiere CS6)
- Adobe Premiere Pro CS6 ဖြင့် Green Screen ပိတ်နောက်ခံထားပြီး ဗီဒီယိုအစားထိုး ဖန်တီးနည်း
- How to create Karaoke Highlight Text with Adobe Premiere CS6
- Virtual Home Studio Lesson (1) အောက်ပါဗာတျူရယ်ပုံကိုကြည့်ပြီး သတင်းခမ်းမဆောင် ဒီဇိုင်းပြုလုပ်နည်း (Adobe After Effect CS 6)
- Creating BBC World News Logo Design ( Adobe After Effect CS6)
- အရာဝတ္ထုပါသော Green Screen ဗီဒီယိုဖိုင်ကို နောက်ခံအစားထိုးပြုလုပ်ခြင်း Adobe After Effect CS6
Labels:
video editing,
Video Tutorial
Post a Comment