Mac OSX Lion Inspirat Skin လေးနဲ့ Window 7 မှာသုံးမယ်

Saturday, August 25, 20120 comments

Apple မ၀ယ်နိုင်လို့ Mac OS လှလှလေးတွေကို မသုံးနိုင်သောပုဂ္ဂိုလ်များအတွက် စိတ်ဖြေဆေးတစ်ခုပေးလိုက်
မယ်။ အဲဒါကတော့ Mac OSX Lion Inspirat Skin Pack ဖြစ်ပါတယ်။ ဒီ Skin Pack ကိုအသုံးပြုခြင်းဖြင့် Mac
OS အသုံးပြုရသလိုပါပဲ။ နောက်ပြီး ဒီ Skin Pack ဟာ Mac OSX Lion Inspirat ကို တစ်ထပ်တည်းဖြစ်အောင်
ရေးစွဲထားပါတယ်။
Mac OSX Lion Inspirat ဟာ အသုံးပြုရတာပေါ့ပါးတယ်။ ဒါပေမယ့် ဒီ skin ဟာ CusToPack Tool တွဲသုံးရ
တယ်။ ဒါကြောင့် install ထည့်သွင်းတဲ့အခါ Mac OSX Lion Inspirat ရယ် CusToPack Tool ပါ တွဲပြီးထည့်
ရမယ်။ အဲဒီမှာအားသာချက်တစ်ခုက မိမိစက်ကို ဘယ် skin ထားချင်လဲထားလို့ရတယ်။ ဥပမာ...Window
7 skin နဲ့လဲထားလို့ရတယ်။

ပြင်ဆင်အသုံးပြုနည်း...

Skin ကို ပြန်ပြီး Edit လုပ်ချင်တဲ့အခါ CusToPack Tool ကိုဖွင့်လိုက်ပါ။ အောက်ကပုံအတိုင်း Choose
CusToPack ကိုရွေးပါ။


ဒီဘောက်စ်မှာ မိမိကြိုက်တဲ့ Skin တစ်ခုခုကိုရွေးပြီး အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ Mac OSX Lion Inspirat
မောင်းထားတော့ သူ့ skin ကိုပဲသုံးမှာပေါ့။


ပြီးတော့ Mac OSX Lion Inspirat Skin ဖက်မှာ Background စသည်ပြင်ချင်တယ်ဆိုရင် အဲဒါကိုမျှားနဲ့
ထောက်၊ Edit this pack ကိုနှိပ်ပြီး ကြိုက်တာကိုပြင်ပါ။


အခုချိန်မှာတော့ Microsoft က Apple ကို နည်းပညာပိုင်းမှာနောက်ကျနေသလိုပဲ။ OS (Window,Linux,Mac)
သုံးမျိုးတွင် Mac OS က ပိုပြီးရှေ့ရောက်တယ်လို့ပြောလို့ရပါတယ်။ ကိုယ်ကပိုက်ပိုက်တတ်နိုင်လို့ကတော့ Apple
ကိုသာရွေးမယ်ဗျာ။ သို့သော် Apple Mac က ဘယ်လောက်ပင်ရှေ့သွားသွား Microsoft ကတော့ ကျနော်တို့
လူတန်းစားအလွှာအသီးသီးအသုံးပြုနိုင်အောင် ၀ယ်ယူရတဲ့ price reasonable ဈေးနှုန်းတွေအတွက် ပိုပြီးအ
ဆင်ပြေပါတယ်။ Apple လည်းအဲလိုသာလုပ်ပေးနိုင်လို့ကတော့ ပိုပြီးတော့ Steven Job ကျေးဇူးတင်ရမယ်။
ခုတော့ HDD GB 30, 60 လောက်ရှိတာကို Price က ဘတ်ငွေ အနည်းဆုံးသုံးသောင်း၊ လေးသောင်းဝန်းကျင်
လောက်ဆိုတော့ သာမန်လူတန်းစားတွေအတွက် မလွယ်ဘူးလေ။ GB 120 ဆို ဘတ်ငွေ အနည်းဆုံးငါး
သောင်းဆို စဉ်းစားသာကြည့်ပေါ့ဗျာ။

Microsoft သုံး PC Window OS တွေကတော့ HDD GB 500 ကို စက်အမျိုးအစားလိုက် ပျှမ်းမျှဈေးနှုံန်းက
ဘတ်ငွေ 16000 ၀န်းကျင်လောက်သာရှိတယ်လေ။ အဲဒါဆို ချိန်လို့ရပြီးပေါ့။ အားနည်းချက်၊ အားသာချက်
ကတော့ OS တိုင်းမှာရှိနေပါတယ်။ ကဲ နိဒါန်းပျိုးလိုက်တာရှည်သွားတယ်။

အောက်ကပေးတဲ့ဖိုင်တွေကို အရင်ဒေါင်းလိုက်ပါ။ Ziddu.com ကနေ ကျနော်တင်ထားတဲ့ဖိုင်က CusToPack
Tool နဲ့ Mac OSX Lion Inspirat ဖိုင်နှစ်ခုစလုံးပေါင်းထည့်ထားတယ်။ အဲဒါကိုဒေါင်းလိုက်ရင် ရပါပြီ။ သူတို့
မူရင်းဆိုက်ကနေ ဒေါင်းချင်တယ်ဆိုရင်လဲ အောက်ကလင့်ကနေဒေါင်းလို့ရပါတယ်။

ထည့်သွင်းပုံ...

၁။ CusToPack Tool ကိုအရင် install လုပ်ပါ။

၂။ ပြီးတော့ Mac OSX Lion Inspirat ကို ဆက်ပြီးတစ်ခါတည်း install လုပ်ပါ။ အင်စတော့လုပ်ပုံကတော့ ကျ
နော်မပြတော့ဘူး သူ့မှာ instruction အတိုင်းလိုက်လုပ်ရုံပါပဲ။

CusToPack Tool
Mac OSX Lion Inspirat
Ziddu (၂ -ခုစလုံးပါသည်)

စောလင်းနက်စ်
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger