Windows Password တွေကို အလွယ်တကူဖြုတ်မယ်

Friday, August 24, 20120 comments

ကျနော် Window Password တွေကို ဖြုတ်နိုင်တဲ့ဆော့ဝဲလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အရင်က Win
PW တွေကိုဖြုတ်နိုင်တဲ့နည်းလမ်းလေးတွေ တင်ပြခဲ့ပြီးသားဖြစ်ပါတယ်။ net user ဆိုတဲ့ cmd ကိုအသုံးပြုပြီး
Win PW တွေကိုချိန်းနိုင်သလို Trinity Rescue Kit ဆိုတဲ့ဆော့နဲ့ ဖြုတ်နည်းတွေကိုလည်းတင်ပြခဲ့ပါတယ်။
အရင်ကနည်းတွေထက် ပိုအသုံးတည့်မယ့် ဆော့ဝဲတစ်မျိုးထပ်တွေ့တော့ ၀ါသနာတူမိတ်ဆွေများထံ ထပ်ပြီး
မိတ်ဆက်ပေးရတာပေါ့။ မသိသေးသောပုဂ္ဂိုလ်များအတွက်ရည်ရွယ်ပါတယ်။


အသုံးပြုပုံကမခက်ပါဘူး...
ဆော့ဝဲကိုဒေါင်းပြီး rar ဖိုင်ကို ဖြည်လိုက်ပါ။ 5 MB လောက်ရှိတဲ့ iso image file တစ်ခုရလာမယ်။ အဲဒါကို CD
နဲ့ Burnလိုက်ပါ။ ပြီးတော့ ထုံးစံအတိုင်း Boot တက်ပါ။

၁။ Boot တက်လာတဲ့အဆင့်အတိုင်း ဒီအတိုင်းပဲကြည့်နေလိုက်ပါ။ နောက်ဘောက်စ်တစ်ခုမှာ User Name ဆိုတဲ့အောက်မှာ..
(1)Administrator
(2)Guest
(3)Admin (မိမိထားတဲ့ user အမည်) ဆိုပြီးပေါ်လာမယ်။ နောက်ပြီးအောက်မှာ
Please Enter Your Selection 1......3 or 0 quit ဆိုတာပြမယ်။ ဘယ်အကောင့်ရဲ့ ပတ်စ်ဝါဒ်ကို ဖျက်ချင်သလဲ။ Admin ကို ဖျက်ချင်ရင် 3 ကိုရိုက်ထည့်ပါ။

၂။ နောက်ဘောစ်တစ်ခုထပ်ပေါ်လာမယ်။ အဲဒီဘောက်စ်ရဲ့အောက်ဆုံးတွင် Reset 'Admin' password ? (y/n) ဆိုပြီး
ဖေါ်ပြမယ်။ အဲဒါကို y လို့ရိုက်ထည့်ပါ။

၃။ နောက်ဘောက်စ်မှာ နောက်ထပ်အကောင့်တစ်ခုကို password Reset လုပ်အုန်းမလားလို့မေးပါလိ့မ့်မယ်။ မိမိ PW
ဖျက်ချင်တဲ့အကောင့်ကို ဖျက်လို့ပြီးသွားပြီဖြစ်သည့်အတွက် No ပဲပေးလိုက်ပါ။

ပြီးတာနဲ့ စက်ကိုပြန်ပိတ်ဖို့ သို့မဟုတ် Restart ချဖို့ ကီးဘုတ်ပေါ်က key တစ်ခုခုကိုနှိပ်လိုက်ရုံပါပဲ။ ကဲ ပတ်စ၀ါဒ်ပြုတ်
သွားပါပြီး။

Download Win PW Remover:
Ziddu
Google Code

Trinity Rescue Kit or TRK နဲ့ Win PW ဖြုတ်နည်းကို ဒီမှာ ဖတ်ပါ။

net user (cmd) ကိုအသုံးပြုပြီး PW ချိန်းနည်း (၁) ကို ဒီမှာ ဖတ်ပါ။

net user (cmd) ကိုအသုံးပြုပြီး PW ချိန်းနည်း (၂) ကို ဒီမှာ ဖတ်ပါ။

စောလင်းနက်စ်
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger