How To Find A Wireless Password

Friday, August 31, 20120 comments

စီဘောက်စ်က ညီလေးတစ်ယောက်မေးလာတဲ့ ´Wireless ပတ်စ်ဝါဒ်ကို ဘယ်လိုပြန်ရှာမလဲ´ ဆိုတဲ့မေးခွန်းရဲ့
အဖြေလေးပါ။ ၀င်းဒိုးကနေ၀င်ရောက်ပြီး ကြည့်ရှုနိုင်တဲ့နည်းတွေတော့ရှိပါတယ်။ ဒါပေမယ့် အလွယ်ဆုံးဆော့
ဝဲကိုအသုံးပြုပြီး ကြည့်နိုင်တဲ့နည်းကိုပဲပြောလိုက်မယ်။ ဒီနည်းကတော့ wireless user account ရှိပြီးသားစက်
ကိုပြောတာနော်။ မိမိစက်က ၎င်းအသုံးပြုထားတဲ့ wireless router နဲ့ user account မရှိသေးဘူးဆိုရင် ဒီနည်း
အဆင်ပြေလိမ့်မယ်မဟုတ်ပါ။

ဒီနည်းက မိမိမသုံးပြုတဲ့ router နဲ့ wireless user account ရှိထားပြီး password ကိုမေ့လို့ ပြန်ကြည့်ချင်တဲ့
အခါ အသုံးပြုတဲ့နည်းဖြစ်ပါတယ်။ သဘောက ပတ်စ်ဝါဒ်က သိပြီးမှတော့ သူများကိုပေးသုံးချင်ရင် ပေးလို့ရပြီး
ပေါ့ဗျာ။
http://www.nirsoft.net/utils/wireless_key.html မှာတင်ထား wirelesskeyview ဆော့ဝဲနဲ့အသုံးပြုလိုက်
ရင် wireless password တွေကို အလွယ်တကူတွေ့နိုင်မှာဖြစ်ပါတယ်။ တစ်ခုရှိတယ်နော်။ မိမိ Wireless
Connection ကို Netgear, Belkin တို့လို ဆော့ဝဲမျိုးအသုံးပြုခဲ့မယ်ဆိုရင် ဒီ wirelesskeyview ဆော့ဝဲနဲ့ password တွေ တွေ့နိုင်မှာမဟုတ်ပါ။ ဆော့ဝဲက portable ဆိုတော့အသုံးပြုရတာလွယ်ပါတယ်။ ကလစ်နှစ်
ချက်ခေါက်လိုက်တာနဲ့ အောက်ပါပုံအတိုင်း …

Network Name
Key Type
Key (Hex)
Key (Ascii) တို့ပေါ်မှာဖြစ်ပါတယ်။


အဲဒါဆို Key (Ascii) ဆိုတာ လက်ရှိမိမိသုံးနေတဲ့ wireless password ပဲ။အဲဒါကိုယူပြီး wireless connection
ရအောင် အသုံးပြုလို့ရပါပြီ။

Download Link:
32 bit
64 bit
မူရင်းလင့်

စောလင်းနက်စ်
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger