အားလုံးမင်္ဂလာပါ...ကျနော်လည်းကွန်နက်ရှင်းမကောင်းနေရာရောက်တော့ ပို့စ်တွေလည်းလိုသလိုတင်လို့အဆင်မပြေ
တော့ဘူး။ ဒါပေမယ့် လိုင်းကောင်းတဲ့အချိန်ဆိုရင် လိုအပ်တဲ့ပို့စ်တွေကြိုးစားတင်ပေးသွားမှာဖြစ်ပါတယ်။
အခုလည်း ၀င်းဒိုးအင်စတောလေးရှင်းပြုလုပ်သောပုဂ္ဂိုလ်များအတွက် လိုအပ်တဲ့ NET Framework 3.5 ကို အင်တာ
နက်မရှိတဲ့နေရာတွေမှာ အဆင်ပြေအောင်လုပ်နည်းကို ဝေငှပေးခြင်းဖြစ်ပါတယ်။ Window 8. 8.1 Installation ပြု
လုပ်သောပုဂ္ဂိုလ်များအနေနဲ့ ဒီ NET Framework 3.5 မဖြစ်မနေဖြေရှင်းရမည့်ပြဿနာတစ်ခုဖြစ်ပါတယ်။ အင်တာနက်
ရှိတဲ့နေရာမှာ ဖြေရှင်းရတာလွယ်ကူပေမယ့် နက်မရှိတဲ့နေရာတွေမှာ နည်းလမ်းမသိထားရင် အခက်ကြုံနေမှာဖြစ်ပါ
တယ်။
NET Framework 3.5 Offline အင်စတောထည့်နည်းကတော့ Window 8 or 8.1 DVD Disc ကို DVD Driver မှာ
ထည့်သွင်းလိုက်ပါ။ အကယ်၍ USB Memory Stick နဲ့ဆိုလည်း ၎င်း port ကိုထည့်သွင်းလိုက်ပါ။ ၎င်းဒရိုက်အက္ခရာ
အသီးသီးကိုမှတ်ထားပါ။
ထိုနောက်ကျနော်ပေးထားတဲ့ NET Framework 3.5 ဆော့ဝဲကိုဒေါင်းပြီး Run as Administrator ဖြင့် မောင်းပါ။
အောက်ပါပုံအတိုင်း Installation Sources တွင် အထက်ပါ ဒရိုက်အက္ခရာတွေကိုရွေးပြီး Start Installation ကို
နှိပ်ပါ။ ခဏစောင့် ပြီးလျှင် အောက်ပါအမဲကွက်တွင် Complete Installation ဆို ပြပါလိမ့်မည်။
ိDownload NET Framework 3.5
NET Framework 3.5
အသေးစိတ်သိလိုလျှင် အောက်ပါလင့်အတိုင်းသွားပါ....
http://www.askvg.com/
+ comments + 1 comments
ကိုစောလင်းနက်စ်ခင်ဗျာ ကျွန်တော် ဝင်းဒို ၈.၁ မှာ အော်တိုကတ် အင်စတောလ်လုပ်တာ
The program can't start because LiteHtml.dll is missing ပြနေပါတယ်
ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ တဆိတ်လောက်ပြောပြပေးလာခင်ဗျာ
Post a Comment