စက်တစ်လုံးက Driver Detect လုပ်ပေးတပေးတဲ့နေရာမှာ ကွဲပြားမှုတွေရှိတတ်ပါတယ်။ တစ်ချို့ကလွယ်ပြီး တစ်ချို့ကချိတ်
ဆက်မှုတွေခက်တယ်။ ဥပမာ တစ်ချို့လက်ပ်တော့ပ်က Window အင်စတော့ထည့်သွင်းပြီးတာနဲ့ Driver တွေအော်မက်တစ်
ချိတ်ဆက်ပြီးသားဖြစ်ပါတယ်။ သို့သော်တစ်ချို့စက်ကျတော့ Driver ကို အော်တော်မက်တစ်မချိတ်ဆက်ပေးနိုင်ပါဘူး။
Driver Pack တွေနဲ့ဖြေရှင်းပေမယ့် အဆင်မပြေပါဘူး။ ကိုယ့်မှာလဲ Driver ရှိမနေဘူးဆိုလျှင် ကျနော်တို့ အင်တာနက်
ဂူးဂဲလ်တွေကို အကူအညီယူရမှာသေချာတယ်။ ဒီကြားထဲ တစ်ချို့စက်အတွက် Driver အလွယ်တကူရှာပြီးဒေါင်းနိုင်ပေ
မယ့် တစ်ချို့မော်ဒယ်လ်အတွက် အတော်ကိုရှာပြီးဒေါင်းရတာခက်တယ်။ အဲဒီအတွက် မသိသောပုဂ္ဂိုလ်များအတွက်
ဒီဒရိုက်ဘာရှာပြီးဒေါင်းနိုင်တဲ့နည်းကို ညွန်းချင်လို့ပို့စ်တင်ခြင်းဖြစ်ပါတယ်။
Driver Download ရန်အတွက် System Model ၊ Service TAG ၊ Express Service Code တို့ကို အရင်မှတ်ထားရမယ်။
System Model အတွက် ....
ကီးဘုတ်ပေါ်က Win + R တွဲနှိပ်ပြီး Run ဘောက်စ်ကိုဖွင့်ပါ။ ထိုတွင် dxdiag ကိုရိုက်ထည့်ပြီး Enter ခေါက်။
System Information Direct Box ပွင့်လာမည်။ အဲဒီစာမျက်နှာတွင် System Model = Number, code တွေကိုမှတ်
ထားပြီး အင်တာနက်မှာရှာပြီးဒေါင်းလုဒ်ပါ။
Service TAG ၊ Express Service Code အတွက်ရှာရန်..
ကွန်ပျူတာဟန်းစက်ရဲ့ အောက်မှာပါတဲ့ Service TAG နဲ့ Express Service Code မှတ်ထားပါ။ အောက်ပါပုံအတိုင်း
ကြည့်ပြီး ရယူနိုင်ပါတယ်။
Service TAG နဲ့ Express Service Code မှတ်ထားပြီး အင်တာနက်ပေါ်မှာ ဆိုင်ရာစက်အမျိုးအစားလိုက်ရှာဖွေဒေါင်း
ယူနိုင်ပါတယ်။
Post a Comment