Samsung Galaxy Tab 3 10.1 P5200/P5210 Root ဖေါက်နည်း

Sunday, January 5, 20143comments


Mobile, Tablet တွေနဲ့ပတ်သက်လျှင် ကျနော်ပို့စ်တင်လေ့သိပ်မရှိပါဘူး။ အဲဒီပစ္စည်းနဲ့ပတ်သက်ပြီး အကောင်းစားတွေ
ကျနော်မသုံးနိုင်တာလဲ ပါတာပေါ့။ အခုမိတ်ဆွေတစ်ယောက်က Samsung Galaxy Tab 3 ၀ယ်လာပြီး Root ဖေါက်ခိုင်း
တော့ လုပ်ပေးရတဲ့သဘောပါ တတ်လို့မဟုတ်ဘူးဗျ။ ပြောလိုက်ပါတယ်။ ပျက်ရင် တာဝန်မယူဘူးနော်။ ကျနော်က
သူသုံးတာထက် စမ်းသပ်ရတာကို ပိုသဘောတွေ့တယ်။

ဒါကြောင့် Samsung GalaxyTab 3 10.1 P5200/P5210 အတွက် Root ဖေါက်လို့ ရလာတဲ့အတွေ့အကြုံကိုပြန်လည်
ဝေငှချင်ပါတယ်။ ဓာတ်ပုံက မကြည်ဘူးဗျာ။ ကျနော် Root ဖေါက်တုန်းက ဓာတ်ပုံမရိုက်ထားမိဘူး။ အခုပုံတွေက ဗွီဒီ
ယိုဖိုင်ကနေ Captureဖမ်းပြီး ပုံအနေနဲ့ပြန်လုပ်ထားတာပါ။ Root ဖေါက်နည်းကတော့ အခြားနည်း၊ ဒီထက်ကောင်းတဲ့
နည်း၊ ဒီထက်လွယ်တဲ့နည်းတွေလဲ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ကျနော်ကတော့ ကိုယ်တိုင်စမ်းသပ်ထားတဲ့နည်း
ကိုပဲ စာဖတ်မိတ်ဆွေများကို ဝေငှခြင်းဖြစ်ပါတယ်။

Samsung Galaxy Tab 3 10.1 P5200/P5210 ကို Root ဖေါက်ဖို့အတွက် လိုအပ်တဲ့ Application တွေကို အရင်
ဒေါင်းထားလိုက်ပါ။

1. SAMSUNG_USB_Driver_for_Mobile_Phones_v1.5.25.0-retail.exe
2.Odin3-v3.07.zip
3.bindroid_cwm_p5210_santos10wifi.zip(Recovery.tar.md5)
4.Root For Samsung Galaxy Tab 3.zip

အထက်ပါ application များဒေါင်းထားပြီးဆိုလျှင် Zip, Rar ဖိုင်အားလုံးဖြည်ထားလိုက်ပါ။ Odin 3.07 နဲ့ Recovery.
tar.md5 တို့ကို ကွန်ပျူတာ ဒက်စ်တော့ပ်မှာထားထားပါ။ root ကတော့ Samsung SD Card မှာထည့်လိုက်ပါ။

(လင့်များဒေါင်းလို့မရရင် အဆင်မပြေရင် ပြန်ပြောပါ)

Samsung Galaxy Tab 3 10.1 P5200/P5210 ကို Root ဖေါက်နည်း

အရင်ဆုံး Tablet ၏ USB Cable ကြိုးကို မိမိကွန်ပျူတာနဲ့ ချိတ်ဆက်ထားလိုပါတယ်။ ပြီးလျှင် Tablet ၏ Setting> User Developer> Debugging ကို အမှန်ခြစ်ထားပါ။ Tablet ၏ USB Driver က မိမိအသုံးပြုမည့်ကွန်ပျူတာနဲ့
connect ကွန်နက်ဖြစ်မဖြစ်ကို DeviceManager ကနေ၀င်ရောက်စစ်ဆေးပါ။ အခုနောက်ပိုင်း Window 7,8,8.1
များနဲ့ ဗားရှင်းမြင့် Samsung Galaxy Tab များဟာ အော်တိုမက်တစ် ကွန်နက်ဖြစ်တာများပါတယ်။ အကယ်၍
ကွန်နက်မဖြစ်ဘူးဆိုလျှင် အထက်ကကျနော်ပေးလိုက်တဲ့ SAMSUNG_USB_Driver_for_Mobile_Phones ကို
ဒေါင်းပြီး အင်စတောလုပ်လိုက်ပါ။ ကျနော်စက်မှာတော့ အောက်မက်တစ်ဒီထက်ဖြစ်သည့်အတွက် ၎င်း ဒရိုက်ဘာ
ကိစ္စကို ဖြေရှင်းစရာမလိုတော့ပါ။ ဒရိုက်ဘာကိစ္စကိုဖြေရှင်းထားပြီးဆိုလျှင် Root ဖေါက်တဲ့ကိစ္စကို ဆက်ရအောင်

၁။ Boot ထဲကိုဝင်ရန်အတွက် မိမိ Tablet ၏ Volume Down နဲ့ Power တွဲနှိပ်ပြီး ခဏဖိထားလိုက်ပါ။
အောက်ပါပုံအတိုင်းပေါ်လာလျှင် ဖိထားတာကိုလွတ်လိုက်ပါ။


၂။ Download Mode ဆက်လုပ်ရန်အတွက် Volume Up ခလုတ်ကိုနှိပ်ပါ။ အေက်ပါပုံအတိုင်းတွေ့ရမည်...


၃။ ထိုနောက်မိမိကွန်ပျူတာထဲက Odin 3 ကို Run As Administrator နဲ့ဖွင့်လိုက်ပါ။ အောက်ပါပုံအတိုင်း
တွေ့ရပါမည်...

၎င်းပုံထဲမှာ ကျနော်ကွင်းထားတဲ့အတိုင်း PDA ကိုတစ်ချက်နှိပ်ပြီး ခုဏက ဒက်စ်တော့ပေါ်မှာတင်ထားတဲ့
Recovery.tar.md5 ကိုမှန်အောင်ရွေးပါ။ ပြီးတော့ Auto Boot , F.Reset.time တို့၏အမှန်ခြစ်ကို ဖြုတ်
ထားပါ။ PDA ၏လေးဒေါင့်ကွက်ကို အမှန်ခြစ်ပြီး အောက်ခြေက Start ကိုနှိပ်ပါ။ Recovery ကိုပြီးလျှင်
၎င်း Odin 3 ဆော့ဝဲတွင် Pass ဆိုတာကို တွေ့ရမှာဖြစ်ပြီး

tablet မှာတော့ အောက်ပါပုံအတိုင်းတွေ့ရမှာဖြစ်ပါသည်။


၎။ အထက်ပါအဆင့်ပြီးသွားလျှင် USB Cabel ကြိုးကိုဖြုတ်လိုက်ပါ။ အောက်ပါအတိုင်း...


၅။ ဒီအဆင့်က tablet ကို Reboot ပြန်လုပ်ရန်ဖြစ်ပါတယ်။ Power နဲ့ Volume Up တို့ကိုတွဲဖိနှိပ်ထားပါ။


၆။ Reboot ပြန်တက်လာလျှင် "install zip from sdcard" ကိုရွေးပြီး Power Bottom ကိုနှိပ်ပါ။


၇။ ထိုနောက် "choose zip from sdcard" ကိုရွေးပြီး Power Bottom ကိုနှိပ်ပါ။


၈။ ပြီးတော့ -Root.Zip ကိုဆက်ရွေးပါ။


၉။ နောက်ဆုံးတစ်ခုမှာ yes-Install-Root-Zip ဆိုတာကိုရွေးပါ။


၁၀။ Install-Root လုပ်ဖို့ခဏစောင့်ပါ။ အောက်ပါပုံအတိုင်းတစ်ဆင့်ချင်းပေါ်လာကိုတွေ့ရမှဖြစ်ပြီး အားလုံး
ပြီးလျှင် Install from SD Card Complete စာတန်းပေါ်လာမှာဖြစ်ပါသည်။

ဒါဆိုလျှင် ကျနော်တို့ Samsung Galaxy Tab 3 10.1 P5200/P5210 Root ဖေါက်တာအောင်မြင်သွားပါပြီ။

Main Boot Menu ကိုပြန်သွားပြီး Reboot Now ဆိုတာကို နှိပ်လိုက်တာနဲ့ Samsung Galaxy Tab 3 ကျသွား
ပြီး ပြန်တက်လာလျှင် Root ဖေါက်တာအောင်မြင်သွားပြီးလို့ဆိုရပါမယ်။ ကျန်တဲ့ Applicatons, Myanmar Font
ထည့်သွင်းဖို့အတွက် ကိုယ့်ကိုပဲ ဆက်လုပ်ကြပေတော့....

လိုလိုမယ်မယ်မြန်ဖေါင့်နဲ့ မြန်မာကီးဘုတ်အတွက်ဒေါင်းလုဒ်ရန်...
MyanmarFont.Changer
Bagan Keyboard Pro 1
FrozenZawgyiKeyboard

အဆင်ပြေပါစေ...
စောလင်းနက်စ်
Share this article :

+ comments + 3 comments

March 11, 2014 at 9:23 PM

http://www.blogger.com/Root%20For%20Samsung%20Galaxy%20Tab%203.zip
ဒီလင့်ခ်မှာ error 404 ပေါ်နေပါတယ်။ အားကိုတကြီးလုပ်တာ ကွန်နက်ရှင်ကြောင့် နှစ်ရက်ကြာသွားပါတယ်။

April 21, 2014 at 9:42 AM

i can't download the last one!plese,tell me how to get tha last one,thanks!

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger