Optical CD/DVD Drive မပါသော Samsung Laptop မှာ Boot Option ချိန်းနည်း

Friday, January 3, 20140 comments

ကျနော်အခုတင်ပြချင်တာက Optical CD/DVD Drive မပါသော Samsung Laptop မှာ Boot Option ချိန်းနည်းလေးပါ။
အခုနောက်ပိုင်းတစ်ချို့ Samsung Notebook Handset တွေမှာ ဘော်ဒီပါးပါးလေးနဲ့ CD/DVD Drive မပါတာများတယ်။
အဲလို CD/DVD Drive မပါသော Samsung Notebook Handset တွေမှာ Window Reinstall ပြန်လုပ်ချင်တယ်ဆိုရင်
သေချာပေါက် External USB CD/DVD ဒါမှမဟုတ် USB Memory Stick (USB HDD, Removeable Disk) နဲ့ အသုံးပြု
ရပါလိမ့်မယ်။

သို့သော် ဒီ CD/DVD Drive မပါသော Samsung Notebook Handset တွေမှာ Boot Option ထိုင်ပုံက နည်းနည်းထူး
ခြားတယ်လို့ပြောရမယ်။ ဘာဖြစ်လဲဆိုတော့ ပုံမှန်ဆိုရင် Boot Option မှာ First Boot, Second Boot ...(ဒါမှမဟုတ်)
1. HDD Hard Disk, 2.CD/DVD Drive, 3. USB HDD စသည်ဖြင့် တွေ့ရမှာဖြစ်ပါတယ်။ အဲလိုဆိုရင် Boot Option
ချိန်းရတာ အခက်အခဲမရှိနိုင်ပါဘူး။

အခု CD/DVD Drive မပါသော Samsung Notebook Handset တွေမှာ Boot Option က အဲလိုမထိုင်ပါဘူး။ ချိန်းရ
တာ အတွေ့အကြုံမရှိသေးသောပုဂ္ဂိုလ်များအတွက် အခက်အခဲရှိမှာသေချာပါတယ်။ ဒါကြောင့် ဒီ Boot Option ချိန်း
နည်းကို မသိသေးသောပုဂ္ဂိုလ်များအတွက် ဝေငှပေးခြင်းဖြစ်ပါတယ်။

အဆင့် (၁)

ကဲ...ထုံးစံအတိုင်း Window Reinstall ပြုလုပ်လိုသောပုဂ္ဂိုလ်များအနေနဲ့ USB CD/DVD Drive (သို့မဟုတ်) USB
HDD စက်မှာတပ်လိုက်ပါ။ Laptop Brand အများစုကတော့ Boot Setup ၀င်ဖို့ ကီးဘုတ်ပေါ်က F2 နှိပ်ပါ။ HP Brand
ဆိုလျှင် ကီးဘုတ်ပေါ်က F10 နှိပ်ပါ။ အောက်ပါပုံအတိုင်း Boot Setup Menu ရောက်ပြီးဆိုလျှင်...

Advanced ကိုရွေးပြီး Fast BIOS Mode ကို ရွေးပြီး Enter ခေါ်က်ပါ။ ပြီးလျှင် Disabled ကိုရွေးပါ။ ထိုနောက် ကီးဘုတ်
ပေါ်က Esc ကိုနှိပ်ပြီး Boot Menu ပြန်သွားပါ။

အဆင့် (၂)
Boot Menu တွင် Boot ကိုရွေးပါ။ အောက်ပါပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။

ဒီပုံမှာကြည့်လိုက်ရင် အရင်ကပုံမှန် Boot Option Priorityies ကိုရွေးပြီး Enter ခေါက်လိုက်တာနဲ့ အထက်ကဆိုခဲ့တဲ့
အတိုင်း First Boot, Second Boot ...တွေ့ရမှာမဟုတ်ပါ။ ဆိုတော့ USB Boot ရွေးဖို့အတွက် Boot Option ကိုရွေး
ပြီး Enter ခေါက်ပါ။ ဒီနေရာမှာ
Window Boot Manager.....
Disabled ဆိုပြီး နှစ်ခုတွေ့ရမယ်။
ထိုနောက်ပေါ်လာသောဘောက်စ်တွင် Disabled ရွေးပါ။ ပြန်ထွက်ဖို့ Esc ကိုနှိပ်ပါ။

အဆင့် (၃)
တစ်ဆက်တည်းပဲ ၎င်း Boot Option အောက်က Secure Boot ကိုနှိပ်ပြီး Disabled ကိုရွေးပါ။

အဆင့် (၄)
၎င်း Secure Boot အောက်က OS Mode Selection ကိုရွေးပြီး Enter ခေါက်ပါ။ ၎င်းပေါ်လာသော Menu တွင်
CSM OS
UEFI OS
CSM OS and UEFI OS ဆိုပြီးတွေ့ရမည်။ အထူးသတိပြုရန်မှာ...CSM OS သည် USB Port အတွက်ဆိုလို
တာပါ။ UEFI OS သည် HDD Hardisk အတွက်ဆိုလိုခြင်းဖြစ်သည်။ ထို (၃)မျိုးတို့တွင် CSM OS ကိုရွေးပြီး
Enter ခေါက်ပါ။

အားလုံးပြင်ဆင်ပြီးလျှင် ကီးဘုတ်ပေါ်က F10 ကှိုနှိပ်ပြီး Enter ခေါက်လိုက်ရင် USB Port ကနေ Window တွေ
တင်လို့ရပါပြီခင်ဗျာ။

Boot မလည်အောင် (၀ါ) အစဉ်တကျဖြစ်အောင်ပြန်ထားနည်း....

မပြီးသေးဘူးနော် ထပ်ပြီးပြောလိုက်အုန်းမယ်...Window Installation အဆင့်ရောက်လို့ ပထမကွန်ပျူတာ Restart
ကျတာနဲ့ Boot Setup Menu ကိုပြန်ဝင်ပါ။ အထက်ကဆိုခဲ့တဲ့အတိုင်း Boot Menu > Advanced> Fast Boot Mode
ကို Enabled ပြန်ရွေးပါ။

ထိုနောက် Boot Menu > Boot > Secure Boot အောက်က OS Mode Selection ကိုရွေးပြီး Enter ခေါက်ပါ။ UEFI OS ကိုရွေးထားလိုက်ပါ။

Secure Boot ကိုရွေးပြီး Enter ခေါက်။ ထိုတွင် Enable ကိုပြန်ရွေးပါ။
Boot Option Priorityies > Boot Option ကိုရွေးပြီး Enter ခေါက်။ Window Boot Manager.....ပြန်ရွေးပြီး Enter
အားလုံးပြီးလျှင် ကီးဘုတ်ပေါ်က F10 ကိုနှိပ်ပြီး Enter ခေါက်လိုက်ရင် Window Installation လုပ်ငန်းစဉ်တွေကို
ဆက်လုပ်ဆောင်ပါလိမ့်မယ်။

အဆင်ပြေပါစေ...
စောလင်းနက်စ်
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger