Sony Vegas Pro များ ဖူးဗားရှင်းဖြစ်အောင်လုပ်နည်း

Tuesday, February 19, 20130 comments


Sony Vegas Pro များအတွက် Activate full version ဖြစ်အောင်လုပ်နည်းလေးကို မသိသေးသော လိုအပ်သောညီနောင်များအတွက် ရေးပေးလိုက်မယ်။ ကျနော်ခံယူထားတာက "မိမိသိတဲ့အရာတစ်ခုကို အခြားသူ များသိအောင်" လုပ်ထားရင် ပိုပြီးအကျိုးများတယ်လို့ ယူဆတာကြောင့် နည်းပညာတစ်ခုကိုရတိုင်း အမြဲဝေငှသည် မှာ လုပ်ရိုးလုပ်စဉ်လို့ပြောရမယ်။

 Sony Vegas Pro ဟာလဲ video editing tool တွင် user တွေအကြိုက် video edit ဆော့ ၀ဲတစ်ခုဖြစ်ပါတယ်။ ကျနော်ပင်တိုင်ကိုင်တဲ့ဆော့ဝဲကတော့ corel video studio ဖြစ်ပါတယ်။ လိုအပ်ရင် တော့ PowerDirector , Sony vega, DVD Creator တို့ကိုအသုံးပြုတယ်။ Premiere ကတော့ အသုံးပြုရတာ လက်ဝင်လေတော့ ကျနော်သိပ်စိတ်ကြိုက်မဖြစ်ဘူး။ အဲဒါကို tutorial ကျနော်ရေးခဲ့ပြီးသားပါ။ လိုအပ်ရင် ပြန်လေ့လာကြည့်ပါ။ Video editအတွက် ကျနော်ရေးခဲ့တဲ့ tutorial များတွင် Basic Pre miere, After Effect, Corel Video Studio အခြေခံလေးများဖြစ်ပါတယ်။ ကျနော်ရေးခဲ့တာလေး တွေကို အထက်ပါဆိုခဲ့တဲ့အတိုင်းပါပဲ ကုသိုလ်ပညာပါရမီအတွက်သာဖြစ်ပါတယ်။ နောက်ပြီး လိုအပ်တဲ့ပုဂိုလ်များ အတွက်ရည်စူးပါတယ်။

အခုလဲ Sony Vegas Pro ဖူးဗားရှင်းအဖြစ်သုံးချင်တဲ့ပုဂိုလ်များအတွက် လုပ်နည်းကိုထပ်မံဖေါ်ပြလိုက်တယ်။ ဒါလဲရေးထားတာ တစ်ပုံတစ်ခေါင်းကြီးရှိပေမယ့် ကျနော်က ကိုယ်တိုင်လုပ်တွေ့လုပ်ဆောင်ပြီးမှ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပြန်ပြီးရေးပြခြင်းဖြစ်ပါတယ်။ ကဲ...လုပ်ကြည့်ရအောင်...

Sony Vegas Pro များ ဖူးဗားရှင်းဖြစ်အောင်လုပ်နည်း 
 (ပုံနဲ့မထည့်တော့ဘုး။ အဆင်ပြေမယ်ထင်ပါတယ်)

၁။ မိမိကြိုက်တဲ့ Sony Vegas Pro 32 bit , 64 bit တစ်ခုခု အင်စတောထည့်သွင်းလိုက်ပါ။

 ၂။ အင်စတောထည့်သွင်းပြီးဆိုလျှင် အဲဒီပရိုဂရမ်ကို မဖွင့်လိုက်ပါနဲ့ (ပိတ်ထားလိုက်ပါ)

 ၃။ Keygen ကို Administrator အဖြစ်နဲ့ ဖွင့်လိုက်ပါ။

 ၄။ ဒီအဆင့်ကကီးဂျင်တွေမှာ 1,2,3 စသည်ဖြင့်တက်လာရင် ခဏစောင့်ပြီး continue ကိုနှိပ်။

 ၅။ အဲဒီ Keygen အထဲမှာ တစ်ခြားဗားရှင်းတွေတော်တော်များတွေ့မယ်။ "Vegas Pro 10 (32 and 64 bit) Series" ဆိုတာကိုရွေးပါ။

၆။ ပြီးတော့ အောက်က Generate ကို လိုချင်တဲ့ကီးတွေကိုမောက်စ်နဲ့နှိပ်ထားလိုက်ပါ။

၇။ နောက်ပြီး အောက်က Patch ကိုနှိပ်ပြီး ပေါ်လာတဲ့ဘောက်စ်တွင် "C:\Program Files\Sony\Vegas Pro 10.0" ထိ Directory ရောက်အောင်သွားပြီး "Vegas Pro 10.0"ရွေးပါ။ ပြီးတော့ OK ကိုနှိပ်လိုက်ပါ။
 (patching လုပ်တာတွေ့ရပါလိမ့်မယ်။ ခဏစောင့်ပါ)

 ၈။ ခုဏ Generate လုပ်ထားတဲ့ Serial Number နဲ့ Activation Code တွေကို ကော်ပီယူပြီး Notepad မှာ paste ချလိုက်ပါ။ ပြီးလျှင် ကီးဂျင်ကို ပိတ်လိုက်တော့။

၉။ စက်မှာ အင်စတောထည့်သွင်းထားတဲ့ "Sony Vegas Pro 10.0" ဖွင့်လိုက်ပါ။ Next ကိုဆက်နှိပ်ပါ။ Serial Key ထည့်ရမည့်ဘောက်စ်ပေါ်လာမည်။

၁၀။ ခုဏက Notepadတွင် Serial Number ကိုကော်ပီယူပြီး ၎င်းဘောက်စ်မှာ paste ထည့် Next ကိုနှိပ်။

 ၁၁။ Register ဘောက်စ်ပေါ်လာရင် Register on another computer ကိုနှိပ်ပြီး အဲဒီထဲမှာ ဘာမှမပြင်နဲ့ အောက်က လေးထောင့်ကွက်အမှန် ဒုတိယကွက်ကိုတစ်ခုနှိပ်ပြီး Next ကိုဆက်နှိပ်ပါ။

၁၂။ Activation Code ထည့်ဖို့ ဘောက်စ်ပေါ်လာမည်။ ခုဏ Notepad တွင် ထားတဲ့ Activation Code ကိုကော်ပီယူပြီး ဒီဘောက်စ်မှာလာထည့်ပါ။ ပြီးရင် Next Finish ကိုနှိပ်လိုက်ရင် ဖူးဗားရှင်းလုပ်တာ အောင်မြင်သွားပြီးဖြစ်ပါတယ်။

(ကျန်တဲ့ sony vega ဗားရှင်းတွေလဲ ဖူးလဲဗားရှင်းဖြစ်အောင်လုပ်နည်းကဒီအတိုင်းပါပဲ)

 Dwonlaod Link :
 Sony Vegas Pro 10 32 bit
Sony Vegas Pro 10 64 bit
Sony Vegas Pro 10 Keygen-Googel Code
Sony Vegas Pro 10 Keygen-solidfiles
Sony Vegas Pro 10 Keygen-zippyshare

အဆင်ပြေပါစေ...
စောလင်းနက်စ် 
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger