Windows 8 မှာ .NET Framework 3.5 ပြဿနာဖြေရှင်းနည်း

Saturday, February 23, 20130 comments

Window 8 အင်စတောထည့်သွင်းအသုံးပြုရင် အဓိကတွေ့ရမည့်ပြဿနာက .Net Framework တို့ပါပဲ။ .Net Framework ဆိုတာ နောက်ပိုင်းဝင်းဒိုးမှာ ဆော့ဝဲပရိုဂရမ်တွေထည့်သွင်းရင် အင်တာနက်ကနေတစ် ဆင့် ၀ယ်ယူအသုံးပြုဖို့ရေးစွဲထားတဲ့ feature coding တစ်ခုဖြစ်ပါတယ်။ ဆိုလိုတာက ဆော့ဝဲပရိုဂရမ် တွေကို တရားဝင် (official) အသုံးပြုရမှ အဆင်ပြေမယ့်သဘောပေါ့။ အခု Window 8 ကို အင်စ တော့ထည့်သွင်းပြီး အသုံးပြုရင်တွေ့ရမည့်အဓိကပြဿနာက ဆော့ဝဲတွေအင်စတောလုပ်တော့မည်ဆိုလျှင် .Net Framework 3.5 မရှိဘူးလို့ error Message တက်လာခြင်းဖြစ်ပါတယ်။

Window 8 မှာ .Net Framework (၂) မျိုးရှိတယ်။
 (1).Net Framework 4.5 (Window Operation မှာ Automatic ပါလာသည်)
 (2) .Net Framework 3.5 (Window Operation မှာ Automatic မပါ)

အဲဒီနှစ်မျိုးတွင် (2).Net Framework 3.5 အော်တိုမက်တစ်ပါမလာသည့်အတွက် တစ်ချို့ဆော့ဝဲပရိုဂ ရမ်ထည့်သွင်းလိုက်တာနဲ့ an app your pc needs the following window feature ဆိုပြီး တက်လာမယ်။ အဲဒါဆို ဖြေရှင်းရမည့်နည်းလမ်းတွေကို http://msdn.microsoft.com/ မှာ ရေး ထားတာတွေ့လိုက်တယ်။ အဲဒီဖြေရှင်းမယ့်နည်းလမ်းတွေထဲမှာ CMD (Command Line) ဖြေရှင်းတဲ့ နည်းကို မရေးပြတော့ပါဘူး။

(၁)Prompt for installing the .NET Framework 3.5 on demand နဲ့ ဖြေရှင်းတဲ့နည်း

(၂)Turning Windows features on or off in Control Panel ဖြေရှင်းတဲ့နည်း နှစ်ခု ကိုလေ့လာရအောင်... အထက်ပါနည်း (၂)ခုစလုံးဟာ ဖြေရှင်းဖို့အတွက် Internet Connection လိုအပ်မှာဖြစ်ပါတယ်။

Prompt for installing the .NET Framework 3.5ondemand ဖြေရှင်းတဲ့နည်း

 ဆော့ဝဲအင်စတော့ထည့်သွင်းလိုက်တာနဲ့ အောက်ပါ Prompt for installing the .NET Frame work 3.5 on demand ပေါ်လာရင် Install Feature ဆိုတာကိုနှိပ်လိုက်ပါ။ လိုအပ်တဲ့ဟာတွေ ကို Download ပြီး အင်စတောထည့်သွင်းပါလိမ့်မယ်။ ခဏစောင့်ပြီးရင် OK နှိပ်ပြီး Computer ကို Restart ချပါ။

Turning Windows features on or off in Control Panel ဖြေရှင်းတဲ့နည်း

Control Panel ကိုဖွင့် ပြီးရင် Programs and Features ကိုနှိပ်။ ထိုနောက်ဘယ်ဖက်ဘေးနားက Turn Windows features on or off ဆိုကိုနှိပ်။ အောက်ပါပုံအတိုင်းပေါ်လာတဲ့ ဘောက်စ်တွင် Microsoft .NET Framework 3.5.1 ရဲ့လေးထောင့်ကွက်အမှန်ခြစ်ကို နှိပ်ပြီး OK ။



ခဏစောင့် အားလုံးပြီးရင် Computer ကို Restart ချပါ။
ref : http://msdn.microsoft.com/en-us/library/hh506443.aspx
 စောလင်းနက်စ်
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger