GParted Partition Editor ကို Ubuntu OS ပေါ်တွင် ထည့်သွင်းပုံ

Tuesday, November 6, 20120 comments


GParted Partition Editor ကတော့ Ubuntu OS နဲ့ ဆက်စပ်ပြီးသုံးနေတဲ့ Drive တွေ OS တွေရှိတဲ့  Drive ပေါ် Partition တွေကို စီမံခန့်ခွဲပြီး အသုံးပြုနိုင်အောင် စီစဉ်ထားတဲ့ Application ဖြစ်ပါတယ်။ ဒီ Application ဟာ Ubuntu OS ကို ယခုမှ စတင်အသုံးပြုသူတွေပါ အလွယ်တကူ အသုံးပြုနိုင်အောင် စီစဉ်ထားတဲ့အတွက် သုံးစွဲရလွယ်ကူပြီး လုပ်ဆောင်ချက်ကလည်း ကောင်းမွန်မှာ ဖြစ်ပါတယ်။ Partition တစ်ခုပေါ်တွင် ဖိုင်တွေ ထည့်သွင်းအသုံးပြုတာတွေနဲ့ ပက်သက်ပြီး အသုံးပြုထားတဲ့နေရာ အနေအထားနဲ့ လွတ်လပ်တဲ့ နေရာအနေအထားတွေကို ဖော်ပြပေးနိုင်မှာ ဖြစ်သလို Partition အမျိုးအစားလိုက်ပြီး အရောင်နဲ့ခွဲခြားပြီး ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ ယခုတပတ်မှာတော့ GParted Partition Editor Application ကို  Ubuntu OS ပေါ်မှာ ထည့်သွင်းအသုံးပြုပုံကို ရွေးချယ် တင်ပြလိုက်ပါတယ်။

 GParted Partition ကို Ubuntu OS ပေါ်မှာ ထည့်သွင်းဖို့အတွက်ဆိုရင် Graphic Mode ကနေရော Command Line Mode ကနေပါ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Graphic Mode ကနေ ထည့်သွင်း အသုံးပြုချင်သူတွေအတွက် Ubuntu Software Center ကို ဖွင့်ရမှာ ဖြစ်ပါတယ်။ Ubuntu Software Center ရောက်ပြီဆိုရင် GParted ဆိုတဲ့ Keyword ကို Search Box မှာ ရိုက်ထည့်လိုက်ပါ။ GParted Partition Editor Application ကိုတွေ့ရင် Install Button ကို ကလစ်နှိပ်လိုက်ပါ။ ပြီးရင် Authenticate မှာ OS ရဲ့ User Account မှာ ထည့်သွင်းတဲ့ Password ကို ရိုက်ထည့်လိုက်တယ်ဆိုရင် ဒေါင်းလုပ်လုပ်ပြီး Install ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Command Line Mode ကနေ ထည့်သွင်းချင်သူတွေအတွက် Ctrl+Alt+T ကိုနှိပ်ပြီး Teminal ကိုခေါ်ရမှာ ဖြစ်ပါတယ်။ Teminal ကိုရောက်ပြီဆိုရင် #sudo apt-get gpatred ဆိုတဲ့ Command ကို ရိုက်ထည့်လိုက်ပြီး Password ထည့်သွင်းပေးလိုက်တယ်ဆိုရင် GParted Partition Editor ကို ဒေါင်းလုပ်ပြုလုပ်ပြီး ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ GParted Partition Editor ကို အသုံးပြုမယ်ဆိုရင် Super Key ကိုနှိပ်ထားပြီး Dash Home ကို ခေါ်ရမှာ ဖြစ်ပါတယ်။ Dash Home ရောက်ရင် GParted ဆိုတဲ့ Keyword ကို ရိုက်ထည့်လိုက်ရင် GParted Partition ကိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger