သင့်ရဲ့ Android Device အသုံးပြုရာမှာ လေးလံလာပြီဆိုရင် ပြင်ဆင်သင့်တဲ့ အချက် ၁၀ ချက်

Tuesday, November 6, 20120 comments

Android Device တွေဟာ လက်ရှိအချိန်မှာတော့ အသုံးပြုမှု အမြင့်မားဆုံး နေရာတစ်ခုကို ပိုင်ဆိုင်လာပြီ ဖြစ်ပါတယ်။  Open Source ဖြစ်တဲ့ Android ကို Mobile ဖုန်းတွေပေါ်မှာ အများဆုံး အသုံးပြုကြသလို၊ Tablet တွေပေါ်မှာလည်း အသုံးပြုကြတာကို တွေ့ရပါတယ်။ Android User များ အနေနဲ့လည်း မိမိအသုံးပြုတဲ့ Device ကို မြန်မြန်ဆန်ဆန် အသုံးပြုနိုင်ဖို့အတွက် နည်းလမ်း ၁၀ ခုကို ပြင်ဆင်ထားသင့်ပါတယ်။

၁။ မိမိ Device နှင့် Android Version ကိုက်ညီမှု ရှိမရှိ စဉ်းစားပါ။

Android ဟာ မကြာခဏဆိုသလို Version အသစ်တွေ ပေါ်ထွက်တဲ့ အလေ့အထရှိပါတယ်။ Version အသစ်တိုင်းမှာလည်း ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားတဲ့ အတွက် Android အသုံးပြုသူများ အနေနဲ့ Version အသစ်ကို အသုံးပြုချင် တတ်ကြပါတယ်။ တစ်ခုထည့်သွင်း စဉ်းစားရမှာက Version Upgrade ပြုလုပ်ပြီးချိန်မှာ မိမိရဲ့ Device လေးလံလာတယ်ဆိုရင်တော့ Device နဲ့ Android Version ကိုက်ညီမှု မရှိဘူးလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

၂။ အသုံးမပြုတဲ့ Application များကို ဖျက်ပစ်ပါ။

Storage ပမာဏများစွာ ပါဝင်တဲ့ Device တွေမှာ ဖြစ်တတ်တဲ့ ပြဿနာဖြစ်ပါတယ်။ Device Storage များပြားစွာ ပါဝင်နေတဲ့ အတွက် Application များစွာကို Install ပြုလုပ်ထားလေ့ရှိပြီး၊ အဆိုပါ Application တွေထဲက Error ပါဝင်လာမယ်ဆိုရင်တော့ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေ လေးလံမှုရှိလာနိုင်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် မသုံးဖြစ်တဲ့ Application တွေကို ဖျက်ပစ်တာ အကောင်းဆုံးလုပ်ဆောင်ချက် တစ်ခုဖြစ်နိုင်ပါတယ်။

၃။ Device ရဲ့ စွမ်းဆောင်ရည်ကို နားလည်ပါ။

Device တစ်လုံးဟာ သက်တမ်းကြာလာတာနဲ့အမျှ လုပ်ဆောင်ချက် အားနည်းလာတာ ထုံးစံဖြစ်ပါတယ်။ ဒီတော့ သက်တမ်းကြာမြင့်နေပြီ ဖြစ်တဲ့ Device တွေမှာ နောက်ဆုံးထွက် Android Versin, Application, Game တို့ကို ထည့်သွင်း အသုံးမပြုသင့်ပါဘူး။ ဒါဆိုရင်တော့ သင့်ရဲ့ Device ဟာ သေချာပေါက် လေးလံနှေးကွေးသွားမှာ ဖြစ်ပါတယ်။

၎။ Wifi, Bluetooth, GPS, Data တို့ကို အသုံးမပြုလျှင် ပိတ်ထားပါ။

ဒီလုပ်ဆောင်ချက်တွေဟာ Android Device တစ်ခုရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေထဲက အချို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Function တွေကိုတော့ အသုံးမပြုချိန်မှာ ပိတ်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ Wifi, Bluetooth တို့ဟာ နီးစပ်ရာ Device တွေကို Detect လုပ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့က Battery အကုန်မြန်စေတတ်ပါတယ်။

၅။ Process End အတွက် Application အသုံးပြုပါ။

Android Device တွေရဲ့ အားနည်းချက်တစ်ခုကတော့ Application အတော်များများဟာ အသုံးပြုပြီးချိန်ထိ Background မှာ ဆက်လက်ပွင့်နေခြင်း ဖြစ်ပါတယ်။ ဒီ Background မှာရှိတဲ့ Application တွေကို End ပြုလုပ်နိုင်ဖို့အတွက် Task Killer, Process Killer တို့လိုမျိုး Application တွေကို အသုံးပြုသင့်ပါတယ်။ Background Application တွေ များပြားလာပြီဆိုရင်တော့ သင့် Device ဟာ အသုံးပြုရတာ နှေးကွေးလေးလံလာမှာ ဖြစ်ပါတယ်။

၆။ Device နဲ့ သင့်တောမယ့် Web Browser ကိုသာ အသုံးပြုပါ။

Web Browser ဟာ Android Device အတွက်တော့ မရှိမဖြစ်လိုအပ်တဲ့ Application တစ်ခုဖြစ်ပါတယ်။ Default ပါဝင်တဲ့ Browser နဲ့တင် လုံလောက်မှု ရှိပေမယ့် အခြား Browser အမျိုးအစားကို ထည့်သွင်းအသုံးပြုချင်တယ်ဆိုရင်တော့ Device နဲ့ သင့်တော်မယ့် Borwser အမျိုးအစားကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

၇။ Anti-virus Application အသုံးပြုပါ။

အခုနောက်ပိုင်းမှာတော့ Android Device တွေ ထိခိုက်မှုတွေ ရှိလာတဲ့အတွက် ထည့်သွင်းအသုံးပြုသင့်တဲ့ Application တစ်ခု ဖြစ်ပါတယ်။ မလိုအားအပ်တဲ့ ဖိုင်တွေကို လုပ်ဆောင်ချက်တွေ လေးလံမှာကို Anti-virus Application တွေက ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ Device နဲ့ သင့်တော်မယ့် အမျိုးအစားကိုတော့ User ဖက်က ရွေးချယ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

၈။ Launcher များစွာ အသုံးပြုခြင်းကို ရှောင်ကျဉ်ပါ။

Android ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Feature တွေထဲမှာ Launcher တွေဟာလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒါပေမဲ့ Launcher မှာ Error ပါဝင်ခဲ့မယ်ဆိုရင်တော့ သင့် Device ကို ကောင်းကောင်း အခက်တွေ့စေနိုင်ပါတယ်။ ဒါကြောင့် သင့် Device မှာ လေးလံမှုတွေ ရှိလာပြီဆိုရင်တော့ Default အနေနဲ့ ပါဝင်တဲ့ Launcher ကိုသာ သုံးစွဲသင့်ပါတယ်။

၉။ Keyboard များစွာကို ထည့်သွင်း အသုံးမပြုသင့်ပါ။

Android မှာ Keyboard အမျိုးအစားများစွာကို ထည့်သွင်းအသုံးပြုနိုင်ခြင်းဟာ ကောင်းမွန်တဲ့ Feature တစ်ခု ဖြစ်ပေမယ့် များပြားလှတဲ့ Keyboard တွေဟာ Type ပြုလုပ်တဲ့ အချိန်အတွက်ရော၊ အခြားအချိန်တွေမှာပါ Device လေးလံမှုကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ English, Myanmar Keyboard နှစ်မျိုးကိုသာ ထည့်သွင်း အသုံးပြုသင့်ပါတယ်။

၁၀။ Device ကို ဂရုတစိုက် အသုံးပြုပါ။

ဒီအပိုင်းဟာလည်း အရေးကြီးတဲ့ အပိုင်းပဲဖြစ်ပါတယ်။ User အနေနဲ့ Device ကို လွတ်ကျခြင်းမျိုးကို ဂရုပြုရမှာ ဖြစ်သလို၊ ဘက်ထရီကုန်သွားတဲ့အထိလည်း အသုံးမပြုသင့်ပါဘူး။ Game နဲ့ Application တွေကို အသုံးပြုပြီးချိန်မှာတောင် Process End ပြုလုပ်ပေးခြင်းအားဖြင့် မြန်ဆန်သွက်လက်တဲ့ Android Device တစ်လုံးကို သင်ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ref: yatanarpon.com.mm
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger