Can’t install Zawgyi font on Ubuntu?

Thursday, June 3, 20100 comments

Ref: http://www.ubuntu-myanmar.org/

Gtalk မှ သူငယ်ချင်း မောင်မောင်ပြည့်ဖြိုး က မေးလာပါတယ်။ Ubuntu 10.04 ပေါ်မှာ ဇော်ဂျီဖွန့် သွင်းလို့ မရဖြစ်နေပါတယ်တဲ့။

နောက် Terminal က ဖွန့် Install လုပ်နေတဲ့ ပုံကိုလည်း Screen Shoot ဖတ်ပြီး တွဲပို့လာပါတယ်။

ပုံစက်မှာ ဒီလိုမြင်နေရပါတယ်။



Ubuntu 10.04 တွင် ဇော်ဂျီဖွန့် Install ပြုလုပ်နေစဉ်အတွင်း Error ပြခြင်း

Ubuntu 10.04 တွင် ဇော်ဂျီဖွန့် Install ပြုလုပ်နေစဉ်အတွင်း Error ပြခြင်း

ကိုမောင်မောင်ပြည့်ဖြိုး စက်မှာ ဖြစ်နေတာကို ရှင်းမပြတော့ပဲ အလွယ်ဆုံးနည်းကို လမ်းညွှန်ဖော်ပြ ပေးပါမယ်။
zawgyi_keyboard-0.3.3.tar.gz
အခု ဖော်ပြတဲ့ ဇော်ဂျီဖွန့် သွင်းနည်းကို ရေးသားသူကတော့ box02

(thebox02 @gmail.com) ဖြစ်ပါတယ်။

အဆင့် ၁။ အပေါ်လင့်ကနေ ဇော်ဂျီဖွန့်ကို Download လုပ်ပါ။

အဆင့် ၂။ နောက် Download လုပ်လို့ ရတဲ့ ဖိုင်လေးကို Desktop ပေါ်မှာ တင်ထားပါ။

အဆင့် ၃။ Terminal ကိုဖွင့်ပါ။

အဆင့် ၄။ $ cd ~/Desktop ကို ပထမဆုံး ရိုက်ထည့်ပါတယ်။

အဆင့် ၅။ $ ls ကို ရိုက်ထည့်ပါမယ်။ (အယ် အက်စ် ဖြစ်ပါတယ်။)

အဆင့် ၆။ $ tar xzf zawgyi_keyboard-0.3.3.tar.gz

အဆင့် ၇။ $ ls

အဆင့် ၈။ $ cd zawgyi့

အဆင့် ၉။ $ sudo python zawgyi_keyboard.py

နောက်ဆုံး Command တွေအလုပ် လုပ်ပါလိမ့်မယ်။

သင့်အနေနဲ့ လိုအပ်တာကို လိုက်လုပ်ပေးဖို့ လိုပါလိမ့်မယ်။ ဥပမာ ဖွန့်အင်စတော လုပ်ရန် i

ကို ရိုက်ထည့် ပေးရလိမ့်မယ်။ နောက်ဆုံး Terminal ကို ပြန်ပိတ်ရန် q ကို ရိုက်ထည့်ပေးရပါမယ်။
---------------

အပေါ်က ရေးထားတဲ့ အဆင့်များ သိပ်ပြီး ပြည့်စုံမှု မရှိပါဘူး။


ဒီဖိုင်ကို Download လုပ်ပြီး သေချာဖတ်ပြီး Install လုပ်စေချင်ပါတယ်။ စာလုံးများ အသေးအကြီး အစစ


သတိထားပြီး သေချာ ရိုက်စေချင်ပါတယ်။ ကျနော် ကတော့ Ubuntu 9.10 မှာရော 10.04 မှာပါ အခုနည်းနဲ့


အဆင်ပြေစွာ Install လုပ်ဖြစ်ခဲ့ပါတယ်။


————


Ubuntu အတွက် မြန်မာဖွန့်သွင်းနည်းများ ဖော်ပြထားတဲ့ ဆိုဒ်များကို အောက်မှာ ဖော်ပြထားပါတယ်။


http://code.google.com/p/zawgyi-keyboard/downloads/list?q=label:Featured



http://box02.my-mm.org/2010/02/ubuntu-linux.html

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger