Pages

Sunday, February 6, 2022

How to create Karaoke Highlight Text with Adobe Premiere CS6

Highlight အရောင်ပြေး Karaoke စာတန်းထိုးနည်းကို Adobe After Effect CS6 နဲ့လည်း ကျနော်ရေးခဲ့ပြီးပါ ပြီ။ အခု Adobe Premiere CS6 ပြုလုပ်ပုံကိုထပ်မံရေးပြပါမည်။ Adobe Premiere CS6 နဲ့အရောင်ပြေးစာ တန်းထိုးနည်းကတော့ ပိုပြီးလွယ်ကူပါတယ်။ ဒါကြေင့် လိုအပ်သောပုဂ္ဂိလ်များအတွက် လေ့လာနိုင်အောင် Adobe Premiere CS6 နဲ့ ကာရာအိုအေ အရောင်ပြေးစာတန်းထိုးနည်းကိုဆက်လေ့လာကြရအောင်… 

 

၁။ မိမိတည်းဖြတ်သီချင်းကို ရွေးချယ်ပြီး Microsoft Office Word မှာဖြစ်စေ Notepad မှာဖြစ်စေ စာသား တွေကိုအရင်ရိုက်ထားလိုက်ပါ။ ကျနော်ကတော့ အဆိုတော် မြန်မာပြည်သိန်းတန်ရဲ့ =တောင်ပြာတန်းက မောင့်အချစ်ကို = ဆိုတဲ့သီချင်းကို လေးပိုက်လောက်လုပ်ပြပါ့မယ်။ ဒီလေးပိုက်လောက်လုပ်တတ်တယ်ဆို လျှင် ကျန်တဲ့အပိုက်ကိုလည်း လုပ်တတ်မှာဖြစ်တယ်။ ၂။ ထိုနောက် Adobe Premiere CS6 ကိုဖွင့်လိုက်ပါ။ တဆက်တည်းမှာဘဲ မိမိတည်းဖြတ်မည့်သီချင်းနဲ့ နောက်ခံထားမည့်ဗီဒီယိုဖိုင်ကို မိမိသိမ်းထားတဲ့နေရာကနေ ရှာဖွေဖွင့်လိုက်ပါ။ ၃။ ပြီးလျှင် ၎င်းနောက်ခံဗီဒီယိုဖိုင်ကို Time Line သို့စွဲထည့်ပါ။ ၎င်းဗီဒီယိုဖိုင်နဲ့တွဲနေတဲ့အသံဖိုင်ကို ဖျောက်ထားလိုသည့်အတွက် ဗီဒီယိုဖိုင်ကို Right Click> Unlink ကိုနှိပ်ပြီး အသံဖိုင်ကိုဖျက်လိုက်ပါ။

အလားတူ မိမိတည်းဖြတ်မည့် သီချင်းအသံဖိုင်ကို Time Line သို့စွဲထည့်ပါ။ ထိုနောက် Razer Tool (c) , Selection Tool, Time Indicator တိုင်ကို အသုံးပြုပြီး မလိုအပ်သည့်ဗီဒီယို၊ အသံဖိုင်အပိုင်းတွေကို ဖျက်ထုတ်ပါ။
၄။ ထိုနောက် = တောင်ပြာတန်းက မောင့်အချစ်ကို ကြင်နာပါလျှက်နဲ့ လမ်းအခွဲမှာ = ဆိုတဲ့သီချင်းအပိုက်မှာ Space Bar ကိုခေါက်ပြီး လိုက်နားထောင်ပါ။ အပေါ်က Mark in / Mark out ကိုအသုံးပြုပြီး "တောင်" အစနဲ့ "လမ်းအခွဲမှာ" အဆုံးကို လိုက်မှတ်ပါ။ ဒီနေရာမှာ လက်တွေ့လုပ်ခြင်းသာပိုပြီးအဆင်ပြေပါလိမ့်မည်။ အောက်ပါပုံကိုလေ့လာပါ။
၅။ ထိုနောက် စာသားလေယာစတင်ဖန်တီးဖို့ Menu > File> New > Title ကိုနှိပ်ပါ။ New Ttile ဘောက်စ်ပွင့် လာလျှင် OK ဘဲနှိပ်ပါ။
ထိုနောက် Microsfot Office Word မှ ရိုက်ထားသော စာသားကို ၎င်း Title ဘောက်စ်တွင် copy/ paste လုပ်ပါ။ Font အဆင်မပြေလျှင် ညာဖက် Font Body မှ လိုက်ချိန်းပါ။
၆။ Project တွင် Title 1 ရလာတာတွေ့ရမည်။ ၎င်း Title 1 ကို အောက်ပါ Time Line တွင် Mark in / Mark out ဖြင့်သတ်မှတ်ထားသော "တောင်" အစနဲ့ "လမ်းအခွဲမှာ" အဆုံး နေရာသို့ စွဲထည့်ပါ။
၇။ ထိုနောက် Title 1 ကိုဘဲ ကလစ်နှိပ်ပြီးဖွင့်ပါ။ ထိုတွင် အောက်ပါပုံမှာပြထားတဲ့အတိုင်း New Title Based on Current Title ကိုနှိပ်ပါ။ Title 2 ဘောက်စ်တစ်ခုကျလာမည်။ OK နှိပ်ပါ။ ၎င်း Ttile 2 ဘောက်စ်တွင် Microsoft Word က ရိုက်ထားတဲ့ ဒုတိယစာပိုက်ကို ကော်ပီကူးပြီး Paste လုပ်ပါ။
Profect တွင် Title 2 ဆိုပြီးနောက်တစ်ခုရရှိလာမည်။ ၈။ ၎င်း Title 2 ကိုလည်း အောက်ပါ Time Line တွင် Mark in ,Mark out ဖြင့်သတ်မှတ်ထားသော ဒုတိယစာပိုက် နေရာသို့ စွဲထည့်ပါ။
၉။ ကျန်နောက်သီချင်းနဲ့စာပိုက်များကိုလည်း အထက်ပါအတိုင်း လုပ်ဆောင်ပါ။
ဒီသင်္ခန်းစာမှာ စာပိုက် (၆)ပိုက်စာအတွက်လောက်သာလုပ်ပြပါမည်။ ၁၀။ ထိုနောက် Video Track 1 တွင်ရှိသော စာသားအပိုက်အားလုံးကို Tract Selection Tool ဖြင့် ရွေးချယ် နှိပ်ပါ။ ပြီးလျှင် Ctrl + C ကောပီးယူထားပါ။ မီးခိုးရောင်ရှိတဲ့ Video Track အားလုံးကို မောက်စ်ဖြင့်လိုက်ဖျက်ပြီး မိမိ စာသားအပိုက်များ Paste လုပ်မည့် Video Track 3 ကိုသာ မီးခိုးရောင်ဖြင့်ထားပါ။ ပြီးလျှင် Ctrl + V – Paste လုပ်ပါ။ အောက်ပါပုံအတိုင်းတွေ့နိုင်သည်…
၁၁။ ထိုနောက် Video Track 3 တွင် ရရှိလာသော ကော်ပီ စာသားများကို တစ်ခုချင်းစီ အရောင်ပြေးအောင် လိုက်လုပ်ရမည်ဖြစ်သည်။ ဒါကြောင့် Effect - Video Effect - Image Control - Color Replace ကို ပထမဆုံးကော်ပီစာသားလေယာ သို့စွဲထည့်ပါ။
၁၂။ ထိုနောက် ၎င်း Effect ကိုပြင်ဆင်ရန် Similarity = 13, Target Color = White, (မူရင်းရိုက်ထားတဲ့စာသားအရောင်ကိုရွေးပါ) Replace = Blue (မိမိနှစ်သက်ရာအရောင်)
၁၃။ ထိုနောက် Effect > Video Effect -Transition - Linear Wipe ကို ခုဏက Color Replace Effect ထည့်ထားသော Video track 3 ပထမကော်ပီ စာသားလေယာကိုဘဲထပ်ပြီးစွဲထည့်ပါ။
၁၄။ ထိုနောက် Time Indicator တိုင်ကို စာသား၏အစနားကိုမှာထားပါ။ ပြီးလျှင် Transition Completion ၏ မျှားကိုနှိပ်ပါ။ အောက်တွင် Slider ခလုတ်ရွေ့ရမည့်အတန်းကိုတွေ့ရမည်။ ၎င်း Slider ခလုတ်ကိုမောက်စ် ဖြင့်ရွေ့ကြည့်ပါ။ ဗီဒီယိုပြကွက်တွင် စာသားအရောင်စတင်ရွေ့တာတွေ့ရမည်။ ၎င်းစာသားအရောင်စတင်ရွေ့ မည့်အစတည့်တည့်တွင် Transition Completion ၏ Toggle ကိုနှိပ်ပြီး ကီးဖရိန်စတင်သတ်မှတ်ပါ။
ပြီးလျှင် Time Indicator တိုင်ကို စာသား၏အဆုံးမှာထပ်ရွေ့ထားပါ။ ပြီးလျှင် Transition Completion ၏ Slider ခလုတ်ကို မောက်စ်ဖြင့် စာသားအရောင်ဆုံးတဲ့အထိ အရှေ့သို့ရွေ့သွားပါ။
ဒါဆို Time Indicator တိုင်ကို စာသားအစနားတွင်ပြန်ထားပြီး Space Bar ကိုနှိပ်ကာ စာသားအရောင်ပြေး တာကိုကြည့်ပါ။ အကယ်၍ စာသားအရောင်ကနောက်ကျပြီး သီချင်းအသံက အရင်ရောက်လျှင် Time Indicator တိုင်ဆုံးတဲ့နေရာမှာ Space Bar ဖြင့်ခေါက်ပြီးရပ်ထားပါ။ ပြီးတော့ Slider ခလုတ်ကို လိုက်ရွေ့ပေးပါ။ ဒီနေရာတွင် ထပ်ခါထပ်ခါ စမ်းသပ်ကြည့်ပါ။ သဘောပေါက်ပါလိမ့်မည်။
၁၅။ ဒါဆိုလျှင် ကျနော်တို့ =တောင်ပြာတန်းက မောင့်အချစ်ကို ကြင်နာလျှက်နဲ့လမ်းအခွဲမှာ= ဆိုတဲ့ သီချင်းစာ သားကို အရောင်ပြေးတဲ့လုပ်ငန်းစဉ်ပြီးသွားပါပြီ။ ၁၆။ ကျန်ရှိတဲ့စာပိုက်များကိုလည်း ၎င်းတို၏ကော်ပီစာသားလေယာတွင် Efffect -Video Effect -Image Control > Color Repalce နှင့် Effect > Video Effect - Transition - Linear Wipe (၂)ခုတို့ကိုအသုံးပြုပြီး လုပ်ဆောင်သွားလျှင် Karaoke Highlight Text ကာရာအိုကေအရောင်ပြေးစာသားအတွက် အဆင်ပြေပါ လိမ့်မည်။ Adobe Aftter Effect နဲ့ဆိုင်လျှင် Premiere မှာ အရောင်ပြေးစာသားပြုလုပ်ခြင်းသည် အများကြီးလွယ်ကူ သက်သာပါသည်။ ၁၇။ အကယ်၍ သီချင်းတစ်ပုဒ်လုံးအတွက် ပြုလုပ်တယ်ဆိုလျှင် သီချင်းကိုသေချာစွာနားထောင်ပါ။ ထိုသီချင်း ၏ပထမကျော့ နှင့် ဒုတိယ/တတိတအကျော့ဆိုပြီး သီဆိုတာတွေ့လိမ့်မည်။ ပထမအကျော့ကို အကုန်တည်း ဖြတ်ပြီးလျှင် ဒုတိယအကျော့မှာ ပထမအကျော့ကပါရှိပြီးသားစာသား Highlight များကို အားလုံးကော်ပီ ယူထားပြီး Time Indicator ဖြင့် ဒုတိယအကျော့မှာစတင်မည့်နေရာကို Space Bar ဖြင့်သတ်မှတ်ပါ။ ပြီးလျှင် Paste လုပ်လိုက်ပါဘဲ။ ဒီလိုလုပ်ဆောင်ခြင်းဖြင့် အများကြီးအချိန်သက်သာပါသည်။ မတူတဲ့စာသားအသစ် များကိုတော့ New Text Title ကိုခေါ်ပြီး ဆက်လက်လုပ်ဆောင်ရုံသာထူးသည်။ အိုကေ.. အဆင်ပြေကြပါစေ Saw Linux

3 comments:

  1. Babyliss Pro Titanium Flat Iron - Tire & Factory
    BABYLISS PROTi · 3d rubber · a few rubber keith titanium · titanium white wheels a few other rubber · a few other rubber · a few others rubber · titanium road bike a few others rubber · ford edge titanium for sale a few others rubber · a few others rubber · a few how strong is titanium others rubber · a few others rubber · a few others

    ReplyDelete