Pages

Monday, February 7, 2022

အရာဝတ္ထုပါသော Green Screen ဗီဒီယိုဖိုင်ကို နောက်ခံအစားထိုးပြုလုပ်ခြင်း Adobe After Effect CS6

နောက်တစ်နည်း..
အရာဝတ္ထုပါသော Green Screen ဗီဒီယိုဖိုင်ကို နောက်ခံအစားထိုးပြုလုပ်ခြင်း

၁။ မိမိတည်းဖြတ်မည့် Green Screen ဗီဒီယိုဖိုင်ကို import ကနေ ဖွင့်လိုက်ပါ။
၂။ ၎င်းဖိုင်ကို Pen Tool ဖြင့် အောက်ပါအတိုင်း Mask Selection ပေးပါ။ (ဗီဒီယိုဖိုင်အားလျှော်စွာ Mask Selection ပေးတာကွဲပြားနိုင်သည်) 

 


၃။ ထိုနောက် Mask Selection ကို လိုသလိုပြင်ဆင်နိုင်ရန် ကီးဘုတ်ပေါ်က M နှိပ်ပါ။ ၎င်းဗီဒီယိုဖိုင်အောက် က Mask Function ပေါ်လာတာတွေ့ရမည်။

ထိုနောက် ၎င်း Maskt ၏ မျှားကိုတစ်ချက်နှိပ်ပြီး Mask Path ၏ ကီးဖရိန်သတ်မှတ်ရန် Mask Toggle ကို ကလစ်နှိပ်ပါ။ ထိုနောက် Selection Tool ကိုရွေးပြီး ဗီဒီယို Screen ဖန်သားပြင်ကို ကလစ်တစ်ချက်နှိပ်ပါ။ time Indicator တိုင်ကိုလည်း လိုသလိုထားပြီး ၎င်းဗီဒီယိုဖိုင်၏
အဝါရောင်နုတ်ကလေးများကို လိုက်ရွေ့ ပါ။ အောက်ပါပုံ ၂-ပုံအတိုင်း ပုံတူလုပ်ဆောင်ရမည်။

၄။ အားလုံးပြီးလျှင် အပေါ်ကအစီအစဉ်အတိုင်းဆက်လက်လုပ်ဆောင်ရမည်… ထိုကြောင့် Effect > keying > Key Light (1.2) ကိုနှိပ်ပါ။

၅။ ထိုနောက် Screen Color တွင် ကာလာဘောက်စ်အနောက် တိုင်လေးကိုတစ်ချက်နှိပ် > ပြီးလျှင် ဗီဒီ ယိုဖန်သားပြင်၏ အစိမ်းရောင်နောက်ခံကိုတစ်ချက်နှိပ်ပါ။ အောက်ပါပုံအတိုင်းတွေ့ရမည်။

၆။ ထိုနောက် ဗီဒီယိုနောက်ခံအပျောက်အစက်လေးများကိုပြုပြင်ရန်… View > Final Result မှ Screen matte သို့ပြောင်းပါ။

၇။ ထိုနောက် Clip Black ကို 12 ၊ Clip White ကို 83 (လိုသလို) ချိန်ညှိပါ။

၈။ အားလုံးပြီးလျှင် View > Screen Matte မှ Final Result သို့ပြန်ပြောင်းပါ။

ပြီးလျှင် အောက်ပါပုံအတိုင်းတွေ့ရမည်…

၉။ ပြီးလျှင် နောက်ခံဗီဒီယိုထည့်ပါ။
အရောင်အနည်းငယ် ချိန်ညှိဖို့ … ပြုပြင်ထားသော Green Screen ဗီဒီယိုဖိုင်ကိုရွေးပါ။ Effect > Curves ထည့်ပြီး အရောင်ညှိပါ။
၎င်းပုံကို နှစ်ကိုယ်ခွဲ သုံးကိုယ်ခွဲပြုလုပ်လိုလျှင် Ctrl + D ဖြင့် ကော်ပီကူးပါ။ ပြီးလျှင် အခြားနေရာသို့လိုက် ရွေ့ပါ။
အောင်မြင်ပါစေ…

စောလင်းနက်စ်

No comments:

Post a Comment