၁။ Adobe After Effect Pro CS6 ကိုဖွင့်လိုက်ပါ။
၂။ ထိုနောက် Project တွင် Green Screen ဗီဒီယိုဖိုင်နှင့် နောက်ခံဘက်ခရောင်းဗီဒီယိုဖိုင်တို့ကို မိမိသိမ်းထား သောနေရာမှ ရှာဖွေဖွင့်ယူပါ။
၃။ ထိုနောက် Green Screen ဗီဒီယိုဖိုင်အတိုင်း Duration ကိုလိုချင်သည့်အတွက် Project မှ Green Screen ဗီဒီယိုဖိုင်ကို အောက်က Video Project အိုင်ကွန်သို့စွဲထည့်ပါ။
၄။ ထိုနောက် ၎င်းဖိုင်ကို Time Line တွင် 4 စက္ကန့်လောက်သာပြုပြင်လိုသည့်အတွက် work area အတန်းကို မောက်စ်ဖြင့် စွဲပြီး 4 စက္ကန့်လောက် ထိနောက်ဆုတ်လာလိုက်ပါ။ ပြီးလျှင် work area တန်းတည့်တည့်ကို Right Click > Trim Comp to Work Area နှိပ်ပါ။
၅။ ထိုနောက် ၎င်းဗီဒီယိုဖိုင်လေယာတည့်တည့်မှာဘဲ Pen Tool မိမိလိုအပ်သော area ပတ်ပတ်လည်ကို Selection ပေးပါ။
၆။ ထိုနောက် Effect > Keying > Key Light (1.2) ကိုနှိပ်ပါ။
၇။ ထိုနောက် Screen Color တွင် ကာလာဘောက်စ်အနောက် တိုင်လေးကိုတစ်ချက်နှိပ် > ပြီးလျှင် ဗီဒီ ယိုဖန်သားပြင်၏ အစိမ်းရောင်နောက်ခံကိုတစ်ချက်နှိပ်ပါ။ အောက်ပါပုံအတိုင်းတွေ့ရမည်။
၈။ ထိုနောက် ဗီဒီယိုနောက်ခံအပျောက်အစက်လေးများကိုပြုပြင်ရန်… View > Final Result မှ Screen matte သို့ပြောင်းပါ။
၉။ ထိုနောက် Clip Black ကို 12 ၊ Clip White ကို 83 (လိုသလို) ချိန်ညှိပါ။
၁၀။ အားလုံးပြီးလျှင် View > Screen Matte မှ Final Result သို့ပြန်ပြောင်းပါ။
၁၂။ ပြီးလျှင် နောက်ခံဗီဒီယိုထည့်ပါ။
အရောင်အနည်းငယ် ချိန်ညှိဖို့ … ပြုပြင်ထားသော Green Screen ဗီဒီယိုဖိုင်ကိုရွေးပါ။ Effect > Curves ထည့်ပြီး အရောင်ညှိပါ။
၎င်းပုံကို နှစ်ကိုယ်ခွဲ သုံးကိုယ်ခွဲပြုလုပ်လိုလျှင် Ctrl + D ဖြင့် ကော်ပီကူးပါ။ ပြီးလျှင် အခြားနေရာသို့လိုက် ရွေ့ပါ။
Saw Linux
Adobe After Effect Pro CS6 ဖြင့် Green Screen ပိတ်နောက်ခံထားပြီး ဗီဒီယိုအစားထိုး ဖန်တီးနည်း
Monday, February 7, 20220 comments
Related Articles
- How to create Karaoke Highlight Text with Adobe Premiere CS6
- How to create Karaoke Highlight Text with Adobe After Effect CS6
- Virtual Home Studio Lesson (1) အောက်ပါဗာတျူရယ်ပုံကိုကြည့်ပြီး သတင်းခမ်းမဆောင် ဒီဇိုင်းပြုလုပ်နည်း (Adobe After Effect CS 6)
- Creating BBC World News Logo Design ( Adobe After Effect CS6)
- အရာဝတ္ထုပါသော Green Screen ဗီဒီယိုဖိုင်ကို နောက်ခံအစားထိုးပြုလုပ်ခြင်း Adobe After Effect CS6
- Adobe After Effect Pro CS6 ဖြင့် Green Screen ပိတ်နောက်ခံထားပြီး ဗီဒီယိုအစားထိုး ဖန်တီးနည်း
Labels:
video editing,
Video Tutorial
Post a Comment