Linux ဆိုတာ ဘာလဲ?

Sunday, December 12, 20210 comments

Linux ဆိုတာ Operating System တစ်ခုဖြစ်တယ်။Linux ကို ဘယ်နေရာမှာ မြင်နိုင်မလဲဆိုတော့၊ အကောင်းဆုံး ဥပမာပေးရရင်၊ ကျနော်တို့ mobile phone တွေမှာ အသုံးပြုထားတဲ့
Android ဆိုတာသည်လည်း Linux OS တစ်ခုပါပဲ။
Linux ရဲ့ ဦးဆုံး ဖန်တီးရှင်ကတော့ Linus Torvalds ပါ။ 1991 ခုနှစ်မှာ စတင် ဖန်တီးခဲ့ပါတယ်။ Linux ကို ပင်ဂွင်းငှက်လေးနဲ့ ကိုယ်စားပြုလေ့ရှိပါတယ်။ ဒါပေမယ့် Linux Torvalds
တစ်ယောက်တည်းကြောင့်တော့ ပြောမယ်ဆို မပြည့်စုံသေးပါဘူး။ GNU is Not Unix ဆိုပြီး 1984 ခုနှစ် ကတည်းက GNU Project ကို စတင်ခဲ့တဲ့ Richard Stallman ရဲ့
ကြိုးပမ်းအားထုတ်မှုတွေလည်း အများကြီး ပါပါတယ်။ ဒါ့ကြောင့် GNU/Linux လို့ ခေါ်မှ ပိုပြီး ပြည့်စုံမှာပါ။

Linux ကို ဘယ်နေရာမှာ မြင်နိုင်မလဲဆိုတော့၊ အကောင်းဆုံး ဥပမာပေးရရင်၊ ကျနော်တို့ mobile phone တွေမှာ အသုံးပြုထားတဲ့ Android ဆိုတာလည်း Linux OS တစ်ခုပါပဲ။
Linux က Open Source ဖြစ်တဲ့အတွက် Code တွေကိုဝင်ပြင်လို့ရပါတယ်။ Linux က CLI (Command Line Interface) ဖြစ်တဲ့အတွက် လူသုံးနည်းတယ်။ Linux OS နဲ့ အတူ
သူ့ကို ဖန်တီးထားတဲ့ source code တွေကိုပါ တစ်ပါတည်း ထည့်ပေးထားတာကြောင့်၊ နည်းပညာရှင်တွေ developer တွေ အတွက် အများကြီး အကျိုး ရှိစေပါတယ်။ Linux မှာ
Desktop OS နဲ့ Server OS ဆိုပြီးရှိပါတယ်။ Linux က ဘက်စုံသုံးလို့ရတဲ့ Platform တစ်ခုဖြစ်ပါတယ်။ အခကြေးငွေနဲ့ မဝယ်ရဘဲ Free အသုံးပြုနိုင်ပါတယ်။ Linux သည်
Open Source ဖြစ်တဲ့အတွက် Linux Distro တွေအမြောက်အမြားရှိပါတယ်။ အဲဒီထဲကမှ လူသိများ ထင်ရှားတာတွေကတော့ Debian, Red Hat, CentOS, fedora,
Ubuntu, kali, Arch စသည်ဖြင့်ပေါ့။

Ubuntu, Kali, Arch စသည်ဖြင့်ပေါ့။

Server အတွက် ထင်ရှားတဲ့ Distro တွေကတော့
1.Red Hat Enterprise Linux
2.Ubuntu Server
3. CentOS
4.SUSE Enterprise Linux
5.Fedora server တို့ဖြစ်ပါတယ်။

Desktop အတွက် လူသုံး များတဲ့ Distro တွေကတော့
1. Ubuntu
2. Fedora
3. Linux Mint
4. open SUSE တို့ဖြစ်ပါတယ်။

Hacking အတွက် လူသုံး များတဲ့ Distro တွေကတော့၊
1.Debian
2.Kali Linux
3. Black Arch
4.Parrot Security 5. Pure OS စသည်တို့ဖြစ်ပါတယ်။

နောက်ပြီး Linux ကို သုံးစွဲရင် virus အန္တရာယ် အတွက် ကြောက်စရာ မလိုပါဘူး။ error များ နည်းပါးပြီး system crash ဖြစ်ခြင်းမှလည်း ကင်းဝေးပါတယ်။ မိမိ လိုအပ်ချက်နဲ့
ကိုက်ညီမယ့် Linux Distro တစ်ခုကို ရွေးချယ် အသုံးပြုကြပါလို့ အဆိုပြုလိုက်ပါရစေ။

Credit = Phone Yan Soe Moe
Share this article :

Post a Comment

Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger