Adobe Premiere CS 5 တွင် Source and Program Monitor တို့၏ လုပ်ဆောင်ချက်များ

Sunday, February 8, 20150 comments

ကျနော်လဲလိုင်းကြောင်တာနဲ့ ပို့စ်တွေမတင်ဖြစ်တာကြာခဲ့ပါပြီ အခု video editing ၀ါသနာရှင်များအတွက် adobe
premiere tutorial တစ်ပုဒ်လောက်ရေးလိုက်မယ်။
Adobe Premiere CS 5 တွင် Source and Program Monitor တို့ရဲ့လုပ်ဆောင်ချက်များကို တစ်ချို့မသိသေး
တဲ့ပုဂ္ဂိုလ်များအနေနဲ့ အကျိုးရှိမယ်ထင်ပါတယ်။
Premiere မှာ ဒီ Source Monitor, Program Monitor တွေကို အသုံးပြုပြီး မိမိလိုအပ်တဲ့ဗီဒီယိုဖိုင်မှာ အချိန်ကန့်
သတ်ပြီး transition, effect တွေဖန်တီးနိုင်သလို မိမိကြည့်ရှုချင်၊ တည်းဖြတ်ချင်တဲ့အပိုင်းတွေမှာ အလွယ်တကူ
လိုက်ရှာနိုင်တဲ့ Tool တွေဖြစ်ပါတယ်။ တစ်ချို့ဗားရှင်းတွေမှာ အဲဒီစာသားများအစား Mark In, Mark Out, Go
to In, Go to Out စသည်အားဖြင့် ရှိနေတတ်ပါတယ်။ အောက်ပါပေးထားတဲ့ပုံကိုအရင်ကြည့်ထားလိုက်ပါ...
အောက်ခြေက ဆိုင်ရာ tool တွေကို စာသားနဲ့ရေးပြထားတာတွေ့ရပါ့မယ်။

အဲဒီပုံကိုသေချာအောင်လေ့လာထားပြီးဆိုလျှင်

၁။ Project မှ မိမိတည်းဖြတ်ထားသော ဗီဒီယိုဖိုင်တစ်ခုကို Source Monitor သို့စွဲထည့်လိုက်ပါ။ (၎င်းဖိုင်သည်
Timeline ထဲမှာလဲရှိပြီးသားဖြစ်ရမည်)
၂။ ပထမအစအချိန်ကို သတ်မှတ်ရန် Source Monitor အောက်ခြေက 00;00;00;00 Time Code Reader ကို
ကလစ်နှိပ်ပြီး ၅ စက္ကန့်အတွက် 500 ရိုက်ထည့်ပါ။ ပြီးလျှင် Source Monitor မှာ Set In Point (Mark In) ကို
ကလစ်နှိပ်ပါ။ Time Indicator အတိုင်လေးက ဗီဒီယိုဖိုင်ရဲ့ ၅ စက္ကန့်နေရာမှာရောက်နေတာတွေ့ရမှာဖြစ်ပါတယ်။
၃။ ထိုနောက်လိုချင်တဲ့အဆုံးချိန်ကို သတ်မှတ်ရန် Source Monitor အောက်ခြေက 00;00;00;00 Time Code
Reader ကိုကလစ်နှိပ်ပြီး 16 စက္ကန့်အတွက် 1700 ရိုက်ထည့်ပါ။ ပြီးလျှင် Set Out Point (Mark Out) ကလစ်
နှိပ်ပါ။ Time Indicator အတိုင်လေးက ဗီဒီယိုဖိုင်ရဲ့ ၁၆ စက္ကန့်နေရာမှာရောက်နေတာတွေ့ရမှာဖြစ်ပါတယ်။
၎။ Time Indicator ကိုတစ်ခြားနေရာရွေ့ထားလိုသည့်အတွက် Program Monitor ဖက်က 00;00;00;00 Time
Code Reader ကိုတစ်ချက်နှိပ်ပြီး 2000 စက္ကန့်ရိုက်ထည့်ပါ။
၅။ မိမိပြုလုပ်ထားသောဖိုင်များကို ပြန်ကြည့်လိုလျှင် Source Monitor က Insert ကိုတစ်ချက်နှိပ်ပြီး Play Button
ကိုတစ်ချက်နှိပ်ပါ။
( အလားတူ နောက်ထပ်မိမိတည်းဖြတ်လိုသောဖိုင်များကို စက္ကန့်အချိန်များထပ်တိုးပြီးရိုက်ထည့်လိုက်လျှင် အလွယ် တကူတည်ဖြတ်နိုင် ကြည့ှ်ုရှုနိုင်မှာဖြစ်သည်)

နောက်မှဆက်ရန်
Sawlinux
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger