Pages

Friday, June 20, 2014

အရောင်ပြေး Karaoke စာတန်းထိုးနည်း (Sony Vega Pro 12)


ဒီ Karaoke စာတန်းထိုးနည်းကို အရင်ကစာနဲ့ပုံတွဲပြီးရေးခဲ့ပြီးပါပြီ၊ ဒါပေမယ့် တစ်ချို့ကနားလည်ရခက်တာနဲ့ အခု Fastone Video Scream
Capture နဲ့ဖမ်းပြီးတင်ပေးလိုက်တဲ့သဘောပါ။ ဒီကရာအိုကေစာတန်းထိုးနည်းကတော့ Pro ဆော့ဖ်တ်ဝဲအဖြစ် Adobe After Effect ကိုအ
သုံးပြုကြပါတယ်။ ဒါပေမယ့် ဒီ Sony Vega Pro နဲ့လည်း အတော်အသုံးတည့်ပါတယ်။ တစ်ချို့အလွယ်ကူဆုံးဆော့ဖ်တ်ဝဲကိုတောင်းဆိုကြ
တာတွေ့ရတယ်။ လောလောဆယ် စာတန်းထိုးနည်းကို ဒီထက်လွယ်ကူတဲ့ဆော့ဖ်တ်ဝဲနဲ့ ပြုလုပ်တာမတွေ့သေးပါဘူး။ ဆိုတော့ လိုအပ်ရင်
ဒီနည်းကိုပဲ ကြိုးစားစေချင်တယ်။

ဒါပေမယ့် အခုနောက်ပိုင်း ကရာအိုကေခွေတွေမှာ ဒီလိုဟိုက်လိုက်စာသားရောင်ပြေးတာကတော့ ပြုလုပ်တာသိပ်မတွေ့ရတော့ဘူး။ ရိုးရိုး
စာတန်းနဲ့ပဲ တည်းဖြတ်တာများလာတယ်။ လက်ဝင်ပြီး အချိန်ကုန်တော့သိပ်ပြီး မလုပ်ချင်ကြတော့ဘူးထင်တယ်။ ဘာပဲဖြစ်ဖြစ်နည်းစနစ်
တစ်ခုကြိုက်တယ်ဆိုလျှင် တတ်အောင်ကြိုးစားရမှာကိုယ့်တာဝန်ပဲမလား။ ကဲ...စမ်းကြည့်ရအောင်...


1 comment: