နောက်ဆုံး အန္တိမအဂ္ဂိဈာပနပွဲကို (၃၀-၃-၂၀၁၄) တနင်္ဂနွေနေ့တွင် အောင်မြင်စွာပူဇော်ကျင်းပပြီးစီးခဲ့ပါသည်။
၎င်းဈာပနပွဲချောမွေ့အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လောင်တိုက်ပြဿာဒ်ဆောင်၊ မဏ္ဍပ်အခမ်းအနား ပြင်ဆင်မှုစသည်တို့ကို
(၂)လနီးပါးဖြင့် ရန်ကုတ်ကျောင်းကြီးဆရာတော်ဦးဝိဇယ၊ လက်ရှိရန်ကုတ်နောင်နိုင်းကျောင်းဆရာတော်ဦးဇ၀န၊ တာဝန်ခံဆရာ
တော် ဦးခန္တီစာရ၊ စောအောင်ကျော်နိုင် (ဥက္ကဋ္ဌ)၊ စောကျဝ့်ဝင်း(အတွင်းရေးမှူး)၊ ရဟန်းပျိုများ၊ ကျေးရွာရပ်မိ၊ ရပ်ဖများနှင့် အဖွဲ့
အစည်းအသီးသီးသောခေါင်းဆောင်များက ကြိုးစားပြင်ဆင်ခဲ့ပါသည်။

(နေ့လည်ပိုင်းအစီးအစဉ်)
ဆရာတော်၏ကြွင်းကျန်ရစ်သောရုပ်ကလာပ်ပူဇော်ခြင်းအခမ်းအနားကို အောက်ပါအတိုင်းစီရင်ကျင်းပခဲ့ပါသည်...
၁။ သဗ္ဗေ သင်္ခါရာ အနိစ္စာတိ-အစချီသော သံဝေဂသုံးဂါထာကို ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အ
အပေါင်းတို့က ရွတ်ဆို၍အခမ်းအနားဖွင့်လှစ်ခြင်း
၂။ ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်သြ၀ါဒါစရိယ ဇမ္ဗူမြိုင်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း
၃။ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ရွတ်ဖတ်သောပရိတ်တရားတော်ကို ရိုသေစွာနာယူခြင်း
၎။ ဆရာတော်၏ထေရုပ္ပတ္တိအကျဉ်းကို ဦးခန္တီစာရ(နောင်နိုင်းကျောင်း)မှ ရွတ်ဖတ်ပူဇော်ခြင်း
၅။ ဆရာတော်၏ဂုဏ်ကိုရည်မှန်း၍ -အာစရိယ ၀န္ဒနာ- ဂါထာကို ဦးကေသရ(သကြားရွာဦးကျောင်း)မှ ရွတ်ဖတ်ပူဇော်ခြင်း
၆။ ပြည်နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်ဦးဝိဇယ (ရန်ုကုတ်ကျောင်းကြီး) မှ သံဝေဂဉာဏ်ပွား သ၀ဏ်လွှာဖတ်ကြားခြင်း
၇။ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ၀မ်းနည်းကြောင်း သ၀ဏ်လွှာဖတ်ကြားခြင်း
၈။ နောင်နိုင်းရွာ ၀တ်အသင်းအဖွဲ့မှ ရတုနှင့်ရှစ်လုံးဖွဲ့ကဗျာများ ရွတ်ဖတ်ပူဇော်ခြင်း
၉။ မဟာထေရဂုဏပူဇာအာသီသဂါထာကို ဆရာတော်ဦးဝိဇယ (ရန်ကုတ်နောင်နိုင်းကျောင်း)မှ ရွတ်ဖတ်ပူဇော်ခြင်း
၁၀။ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား လှူဒါန်းဖွယ်ရာပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း
၁၁။ နိုင်ငံတော်သံဃနာယကဥက္ကဋ္ဌ (ကရင်ပြည်နယ်) ဆရာတော်ဘဒ္ဒန္တေတဇိန္ဒ (မိုးကယ်ကျောင်း)မှ သံဝေဂကထာမြွက်ကြား
ပြီး ရေစက်သွန်းချအမျှပေဝေခြင်း
ညပိုင်း ဆရာတော်ရုပ်ကလာပ်ပူဇော်ခြင်းအခမ်းအနားအစီအစဉ်
ကြွင်းကျန်ရစ်သောဆရာတော်၏ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပနကျင်းပမည့်နေရာစံကျောင်းတော်သို့ ပင့်ဆောင်ရန်
၁။ ဆရာတော်ဦးဇ၀န (ရန်ကုတ်နောင်နိုင်းကျောင်း)မှ ဒကာ/ဒကာမများကိုယ်စား စံကျောင်းတော်သို့ ပင့်လျှောက်လွှာဂါထာဖြင့် ပင့်ဆောင်ပူဇော်ခြင်း
၂။ ဆရာတော်၏ဂုဏ်တော်ကို နောက်ဆုံးရည်မျှော်၍ အန္တိမအဂ္ဂိဈာပနပူဇာဂါထာကို ဦးကေသရ (သကြားရွာဦးကျောင်း)မှ
ရွတ်ဖတ်ပူဇော်ခြင်း
၃။ အပြစ်ရှိက ခွင့်လွတ်တော်မူပါရန် တောင်းပန်ကန်တော့လွှာကို ဦးဝိဇယ (ရန်ကုတ်ကျောင်းကြီး)မှ ဒကာ/ဒကာမများအား
တိုင်ကြား၍ ဆရာတော်အားနောက်ဆုံးတောင်းပန်ကန်တော့ခြင်း
၎။ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား နတ်ပန်းရထာပေါ်သို့ ကြွချီတော်မူရန် -အဘိယာစန နိမန္တန- ဂါထာ
ဖြင့် ဦးဝါရိန္ဒ (၀ါးစခန်းဆရာတော်)မှ တောင်းပန်လျှောက်ထားပူဇော်ခြင်း
၅။ ရုပ်ကလာပ်တော်အား လောင်တိုက်ပေါ်သို့ အောက်ပါအစီအစဉ်အတိုင်း ပင့်ဆောင်ခြင်း....
(က) တပည့်သံဃာတော် (၁၀) ပါး
(ခ) ဈာပနကော်မီတီဝင် (၁၀) ဦး
(ဂ) ဆွေတော်၊ မျိုးတော်ယောဂီ (၁၀) ဦးပေါက်ပေါက်ပန်းဖလား အသင့်ကိုင်ထားရန်
ထိုအချိန်တွင် -----------------------------မင်္ဂလာဆိုင်းအဖွဲ့မှ ကောင်းကင်ကြိုးဖြင့်ပူဇော်ခြင်း
၆။ လောင်တိုက်ပေါ်တွင် ရုပ်ကလာပ်တော်အသင့်ဖြစ်သောအခါ သံဃာတော်များဦးဆောင်၍ -အနိစ္စာ ၀တ သင်္ခါရာ- အစချီ
သောသံဝေဂ သုံးဂါထာကို ရွတ်ဖတ်ပွားများခြင်း
၇။ ပြည်နယ်သံဃနာယကအဖွဲ့ဝင် ဦးဝိဇယ (ရန်ကုတ်ကျောင်းကြီး)မှ ဆရာတော်၏သာသနာပြုလုပ်ငန်းစဉ်များဖြစ်ကြသော
ပြည်နယ်သံဃနာယကအဖွဲ့ဝင်အဖြစ်မှ ရပ်စဲကြောင်း အမိန့်တော်ကို ဖတ်ကြားခြင်း
၈။ ဆရာတော်၏ရုပ်ကလာပ်တော်အား ဆရာတော်၏တပည့်ရင်းများက ဦးဆောင်၍ တေဇောဓာတ်ဖြင့် မီးပူဇော်ခြင်း
မီးပူဇော်နေစဉ် .......................မင်္ဂလာဆိုင်းအဖွဲ့မှ ငိုချင်းရှည်/လှေတော်သံ)များဖြင့် ပူဇော်ခြင်း
အထက်ပါအခမ်းအနားအစီအစဉ်များနှင့် ဧည့်ပရိတ်သတ်ပေါင်း ငါးထောင်ဝန်းကျင့်ဖြင့် ဆရာတော်၏ဈာပနပွဲကို အောင်မြင်
စွာ ပူဇော်ကျင်းပနိုင်ခဲ့ပါသည်။ ဒါကြောင့် ထိုဈာပနအလှူပွဲဖြစ်မြောက်ရေး အောင်မြင်ရေးအတွက် အဖက်ဖက်မှဝိုင်းဝန်ကူ
ညီအားပေးလှူဒါန်းကြသော အလှူရှင်၊ အလှူ့မအားလုံး၊ အဖွဲ့အစည်းအားလုံး၊ ရဟန်းပျိုအားလုံး၊ ကျေးရွာသူ၊ ကျေးရွာ
သားအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဒီကနေမှတ်တမ်းတင်အပ်ပါသည်။



ဦးခန္တီစာရ (ရန်ကုတ်နောင်နိုင်းကျောင်း)

ဦးကေသရ (သကြားရွာဦးကျောင်း)

ဦးဝိဇယ (ရန်ကုတ်ကျောင်းကြီး)

ဦးဇ၀န (ရန်ုကုတ်နောင်နိုင်းကျောင်း)










ဗိုလ်မှူးကြီးစောချစ်သူနှင့် ဗိုလ်မှူစောကျော်မြင့်(ဗိုလ်မှူးစောကတုံး) -BGF တို့လဲ ဆရာတော်၏ဈာပနပွဲကို တက်ရောက်ကြည်ညိုစဉ်

မှတ်တမ်းတင် = မာန်နဲာမေဓာ (ထီ့ဖေါဟ်စင်)
Post a Comment