ကျနော်အခုရေးပြချင်တာက Eset Anti Virus ဆော့ဝဲကို Crack ချိုးပြီးတော့ သုံးလို့ရနိုင်မယ့်နည်းလမ်းလေးပါ။
ဆိုလိုတာ crack ဖိုင်နဲ့ချိုးပြီးရင် ဒီဆော့ဝဲက 31 တစ်ရက်နဲ့ပဲအမြဲရှိနေမယ်။ အင်တာနက်ကွန်နက်ရှင်ရရင် update
လုပ်လို့လဲရတယ်။ အကယ်၍ update မရှိရင်လဲ ဒီအတိုင်းသုံးလို့ရပါတယ်။ Eset NDO Anti Virus ဟာ ထိုင်းမှာ
တော့ အသုံးအများဆုံး အန်တီဗိုင်းရပ်စ်ထူးတစ်ခုဖြစ်ပါတယ်။ ကာစပါစကီတို့ထက်အသုံးပြုရတာပေါ့ပါတယ်။
ကျနော်ကတော့ Antivirus တွေမှာ avast, eset, avira တို့က အသုံးပြုလေ့ရှိပါတယ်။ လက်ရှိကတော့ eset
ပဲပေါ့ဗျာ။
အရင်ဆုံးအောက်ပါ Download NDO 32 and forever box ကိုဒေါင်းလိုက်ပါ။
Solidfile
ဇစ်ဖိုင်ကိုဖြည်ပြီး ၎င်းဖိုလ်ဒါထဲမှာ NDO 32 အတွက်ဗားရှင်းနှစ်မျိုးပါမယ်။ eav 32, ess32 နှစ်မျိုးပါ။ eav 32
ကို အင်စတောလုပ်ပါ။ အောက်ကခရက်ချိုးနည်းမှာတော့ နှစ်မျိုးလုံးကြိုက်တာကိုမောင်းဖို့ရေးထားပါတယ်။ သို့သော်
ကျနော်ကတော့ eav 32 (NOD32 Antivirus 4) ကိုပဲအသုံးပြုတာများတယ်။ ဒီဆော့ဝဲအင်စတောထည့်သွင်းပုံကို
အသေးစိတ်ရေးမပြတော့ပါဘူး။ မည်သည့် Username and Password ထည့်စရာမလိုပါ။ အင်စတောထည့်သွင်း
ပြီးရင် အောက်ပါခရက်ချိုးနည်းအတိုင်း ဂရုစိုက်ပြီးလိုက်လုပ်ပါ။
Eset Anti Virus ကို crack ချိုးနည်း...
၁။ ESET Smart Security သို့မဟုတ် NOD32 Antivirus 4 ကိုကိုယ်ကြိုက်နှစ်သက်ရာကို ဒေါင်းလုဒ် လုပ်ပြီး Run လိုက်ပါ...၊
၂။ ထိုနောက် ESET ပရိုဂရမ်ကိုဖွင့်လိုက်ပါ။ ပြီတော့ ကီးဘုတ်ပေါ်က F5 ဆိုတာကိုနှိပ်၊ ပြီးရင်ပေါ်လာတဲ့ Antivirus and antispyware ဆိုတဲ့ အထဲက Enable self-defense ရဲ့ အမှန်ခြစ်ထားတာလေးကို ဖြုတ်ပေးလိုက်ပါ။ ဒါဆို ကွန်ပြူတာက Restart လုပ်ဖို့ လိုကြောင်းကို ပြောလာပါလိမ့်မယ်၊ Restart လုပ်ပေးလိုက်ပါ...၊
၃။ ဒီအဆင့်က ESET4 Box4EVER_v4.30A.exe ကို Run လိုက်။ ဒါဆို Box လေးတစ်ခုပေါ်လာပါလိမ့်မယ်။ အဲဒီ box လေးထဲက Lock ဆိုတာလေးကို နှိပ်လိုက်ပါ...၊
၎။ ပြီးရင် Run ထားတဲ့ ESET သို့မဟုတ် NOD 32 ကို F5 ပြန်နှိပ်၊ Enable self-defense ကိုပြန်အမှန်လေး ခြစ်ပေးလိုက်။ နောက်တစ်ကြိမ် Restart ပြန်ချလိုက်ပါ။
31 ရက်သာသုံးလို့ရတဲ့ အဲဒီ ESET ကို မကုန်ဆုံးနိုင်တော့ပဲ။ အမြဲတန်း 31 ရက်တည်ရှိနေမှာဖြစ်တယ်။
အဆင်ပြေပါစေ...
စောလင်းနက်စ်
Post a Comment