Google ကို မြန်မာဘာသာဖြင့် သုံးနိုင်ပြီ

Thursday, April 4, 20131comments


ကဲ...သတင်းကောင်းပဲဟေ့...

 
ဒီကေန့ကစပြီး အင်တာနက်ကွန်ရက် ရှာဖွေရးအင်ဂျင် Google ကို မြန်မာဘာသာနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

မြန်မာဘာသာ အသုံးပြုလိုသူတွေအေနနဲ့ www.google.com.mm ကို ၀င်ပြီး Search Box ရဲ့ အောက်က “မြန်မာဘာသာ” စကားလုံးကို ကလစ်နှိပ်လိုက်ရင် ဂူဂဲ ဆက်တင်ဟာ မြန်မာဘာသာနဲ့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

ဂူဂယ်အသုံးပြုသူတွေအေနနဲ့ ဖော်ပြထားတဲ့ မြန်မာစာလုံးတွေကို အမှန်အတိုင်းပေါ်ဖို့ ကိုယ့်ရဲ့ ကွန်ပျူတာမှာ Myanmar 2, Myanmar 3 စတဲ့ ယူနီကုဒ်ဖောင့်ကို အရင် ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။

ဂူဂယ်မြန်မာ ၀က်ဆိုဒ်ကို Google ကုမ္ပဏီ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံကို လာရောက်မလည်ပတ်မီ ၁ ရက်အလို မတ် ၂၁ ရက်နေ့က စတင်ကာ မြန်မာဒိုမိန်းနဲ့ www.google.com.mm ကို လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ့တုန်းက အဂင်္လိပ်ဘာသာနဲ့သာ ဖော်ပြထားပေမယ့် ဒီနေ့မှာ မြန်မာဘာသာ ၀န်ဆောင်မှုကိုပါ ထည့်သွင်းပြောင်းလိုက်တာပါ။

အခုလက်ရှိ ဂူဂယ်မြန်မာ စာမျက်နှာပေါ်မှာ တွေ့ရတဲ့ “Google.com.mm အမည်များအား ဈေးလျော့ပေးနေသည်မှာ” စာကြောင်းရဲ့ ဆိုလိုရင်းကို အင်တာနက်သုံးစွဲသူအချို့ နားမလည် ဖြစ်နေပမယ့် ဘေးနားက English လင့်ကို နှိပ်လိုက်ရင်တော့ အဂင်္လိပ်ဘာသာ စာမျက်နှာကို ပြောင်းလဲသွားတာ တွေ့ရပါတယ်။
Google ကုမ္ပဏီ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံကို မတ် ၂၂ ရက်နေ့ လာရောက်ခဲ့စဉ်က နိုင်ငံတွင်းမှာ အင်တာနက် ထိန်းချုပ်မှုကို ပိုမိုဖွင့်ပေးဖို့ လိုအပ်ကြောင်း ထောက်ပြေပြာဆိုခဲ့သလို သူ့ခရီးစဉ်နောက်ပိုင်းမှာ ဂူဂယ်ရဲ့ ၀န်ဆောင်မှု Google Play Store ကိုလည်း မြန်မာနိုင်ငံကေန တရားဝင် အသုံးပြုလာနိုင်ခဲ့ပါတယ်။

 ref : DVB News
Share this article :

+ comments + 1 comments

December 6, 2015 at 5:41 PM

မြန်​မာ​ပြောင်းတာမ​တွေ့လို့ပါ

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger