Myanmar Keyboard for Unicode 5.2 (Unicode 5.2 ကိုအသုံးပြုရအောင်)

Wednesday, March 20, 20130 comments

နည်းနည်းတော့ရေးလိုက်အုန်းမယ်ဗျာ။ ဖေါင့်နဲ့ပတ်သက်တဲ့သိကောင်းစရာလေးပါ။ ကျနော်ပြောချင်တာ အခုဝက်ဆိုက်၊ ဘလော့တွေမှာအများစုသုံးသွားတဲ့ဖေါင့်က ဇော်ဂျီဖေါင့်ဖြစ်ပါတယ်။ ဇော်ဂျီဖေါင့်ဆို ကျ နော်လဲအသည်းစွဲလို့ပြောရမယ်။ သို့သော်အားနည်းချက် အားသာချက်တွေကိုစမ်းစစ်လိုက်ရင် မြင်တဲ့အ တိုင်းပြောရရင် ဇော်ဂျီဖေါင့်က interface ပိုင်းမှာအဆင်ပြေသော်လည်း databates ပိုင်းမှာတော့အား နည်းချက်ရှိတာအမှန်ပဲ။ interface and databates ဆိုတာ အပြင်အပိုင်းနဲ့ အတွင်းပိုင်းလို့မှတ်ထား လိုက်ပါ။ သဘောက ၀က်ဘဆိုက်၊ ဘလော့တွေရဲ့မျက်နှာပြင်ဟာ interface ၊ ၀က်ဘရောက်စာရဲ့ Content, search engine, data သိုလောင်ထားတဲ့နေရာများသည် databates လို့အကြမ်းဖျင်းခွဲခြား သိနိုင်ပါတယ်။

ဆိုတော့ ဇော်ဂျီဖေါင့်သည် interface အပိုင်းမှာအဆင်ပြေသော်ငြားလည်း databates အပိုင်းမှာတော့ပြဿနာရှိတာအမှန်ပဲ။ ကျနော်နမူနာတစ်ခုပြောကြည့်မယ်။ မြန်မာပိုင်းဘီဘီစီစာမျက်နှာကိုဖွင့်ကြည့်လိုက်
ပါ။အခုနောက်ပိုင်းအဲဒီဘီဘီစီစာမျက်နှာသည်မိမိစက်ထဲမှာ၎င်းဆိုက်ရဲ့အသုံးပြုထားတဲ့ဖေါင့်မထည့်သွင်းထားသော်လည်း မြန်မာစာများအဆင်ပြေစွာဖတ်ရှုနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်။

၎င်းဆိုက်မှာအသုံးပြုထားတဲ့ဖေါင့်က Padauk font ပဲဖြစ်ပါတယ်။ ၎င်းဖေါင့်သည် Unicode system ကိုလိုက်နာထား သည့်အတွက်mm3 ဖြစ်ဖြစ် padauk ဖြစ်ဖြစ် ၀က်ဘဆိုက်၊ဘလော့မှာအဆင်ပြေစွာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ကျနော်ပြောချင်တာက ဇော်ဂျီဖေါင့်ကို လွယ်လင့်တကူအသုံးပြုနိုင်သော်လည်း ဘရောက်စာအတွက်ဖြစ်စေ ၀က်ဆိုက်၊ ဘလောဂါအတွက်ဖြစ်စေ ပိုပြီးအဆင်ပြေလာနိုင်တဲ့ unicdoe system အသုံးပြုထားတဲ့ Myanmar3 (mm3), Padauk font တို့ကိုလည်းအ သုံးပြုစေချင်တဲ့သဘောပါပဲ။ မည့်သည်ဖေါင့်ကိုမှအစွဲအလန်းမထားစေချင်လို့ပါ။

 ဆိုတော့ အဲဒီအတွက်အသုံးပြုချင်တဲ့ဆိုရင် ကျနော်အကြိုက်ဆုံးအလွယ်ဆုံးကိုပဲညွန်းမယ်။ အဲဒါကတော့ Ekaya keyboard ကိုပဲညွန်းချင်ပါတယ်။ ကျနော်အကြိုက်ဆုံးတစ်ခုကိုလည်းတင်ထားပေးမယ်။ သူတိ့ရဲ့ မူပိုင်လင့်ကိုလည်းချိတ်ထားပေးမယ်။ လေ့လာကြည့်ဖတ်ကြည့်ပါ။ ကျနော်တင်ထားတဲ့ ekaya keyboard ကတော့ Window 8 64 bit အတွက်လည်းအဆင်ပြေပါတယ်။ Padauk font ကို ekaya keyboard ရိုက်လိုက်ရင် အခက်အခဲသိပ်မရှိနိုင်ပါဘူး။ အထူးအားထြင့်ပါဌ်ဆင့်တွေကို tide key ခံရိုက်လိုက်ရုံပါပဲ။ ကျနော်ကတော့ အကျိုးများမယ်ထင်လို့ ရီဒါများမိတ်ဆက်ပေးတဲ့သဘောပါ။ အသုံးပြု မပြု ကြိုက် မကြိုက်ဆိုတာကတော့ ကိုယ့်ကို သာရွေးချယ်စေချင်ပါတယ်ဗျာ။ Myanmar3 နဲ့ Padauk ယူနီကုဒ်စင်စတန်အသုံးပြုထားချင်းတူတူပဲဆိုတာကိုလဲ မ မေ့နဲ့အုန်း။ ကဲ…ဒီလောက်နဲ့ပဲ မြန်မာဖေါင့်အတွက် အဆင်ပြေကြပါစေ…

အင်စတောထည့်သွင်းရတာမခက်ပါဘူး။ exe ကိုကလစ်နှစ်ချက်နှိပ်ပြီးရင် ဘောက်စ်ပေါ်လာမယ်။ဘောက် စ်တွင် မိမိထည့်သွင်းလိုသောကီးဘုတ်၊ ဖေါင့်တွေကိုရွေးပြီး Next ဆက်နှိပ်ရုံပါပဲ။ နောက်ပြီး exe မှာပဲ font များလည်းတစ်ခါတည်းပါပြီးဖြစ်သည်အတွက် သီးသန့် ဒေါင်းပြီးထည့်သွင်းစရာမလိုတော့ပါ။

Download Ekaya-0.1.9+MyanmarFonts_x86.exe :
 Ekaya-0.1.9+MyanmarFonts_x86.exe

Download Ekaya-keyboard layout :
 Ekaya-layout

Read Original Link:
Ekaya-0.1.9+MyanmarFonts_x86.exe

စောလင်းနက်စ်
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger