{2012} မျိုးဆက်သစ်ထီဖိုးစံလူငယ် ရာသက်ပန်ရန်ပုံငွေ

Sunday, January 6, 20130 comments

ကျနော်တို့ရွာအတွက် ပြုလုပ်ထားတဲ့ "မျိုးဆက်သစ်ထီဖိုးစံလူငယ် ရာသက်ပန်ရန်ပုံငွေ" အသင်းတွေ့ဆုံပွဲ
ကို (၃၁-၁၂-၂၀၁၂) ထိုင်းနိုင်၊ ဘန်ကောက်၊ နွန်ထဘူရီ၊၀တ်နခွန်အင်ကျောင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီရန်ပုံငွေအဖွဲ့ကို ၂၀၀၈-ခုနှစ်ကတည်းက စတင်တည်ထောင်လာခဲ့ပြီး အခုဆို ၂၀၁၂-ခု (၄)နှစ်မြောက်
ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။

ကျနော်တို့ထီဖိုးစံရွာသည် အုပ်စုအပိုင်း (၅)ပိုင်းခွဲထားပြီး ရန်ပုံငွေကိုအုပ်စုအပိုင်းလိုက်တာဝန်ယူစုဆည်း
ထားခြင်းဖြစ်ပါသည်။ အဖွဲ့ကို လေးလတစ်ကြိမ်ဆီ၊ တစ်နှစ်ကို (၃)ကြိမ်ဖြင့် ရန်ပုံငွေရဲ့ရငွေ၊ သုံးငွေစာရင်း
ကို တင်ပြခဲ့ကြပါတယ်။ ၎င်းရန်ပုံငွေများကို လာမည့်နှစ် ၂၀၁၃-ခုနှစ်တွင် ရွာအတွက်လိုအပ်သည်များကို
အများသဘောတူဆုံးဖြတ်ပြီး သုံးစွဲသွားမည်ဖြစ်ကြောင်း အများသဘောတူဆွေးနွေးခဲ့ကြသည်။

တစ်ဆက်တည်းမှာပဲ ကော့ကရိတ်မြို့၊ အမှတ် (၇)ရပ်ကွ၊ တံထားဦးမှာရှိတဲ့ သမိန္ဒောဒယ (ထီဖိုးစံ) သီလ
ရှင်စာသင်တိုက် နှစ်ထပ်ကျောင်းဆောင်သစ်အတွက် (၂၀၁၂) ခုနှစ် ထီဖိုးစံလူငယ်အဖွဲ့မှ ဘတ်ငွေ (၁၄၁၇၀၀) ၊ ကျပ်ငွေ (သုံးဆယ်ရှစ်သိန်းခုနှစ်သောင်းတစ်ထောင်ငါးဆယ်သုံးကျပ်)ကိုလည်း လှူဒါန်းခဲ့
ကြသည်။

လေးနှစ်တိုင်တိုင် စုဆည်းထားသောရန်ပုံငွေစာရင်းကို အောက်ပါအတိုင်းဖြစ်သည်...

 စဉ် အပိုင်းနှင့်အုပ်စု ရံပုံငွေအရင်း ရံပုံငွေအတိုး အကြိမ် 
 ၁။ အောက်ပိုင်းနှင့်ကော့သာဆူး ၁၉၅၀၀၀ ဘတ်(ရင်း) ၂၃၄၀၀ ဘတ်(တိုး)
၂။ ကော့ဖန်ရပ် ၁၇၀၀၀၀ ဘတ်(ရင်း) ၂၀၄၀၀ ဘတ်(တိုး)
 ၃။ ကွီမံတိုင် ၁၀၀၀၀၀ ဘတ်(ရင်း) ၁၂၀၀၀ ဘတ်(တိုး)
၎။ အထက်ပိုင်း၊နောင်ထွတ်ထာ ၁၄၀၀၀၀ ဘတ်(ရင်း) ၁၆၈၀၀ ဘတ်(တိုး)
၅။ မြပတိုင်နိုင် ၁၁၀၀၀၀ ဘတ်(ရင်း) ၁၃၂၀၀ ဘတ်(တိုး)

(၃၁-၁၂-၂၀၁၂) အထိ ရန်ပုံငွေစာရင်း...
စုစုပေါင်းရန်ပုံငွေအရင်း715000 ဘတ် (ခုနှစ်သိန်းတစ်သောင်းငါးထောင်)
စုစုပေါင်းရန်ပုံငွေအတိုး = ၈၅၈၀၀ ဘတ်(ရှစ်သောင်းငါးထောင်ရှစ်ရာ)

အားလုံးသာဓုအနုမောဒနာ ၀မ်းမြောက်ဝမ်းသာရှိနိုင်ကြပါစေ....

မှတ်တမ်းဓာတ်ပုံများ...


 





 
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger