External HD မှာ Folders တွေ Shout Cut ဖြစ်သွားတာကိုဖြေရှင်းနည်း

Tuesday, December 25, 20120 comments

ကျနော်အချိန်မရတာနဲ့ ပို့စ်အသစ်တွေသိပ်မတင်ဖြစ်ဘူး။ ဒီကြားထဲ address အသစ်ပါပြောင်းလိုက်တော့ တစ်ချို့ လာဖတ်သူတွေအတွက် ဒုက္ခဖြစ်သွားတယ်။ ကျနော်အချိန်ရတာနဲ့ သိတာလေးတွေကို ရှယ်ပေးဖို့အမြဲစိတ်ကူးရှိနေပါတယ်။ အခုလဲမေးမေးနေကြတဲ့ External HD မှာ Folders တွေ Shout Cut ဖြစ်သွားတာကိုဖြေရှင်းနည်းလေးတင်ပေးလိုက်တယ်။ Sort cut virus remover ဆော့ဝဲကိုလဲ ကျနော်တင်ခဲ့ပြီးပါပြီ။ လိုအပ်ရင် ပြီးခဲ့တဲ့ပို့စ်တွေမှာ ရှာကြည့်လိုက်ပါ။ နည်းတွေစုံရင် ပိုကောင်းတယ်မလား။ အခုလဲ ဒီနည်းကိုကြိုက်တယ်ဆိုရင် စမ်းနိုင်အောင် ထပ်မံတင်ပြလိုက်တယ်။

External HD မှာ Folders တွေ Shout Cut ဖြစ်သွားတာကိုဖြေရှင်းနည်း

 အောက်ပါအဆင့် (၃) ဆင့်နဲ့ဖြေရှင်းကြရအောင်....

အဆင့် (၁)
1. Autorun Exterminator ဆော့ဝဲကို အောက်ပါလင့်မှာ အရင် Download ချလိုက်ပါ။
Download
2.မိမိ External hard Disk ကို ကွန်ပျူတာမှ အရင်တပ်ထားရပါမည်။ ပြီးတာနဲ့ Autorun Exterminator ကို Double click ပေးလိုက်ပါ။ Double click ဖွင့်ပြီးတာနဲ့ Open Log ကို click ပေးတာနဲ့ သူက Autorun.inf ကို တွေ့တာနဲ့ Remove လုပ်ပေးပါလိမ့်မည်။

အဆင့် (၂) က CMD နဲ့ဖြေရှင်းနည်း 
1. ကီးဘုတ်ပေါ်က Win + R ကိုတွဲနှိပ်ပြီး Run ဘောက်စ်ကိုဖွင့်ပါ။ cmd လို့ရိုက်ပြီး Enter ခေါက်ပါ။ 2. အောက်က command ကို ရိုက်ပြီး Enter ခေါက်ပါ။ မှတ်ချက် f သည် မိမိ ရဲ့ External Hard Disk ရဲ့ Drive letter လို့မှတ်ထားပါ၊ ကိုယ့်စက် drive letter အလိုက်ပြောင်းလဲသတ်မှတ်ပါ။

attrib -h -r -s /s /d f:\*.* 

အဆင့် (၃) 
1. အောက်က လင့်မှာ Anti Malware ပရိုဂရမ်ကို Download ချပါ။
Download
2. ပြီးတော့ အဲဒါကို update >> Perform “ Full Scan “ လုပ်ပါ။ အားလုံးပြီးရင် စက်ကို Restart ချ။ အဆင်ပြေမယ်လို့ထင်ပါတယ်။ အဆင်မပြေသေးဘူးဆိုရင် အောက် ပါ လင့်မှာ Short Cut Virus Remover ဆော့ဝဲနဲ့ ထပ်ဖြေရှင်းကြည့်ပါ။
Short Cut Virus Remover

 စောလင်းနက်စ်
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger