Mac OS မှာ Myanmar3 font ထည့်သွင်းနည်း

Tuesday, October 2, 20120 comments

Mac OS မှာ Myanmar3 font ထည့်သွင်းနည်းဖြစ်ပါတယ်။ လိုအပ်သူများအတွက်အဆင်အောင်ဆိုပြီး MM IT Pro ကနေ ယူးထားတာပါ။ အောက်ပါ font နဲ့ keyboard အရင်ဒေါင်းထားလိုက်ပါ။

1. Font Download
Click Here
2. Keyboard Download
Click Here

Font installation
1. "Font Book" application ကိုဖွင့်ပါ။ ပွင့်လာရင် ပင်နယံစက်သွားပုံကို နှိပ်ပါ ( ပေါ်နေတဲ့ ပုံစံက OS version တစ်ခုနဲ့ တစ်ခု တူချင်မှတူမှာပါ )
2. "Add Font" နှိပ်ပြီးရင် download ချထားတဲ့ font ကိုရွေးပေးပေါ့။

Keyboard installation
1. Keymagic Keyboard ကို ရယူပြီးရင် ၂-ချက်နှိပ်ပြီး ဆက်လုပ်( install) သွားပါ။ ပြီးသွားရင်
2. Key လက်ကွက်တွေရှိတဲ့နေရာမှာ(နိုင်ငံအလံ ရှိတဲ့ နေရာ) နှိပ်လိုက်ပါ။ ပွင့်လာရင် Keymagic ကိုရွေးပေးရင်ရပြီ။
3. စာရိုက်တော့မယ်ဆိုရင် အလံရှိတဲ့ လက်ကွက်နေရာမှာ Keymagic ကိုရွေး ရမယ်။ Keymagic က လက်ကွက် ၃-၄ မျိုးလောက် ထည့်ပေးထားမှာပါ။

ဒါဆိုရင် ကိုနဲ့အကျွမ်းတဝင် ရှိမဲ့ လက်ကွက်ကို ဆက်ရွေးပြီး စာရိုက်လို့ရပါပြီ။ မှတ်ချက်။ ကျနော့်စက်က version 10.4 နှိမ့်နေလို့ Keymagic ထည့်လို့မရဘူး။ သူများစက်ကို တခါထည့်ဘူးတယ်။ မှတ်မိသလို ရေးထားတာ။ သေချာတာက Keymagic ရွေးပြီး လက်ကွက်ပါရွေးရတယ်။

 အောက်ကပုံတွေကို ကြည့်လိုက်ရင် မြင်သာ မှာပါ။ ကျနော်ကိုယ်တိုင် လုပ်ထားတဲ့ myanmar3 လက်ကွက်လဲရှိတယ်။ install လုပ်စရာမလိုဘူး ဖိုင်တစ်ခုပါပဲ။ သူ့နေရာမှာ သွားချထားလိုက်ရုံပဲ။ ဒါပေမယ့် သဝေထိုး ကိုတော့ ဗျည်း တို့ ၀ျ ဝြ ၀ွ ၀ှ တို့နောက်မှ ရိုက်ရတယ်။



Ref : http://www.myanmaritpro.com/profiles/blogs/mac-os-font
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger