shortcut virus ရှင်းထုတ်နိုင်တဲ့ ဆော့ဝဲကိုပြီးခဲ့တဲ့ပို့စ်ကို တင်ခဲ့ပါပြီး။ shortcut virus ဆိုတာ ကျနော်တို့အသုံးပြုတဲ့ external HDD, USB Pen Drive တွေကို ကူးဆက်ခံရလျှင် ၎င်းတို့မှာရှိတဲ့ ဖိုလ်ဒါများဟာ shortcut icon တွေအား လုံးဖြစ်သလို တစ်ခါတစ်လေ HDD, USB Flash တွေမှာ ဖိုင်၊ ဖိုလ်ဒါတွေရှိသော်လည်းမမြင်ရအောင် ၎င်းဗိုင်းရပ်စ်က ပိတ်ထားတတ်ပါတယ်။
အဲဒီပြဿနာကိုဖြေရှင်းဖို့ ပြီးခဲ့တဲ့ပို့စ်က ဆော့ဝဲနဲ့ဖြေရှင်းနိုင်သလို အခုဖြေရှင်းနိုင်တဲ့နည်းလမ်းတစ်ချို့ကိုပါထပ်မံ တင်ပြခြင်းဖြစ်ပါတယ်။ အသုံးတည့်မယ်ထင်လို့ ထပ်ရှယ်လိုက်တဲ့သဘောပါ။
၁။ "Start" -->Run --> cmd ကိုရိုက်ထည့်ပြီး Enter.
၂။ အောက်ပါ command ရိုက်ထည့်ပြီး Enter ခေါက်ပါ။
attrib -h -r -s /s /d k:\*.*
မှတ်ချက် = k ဆိုတဲ့နေရာမှာ မိမိရဲ့ HDD, USB pen drive ရဲ့ letter ကိုရွေးပါ။
အဲဒါပြီးရင် မိမိရဲ့ HDD, USB Flash Drive ကိုပြန်ဖွင့်ကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။
အပေါ်က CMD နဲ့ ရှင်းထုတ်ရတဲ့နည်းကခက်တယ်လို့ထင်ရင် bat ဖိုင်နဲ့လဲတင်ပေးလိုက်မယ်။ စမ်းကြည့်ပေါ့။ ဒါနဲ့လဲ အဆင်ပြေသွားနိုင်တယ်။
ShortcutVirusRemover.bat
စောလင်းနက်စ်
How to Remove Shortcut Virus with CMD
Friday, October 5, 20120 comments
Related Articles
Labels:
Anti Virus,
cmd
Post a Comment