စီဘောက်စ်က မေးခွန်းများရဲ့ အဖြေ

Thursday, June 14, 20120 comments

ကျနော်ခရီးတလခွဲလောက်သွားခဲ့တယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ရွာကကလေးတွေအတွက် ကွန်ပျူတာ နဲ့ပတ်သက်ပြီး ချဉ်းကပ်ရမည့်နည်းလမ်းတွေ နားလည်ရမည့်ကွန်ပျူတာ hardware အပိုင်းတွေ၊ basic အခြေ ခံတွေကို သင်ပြရင်းနဲ့ အချိန်ကုန်ဆုံးခဲ့ပါတယ်။ အားလပ်ချိန်မှာပညာဒါနဝေငှခဲ့ရတဲ့အတွက်လည်း ၀မ်းသာ ကျေနပ်ခဲ့ရပါတယ်။
တောရွာကလေးမှာဆိုတော့ နက်တွေနဲ့အဆက်အသွယ်အားလုံးပြတ်တောက်ခဲ့ပါတယ်။ သင်တန်းကတော့ မီးစက်မောင်းပြီး သင်ရတာပေါ့။ အခုမိမိနေရာပြန်ရောက်ပြီးဆိုတော့ ဆိုက်ဖက်ကိုအချိန်ပြန်ပေးနိုင်တော့မယ်။
ဒါပေမယ့် ပတ်စ်ပို့ကိစ္စ၊ ပရဟိတအလုပ်တွေလည်းရှိသေးတော့ အပြည့်အ၀အချိန်ပေးနိုင်သေးမှာမဟုတ်။ အခု
စီဘောက်စ်ကမေးလာတဲ့မေးခွန်းတွေကို ကျနော်သိသလောက်ဖြေပေးသွားမှာဖြစ်ပါတယ်။ တစ်ချို့မသိတဲ့မေး
ခွန်းတွေကတော့ ဆောရီးပေါ့ဗျာ။

kothu: ၀င်းဒိုး 7 မှာအင်မေ့ဂ်ျ ဒရိုက်သုံးချင်လို့ဗျာ ကျနော်က Nero -7 ကိုသုံးပါတယ် E-M dictionary လေးသုံးချင်လို့ပါဗျာ။
ဖြေ : Window image (iso) ဖိုင်တွေကို Nero ဗားရှင်းအလိုက် Nero Express မှာပါတဲ့ image project copy > Disk image or Saved Project ကိုသာနှိပ် CD/DVD အလိုက်ရွေးပြီးအဆင့်ဆင့်ကိုသာလုပ်ရင် Image CD/DVD တစ်ခွေရလာမှာဖြစ်ပါတယ်။ (E-M Dictionary ကတော့ပေါ်ပါတယ်)

Aye Aye Oo: ဝပ်ဆိုက်မှာ ပိုစ်တင်တဲ့အခါ မြန်မာလိုရော ကရင်လိုပါ တင်လို့ရအောင် ဘယ်နေရာတွေမှာ ပြင်ရသလဲဆိုတာ ရှင်းပြပေးစေချင်ပါတယ်။
ဖြေ : အဲဒါက မိမိသုံးတဲ့ဆိုက်အလိုက်ဝင်ပြင်ရမှာဖြစ်ပါတယ်။ ဥပမာ…ဘလော့ဂါဆိုရင် html/css ကနေ font family ကနေ ဖေါင့်အမျိုးအစားလိုက်သွင်းလိုက်ပါ။ zawgyi-one, zwekabin ဆိုတဲ့ဖေါင့်တွေကို font family တွင် နေရာတိုင်းမှာသွင်းလိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။ ဒါကလဲ မလုပ်ဖူးရင်အနည်းအကျဉ်းအခက်အခဲ ရှိနိုင်ပါတယ်။ လုပ်တတ်ပုဂ္ဂိုလ်နဲ့တိုင်ပင်ရင် ပိုပြီးအဆင်ပြေနိုင်တယ်။

Dimond: Auto CAD 2008 မြန်မာလိုEbook လေးရှိရင်တင်ပေးပါအုံးဗျာ။
ဖြေ : Auto CAD 2008 တော့မရှိဘူး။ 2010 တော့ရှိတယ်။ လိုအပ်ရင် အောက်လင့်ီကနေ ဒေါင်းလိုက်ပါ။ http://sawlinux2008.googlecode.com/files/AutoCAD2010_Vol.1.pdf

sawrainbow: တာကျော့ ကျွန်တော် windows 7 64bit ဒေါင်းထားပါတယ် ခွေနဲ့ ကူးထုတ်လို့ အစဉ်မပြေဘူး ဗီဒီယိုလို formatလုပ်ရအုံးမလား ဘယ်စောဝဲသုံးရမလဲ ပြောပါနော် ဆ်ုခုင် ယလ၀့် တာကျော့။
ဖြေ : Window image (iso) ဖိုင်တွေကို Nero ဗားရှင်းအလိုက် Nero Express မှာပါတဲ့ image project copy > Disk image or Saved Project ကိုသာနှိပ် CD/DVD အလိုက်ရွေးပြီးအဆင့်ဆင့်ကိုသာလုပ်ရင် Image CD/DVD တစ်ခွေရလာမှာဖြစ်ပါတယ်။ (E-M Dictionary ကတော့ပေါ်ပါတယ်)

kkk: စောလင်းနက်ခင်ဗျာ. knu font ရိုက်တဲ့အခါ ဒ မပေါ်ဘူးဖြစ်နေတယ်. ပြီးတော့ space လည်းရိုက်လို့ မရဘူဖြစ်နေတယ်။ ဘယ်လိုညလုပ်ရမလဲရှင်းပြပေးပါလား။ ကျေးဇူးတင်ပါတယ်။
ဖြေ : kkk ရေ ကျနော်အသုံးဖူးသည့်အတွက် ဒီဖေါင့်နဲ့ပတ်သက်ပြီး မဖြေပေးနိုင်သေးပါကြောင်းပါနော်။

koayekyi: အကိုစောလင်း နောက်ထပ်ပြီးအကူအညီတစ်ခုတောင်းခံပါရစေအကို ကျွန်တော်မှာ USB (စတိတ်)တစ်ခုထဲမှာ ဖိုင်ထဲမှာထည့်ထားတဲ့ ဓါတ်ပုံတွေအကုန်ပျေက်သွားတယ်အကို ဖြစ်နိုင်မယ်ဆို ဘယ်လိုရှာပြီးပြန်ယူနိုင်တယ်။
ဖြေ : ကိုအေးကြည်ရေ အဲဒါက Data Recovery ဆော့ဝဲတွေကိုအသုံးပြုပြီး ပြန်ယူလို့ရနိုင်ပါတယ်။ အောက်က လင့်ကနေ ဒေါင်းပြီး စမ်းကြည့်ပါ။ အသုံးပြုရတာလဲ သိပ်မခက်တော့ ကျနော်အပြည့်အစုံမရေးပြတော့ပါဘူး။
http://www.sawlinux.net/search/label/Data%20Recovery


saw chit: hi..dear sawlinux. pls help me ..(Problem..In Youtube..error: An Error has occurred. Please try again later.?
Answer : please check ur VGA Device (Driver) and whether u ve already installed Ado be Flash Player on ur pc or not. Especially, i think u need to check VGA Driver



ဆက်လက်ဖေါ်ပြမည်
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger