Ccleaner နဲ့ PC ကိုသန့်ရှင်းအောင်ထားမယ်

Saturday, December 24, 20110 comments

အခု မိမိကွန်ပျူတာကိုသန့်ရှင်းရေးလုပ်ပေးတဲ့ဆော့ဝဲတစ်ခုနဲ့မိတ်ဆက်ပေးလိုက်တယ်။ တော်များသိကြပြီးသာပါ။
Ccleaner ပါ။ မသိသေးတဲ့ညီလေးတွေအတွက်နော်။ ဆရာတွေမပါဘူး။ ဒီဆော့ဝဲလ်ကသေးသေးလေးနဲ့အသုံး တည့်လွန်းတယ်။ စက်တိုင်းအသုံးပြုသင့်တဲ့ဟာလေး။ အသုံးပြုရတာလဲလွယ်ပါတယ်။ လိုအပ်မယ်ထင်တာနဲ့ ”သင့်အတွက်မနက်ဖြန်”ဆိုက်မှာ ယူပြီးတင်ထားပေးတယ်။

Ccleaner သည် လွယ်ကူ၍ ထူးခြားချက်များ ရှိပါသည်။ ၄င်းတွင် လုပ်ဆောင်ချက် (၄)ချက်ရှိ၍ မိမိ၏ ကွန်ပြူတာ အားသန့် ရှင်းအောင် ထားပေးပါသည်။ လတ်တလောကာလတွင် ၄င်းအား ပိုသုံးလာသည်ကို တွေ့ ရှိရပါသည်။ အချိန်အနည်းငယ်ပေး၍ လေ့လာစေလိုပါသည်။ ၄င်း programကို http://www.filehippo.com/ တွင် download လုပ်နိုင်ပါသည်။
၎င်း၏ လုပ်ဆောင်ချက်များမှာ .. (၁) Cleaner ၊ (၂) Registryအား သန့် ရှင်းပေးခြင်း၊ (၃) Tools – program များ uninstall လုပ်ပေးခြင်း၊ (၄) Options

(၁) Cleaner - တွင် မလိုအပ်သော ဖိုင်များဖြစ်သည့် Windows နှင့် Applicationများကို သန့်  ရှင်းပေးမည်ဖြစ် သည်။ ထို့ ကြောင့် ၄င်းတို့ အား အမှန်ခြစ်ပြပါ။ ထို့ နောက် Analyze လုပ်၍ Run Cleaner buttonအား နှိပ်ပါက မလိုအပ်သည့်ဖိုင်များ ရှင်းလိုက်ပါသည်။


(၂) Registryအား သန့် ရှင်းပေးခြင်းသည် Registry Integrityထဲ ၀င်ရောက်နေသော အရာများ၊ ပြဿနာများ အား Fixလုပ်ပေးပါသည်။

• Scan for issues ကိုနှိပ်ပြီး Fix seleted issues buttonကို နှိပ်ပါ။
• Do you want to backup changes to the registry? မေးခွန်းဘောက်လေးတွင် No ကို နှိပ်ပါ။
• Unsued files extensionတွင် "Fix All Selected issues"button ကို နှိပ်ပါ။
• Ok နှိပ်၍ close လုပ်လိုက်ပါ။
(၃) Tools - တွင်
• Uninstall (မလိုအပ်သည့် programs များ ဖြုတ်ခြင်း) နှင့်
• Startup programs (windows တက်စဉ် စတင်အလုပ်လုပ်သည့် programs)
Uninstall - ဘေးတွင် Programs to remove list ရှိပြီး ထိုထဲမှ ဖြုတ်လိုသည့် programအား select လုပ်ရမည်။


1. Run Uninstaller -သည် select လုပ်ထားသော programအား ဖြုတ်ရန်ဖြစ်သည်။
2. Rename Entry - သည် select လုပ်ထားသော programအား Registry ထဲဝင်ရောက်သော အမည်အား ပြောင်းပေးသည်။
3. Delete Entry - သည် Registryထဲဝင်ရောက်နေသော Uninstall Entryအား ဖြုတ်ပစ်မည်။ သို့ သော် applicationအား ဖြုတ်ပစ်မည် မဟုတ်ပါ။
Startup programs -သည် windows တက်စဉ် စတင်အလုပ်လုပ်သည့် programsဖြစ်ပြီး windows တက်လာ ခြင်းအား ကြာစေပါသည်။ လတ်တလော မလိုအပ်သော programsများကို startup ဖြုတ်သင့်သည်။

• Disable (startup programsအား မတက်လာခိုင်းပါ)
• Delete (startup မှ ဖြုတ်မည်) - Program ဖြုတ်ခြင်း မဟုတ်ပါ။
Program ကို selectလုပ်၍ Disableနှင့် Delete လုပ်နိုင်ပါသည်။
(၄) Options - ကွန်ပြူတာဖွင့်တိုင်း Ccleaner အား သန့် ရှင်းရေး လုပ်ခိုင်းခြင်း
Options > settings > Run Ccleaner when computer starts အား အမှန်ခြစ်ပြပါ။

ref : for tomorrow
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger