HTML/CSS for Self Study

Monday, October 3, 20112comments

HTML/CSS Code တွေကို ကိုယ့်ကိုလေ့လာနိုင်ဖို့အတွက် အထောက်အကူဖြစ် E-Book လေးတစ်ခုနဲ့မိတ်ဆက် ပေးပါရစေ။ သိပြီးသာဆရာတွေအတွက်တော့ ကျော်သွားပေါ့ဗျာ။ ကျနော်ဒီစာအုပ်လေး (တစ်နည်းအားဖြင့်) ဒီ HTML/ CSS စာအုပ်သည် ဘလော့စလေ့လာကာစတုန်းက ဆရာလက်ဆောင်ပေးခဲ့တာဖြစ်တယ်။ ဆရာက HTML/CSS တွေကို အခြေခံအားဖြင့် ကိုယ့်ကိုလေ့ကျင့်ခိုင်းတယ်။ ကျနော်လဲနိုင်သလောက်လေ့ကျင့်တယ်။ လေ့ လာတယ်။ ဒါပေမယ့် အခုထိအလွတ်မမှတ်မိသေးပါဘူး။ စမ်းတ၀ါးဝါးနေတုန်းပါပဲ။ ကျနော်ဒီမှာညွန်းချင်တာက ပြပေးမယ့်ဆရာမရှိတဲ့နေရာမျိုးမှာ HTML/CSS အခြေခံလေးတွေလေ့လာချင်တယ်ဆိုရင် အခုကျနော်ပေးတဲ့ ဒီ စာအုပ်လေးနဲ့ လေ့ကျင့်စေချင်တယ်။ ဆရာကြီးအဆင့်မဖြစ်နိုင်တောင်မှ Website ရဲ့ အခြေခံ HTML/CSS code တွေအနည်းငယ်ရိပ်မိနေမှာသေချာတယ်။

ကျနော်တို့မြင်နေရတဲ့ မည်သည့် Webpage မဆို ဒီ code တွေနဲ့ကင်းလို့မရပါ။ ဥပမာ… webpage ရဲ့ tile, header, body, side bar စတာတွေသည် ဒီ html/css code တွေနဲ့ရေးထားတယ်ဆိုတာပါပဲ။ ကျနော်တို့ ဒီကုဒ် တွေကို ကောင်းကောင်းနားလည်ထားတယ်ဆိုရင် webpage ရဲ့လှပသေသပ်မှုကိုပိုပြီးလုပ်ဆောင်နိုင်မှာဖြစ် တယ်။ ဒါပေမယ့် ဒီကုဒ်တွေနဲ့ webpage တစ်ခုကိစပြီးမြောက်ရယ်တော့ ကျနော်မဆိုလိုပါ။ ဒီကုဒ်တွေကိုနား လည်ထားရင် လှပသေသပ်တဲ့ webpage ဖန်တီးနိုင်တာကိုပဲ ကျနော်ဆိုလိုတာပါ။ ကဲ..လိုချင် သိချင်ရင်တော့ ကိုယ့်ကိုသာစမ်းကြည့်ဗျာ…

ဒီ HTML/CSS အခြေခံစာအုပ်လေးဟာ ပါဝင်တဲ့အပိုင်းတွေကတော့…
1. HTML Beginner
2. HTML Intermediate
3. HTML Advance
နောက်ပြီး….
1. CSS Beginner
2. CSS Intermediate
3. CSS Advance ဆိုပြီး အပိုင်း (၆)ပိုင်း ပါဝင်မှာဖြစ်တယ်။ အဲဒါတွေကို အခန်းတိုင်းစနစ်တကျလေ့လာ
လေ့ကျင့်စေချင်တယ်။ တစ်ပိုင်းစီမှာပါဝင်တဲ့ ခေါင်းစည်းလေးတွေကိုသာဂရုတစိုက်လေ့လာပါ။

လေ့ကျင့်ခိုင်းတာတော့ ဟုတ်ပါပြီ ဒါဆိုဘယ်လိုလေ့ကျင့်ရမလဲ၊ ဘာပရိုဂရမ်နဲ့လေ့ကျင့်ရမလဲ။ ကျနော်ညွန်းချင် တာ Window မှာ တိုက်ရိုက်ပါလာတဲ့ text editor တစ်ခုဖြစ်တဲ့ Notepad ပါပဲ။ Microsoft Office Text Editor တစ်ခုဖြစ်တဲ့ WordPad နဲ့လည်းအဆင်ပြေပါတယ်။ ကဲ… Notepad ကိုဖွင့်မယ်။
Start Menu> Accessories> Notepad ။ ( Window + R )= Run ဘောက်စ်ကနေ notepad ရိုက်ထည့်လဲရ တယ်။

Code တွေကို တစ်ပိုင်းစီလေ့ကျင့်ပြီးလို့ သိမ်းချင်တဲ့အခါ Notepad > file> save as ကိုနှိပ်ပြီး File Name= နေရာတွင် text.html ( အရေးကြီးဆုံးက .html နဲ့သိမ်းရမည်)။ Save as type = နေရာတွင် All files ကိုသာ ရွေးပြီး Save ကိုသာနှိပ်ပါ။ အောက်ကပုံကိုသတိထားကြည့်လိုက်ပါ..


ထိုနောက် မိမိသိမ်းထားတဲ့ ဖိုင်ကိုဖွင့်လိုက်ရင် Browser ပွင့်နေတာတွေ့ရပါလိမ့်မည်။ ကျနော်ကတော့နည်း လမ်းညွန်ပြပေးရုံသာဖြစ်တယ်။ တကယ်တတ်ချင် သိချင်တယ်ဆိုရင် ကိုယ့်ကိုသာစမ်းကြည့်ပေါ့ဗျာ..

Download HTML/CSS E-Book :
Zidu.com
Mediafire

HTML အကြောင်းသိကောင်းစရာ (မြန်မာ)

နောက် HTML/CSS အတွက် မြန်မာလိုလေ့လာနိုင်တဲ့ E-book တစ်မျိုးလောက်ထပ်မံမိတ်ဆက်ပေးချင်တယ်။ ဒီစာအုပ်က http://neepyinnyar.blogsome.com/ မှ ရေးသားထားတဲ့ HTML အကြောင်းသိကောင်းစရာ-ဆိုပြီး ပြုစုထားတဲ့စာအုပ်လေးပေါ့ဗျာ။ မောင်စေတနာကနေ ပြန်လည်စုဆည်းတာဖြစ်တယ်။ ဒါကြောင့် ဒီစာအုပ်ဟာလည်း HTML လေ့လာတဲ့သူတွေအတွက် အရမ်းအကျိုးများသည့်အတွက် ကျနော်ထပ်မံပြီးရှယ်ယာပေးလိုက်ပါတယ်။
လိုအပ်ရင်ဒေါင်းပေါ့ဗျာ…

Download HTML အကြောင်းသိကောင်းစရာ (မြန်မာ) :
Google Code
Share this article :

+ comments + 2 comments

July 2, 2016 at 11:27 AM

Download မရဘူး bro

September 6, 2016 at 12:11 AM

down လို့ မရ ဘူး ဘဒို

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger