Hardware ပြုပြင်ခြင်းဆိုင်ရာ အထောက်အကူပြု ဗွီဒီယိုဖိုင်များ

Monday, October 24, 20111comments

Hardware ပြုပြင်ခြင်းဆိုင်ရာ အထောက်အကူပြု ဗွီဒီယိုဖိုင်များလိုအပ်သူများအတွက် ကျနော်နည်းနည်းလောက် မိတ်ဆက်ပေးချင်ပါတယ်။ အမှန်က ကျနော်ဆိုက်မှာ ဒိုမိန်းနိမ်းမ၀ယ်ခင်တုန်းက free blogspot နဲ့ တော်ကြာ Run ခဲ့ပါတယ်။ အဲဒီတုန်းက ဘလော့က မြန်မာမှာဖွင့်ရတာအခက်အခဲရှိတော့ Multiply Group မှာ ဆိုက်တစ်ခု ဖွင့်လိုက်တယ်။ ဆိုက်လိပ်စာက http://sawlinux2010.multiply.com/ ပါ။ စုဆောင်းထားတဲ့ ကွန်ပျူတာနည်း ပညာအသိလေးတွေကို နီးစပ်ရာသူငယ်ချင်းတွေ ၀ါသနာတူတွေအလွယ်တကူရယူနိုင်စေရန် အဲဒီ Multiply ဆိုက်ကို ဖွင့်ထားခြင်းဖြစ်ပါတယ်။ ပိုက်ပိုက်မကုန်တဲ့ ဖရီးဆိုက်တွေထဲမှာ Blogspot, Multiply တို့ကို အကြိုက် ဆုံးလို့ပြောရမယ်။ နောက်ပိုင်းမှ ကျနော့်ဆိုက်ဟာ ညီလေးအဲလာကျေးဇူးနဲ့ ဒိုမိန်းနိမ်းနဲ့ဖြစ်လာတာပါ။

ဟေ..လိုရင်းပျောက်သွားတယ်။ ပြောချင်တာက အဲဒီ Multiply မှာ ကျနော”Hardware ပြုပြင်ခြင်းဆိုင်ရာ အ ထောက်အကူပြု ဗွီဒီယိုဖိုင်များ” ဆိုပြီး ပြည့်ပြည့်စုံစုံတင်ထားပါတယ်။ ဒီဗွီဒီယိုဖိုင်နဲ့ပတ်သက်တဲ့ copyright ပါ ကျနော်ခွင့်တောင်းထားပါတယ်။ ဒါကြောင့် Hardware ပြုပြင်ခြင်းဆိုင်ရာ အထောက်အကူပြု ဗွီဒီယိုဖိုင်များ လို ချင်သောသူများအတွက် အလွယ်တကူဒေါင်းယူနိုင်ဖို့ရန် ထပ်မံပြီးအသိပေးတဲ့သဘောပါ။ မလိုအပ်ရင်တော့ ကျော်သွားပေါ့ဗျာ။ မာလတီဆိုက်မှာက ဗွီဒီယိုဖိုင်တွေကိုအလွတကူတိုက်ရိုက်တင်လို့ရတော့ ကျနော်အဲဒီက နေတင်ပေးလိုက်တာ။ ယူတျူမှာတင်လဲရတာပါပဲ။ ယူတျူမှာက ဗွီဒီယိုဖိုင်တွေကို flv ပြောင်းရသေးသည့်အ တွက်အလုပ်ရှုပ်လို့ မာလတီကနေတင်တာပိုပြီးအဆင်ပြေမယ်ထင်လို့ပါ။

ကြွားတယ်လို့မထင်လိုက်ပါနဲ့နော်။ မတောက်တခေါက်လေးတွေနဲ့ ဝေငှနေရလို့ပါ…D

Download Here :
Hardware ပြုပြင်ခြင်းဆိုင်ရာ အထောက်အကူပြု ဗွီဒီယိုဖိုင်များ

စောလင်းနက်စ်
Share this article :

+ comments + 1 comments

June 24, 2013 at 8:25 AM

ူလင့်သေနေပြီး နဲ့တူတယ် ကိုစောလင်းနက်စ် တစ်ချက်လောက်ပြန်ကြည့်ပေးပါဦး။ ဖြစ်နိုင်မယ်ဆို ပြန်တင်ပေးလို့ရမလားခင်ဗျာ။
ကျေးဇူ့တင်ပါတယ်...............။

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger