Gmail ကို Log in ၀င်လိုက်ပါ။ ပြီးရင် ပထမစာမျက်နှာရဲ့ညာဖက်အောက်ခြေတွင် Last Account Activity ပြီး တော့ Detail ဆိုပြီးတွေ့ရမှာဖြစ်တယ်။

မိမိ Gmail Account ကို သူများအသုံးပြနေသလား သံသယရှိရင် စစ်ဆေးလိုက်ပေါ့ဗျာ…Detail ကိုနှိပ်ပါ။

Activity information ဘောက်စ်မှာ Access Type, Location (IP Address), အသုံးပြုသွားခဲ့တဲ့အချိန်စတာ တွေဖေါ်ပြထားပါတယ်။
အကယ်လို့များ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ကြည့်နေတုန်းမှာ တဘက်မှာလဲ ကိုယ်မသိအောင် ၀င်သုံးနေပါက Concurrent Session Information တွင် IP များ တစ်ခုထက်ပိုတွေ့နေရမည်ဖြစ်သည်။ သူတို့ကိုပါ Logout လုပ်ပြစ်ချင်ပါက အောက်နားရှိ Sign Out all other sessions ခလုပ်ကလေးနှိပ်ပါက ရှိသမျှ တပြိုင်နက်သုံးနေ သော User များကို Logout လုပ်နိုင်ပါတယ်၊ ပြီးလျှင်တော့ ကိုယ်က Password ပြောင်းလိုက်ပေတော့ဗျာ..။
ယခုကဲ့သို့ IP Address များကို မြင်ရလျှင် ကိုယ့်အကောင့်ကို သူများ သုံးခဲ့ဘူးသလား၊ ဘယ်နေရာကလဲစသ ဖြင့် သိနိုင်ပါပြီ။
IP Address ဟာ ဘယ်နိုင်ငံကလဲ စသည်သိချင်ရင် ဒီနေရာကိုသွားပြီး လိုက်ရုံပါပဲ။ ကျနော်လဲ ပညာရှင်မဟုတ်
တော့ သိသလောက်နဲ့ပြောရတာနော်။ အဆင်ပြေပါစေ...
စောလင်းနက်စ်
Post a Comment