တစ်ခါတစ်လေ Window 7 Install ထည့်သွင်းနေစဉ် Partition ပိုင်းတယ်။ ပြီးတော့ Partition ရွေးပြီး Install မယ်လုပ်တော့ Window Setup ဆက်မသွားတော့ပဲနဲ့ အောက်မက်စေ့ဂ်ျမျိုးပြနေတာတွေ့ဖူးပါလိမ့်မယ်။
“Setup was unable to create a new system partition or locate an existing system partition. See the Setup log files for more information.”
အဲဒါဆိုဘယ်လိုဖြေရှင်းမလဲ…
အဲဒါအဓိကပြသနာကတော့ Hard Disk (2) လုံး ဒါမှမဟုတ် Hard Disk နဲ့ USB Memory Stick တို့ကို စက်မှာ တပြိုင်နက်တပ်ဆင်ထားလို့ဖြစ်ပါတယ်။ အဲဒါဆို မိမိအင်စတောမထည့်သွင်းတဲ့ Hard Disk, USB Memory Stick တို့ကို ခဏဖြုတ်ထားလိုက်ပါ။ ၀င်းဒိုးထည့်သွင်းပြီးမှ ၄င်းတို့ပြန်တပ်လိုက်ရုံပါပဲ။ ကျနော်ပြောတာရှင်းရဲ့ လားမသိဘူး။ ဥပမာ…တစ်ချို့စက်တွေမှာ HDD (၂) လုံး၊ (၃) လုံး စသည်တပ်ဆင်ထားတယ်ဆိုကြပါစို့ မိမိက ၀င်းဒိုး 7 Installation လုပ်တော့မယ်ဆိုရင် ၀င်းဒိုးထည့်သွင်း HDD ကိုသာထားခဲ့ပြီး ကျန် HDD တွေကို ခဏ Disconnect လုပ်ထားလိုက်ပါ။ ၀င်းဒိုးထည့်သွင်းတာပြီးမှ ပြန်တပ်လိုက်ပေါ့။
ဝင်းဒိုးတင်တိုင်း Boot တက်ဖို့မဟုတ်တဲ့ အခြားအပို USB Memory Stick တွေကိုလည်း အလားတူဖြုတ်သာဖြုတ်
ထားခဲ့ပါ။အထက်ပါ အပို HDD တွေကိုဖြုတ်ထားခဲ့ပြီးဆိုရင် ပြန်ပြီး Install လုပ်လို့ရပါပြီ။
Ref: http://blog.laksha.net/2009/08/windows-7-install-error-setup-was.html
စောလင်းနက်စ်
Windows 7 – Install Error (“Setup was unable to create.....for more information)
Thursday, September 22, 20111comments
Related Articles
- Download Windows 7 ISO {Official Direct Download Links}
- Window 7 Driver Pack
- ´Do you want the following program to allow changes to this computer?´ ဆိုတဲ့ မက်စေ့ဂ်ျကိုမပေါ် အောင်လုပ်နည်း
- Windows 7 Keygen Ultimate v1.1
- Audio Sound အသံပိုင်းပြဿနာဖြေရှင်းနည်း
- Mac OSX Lion Inspirat Skin လေးနဲ့ Window 7 မှာသုံးမယ်
+ comments + 1 comments
ကျေဇူပါပဲ
Post a Comment