WINDOW REMOTE ASSISTANCE ကိုအသုံးပြုပြီး သူများစက်ကိုဝင်ကြည့်မယ်

Monday, September 5, 20110 comments

ဝင်းဒိုး 7 မှာ WINDOW REMOTE ASSISTANCE ဆိုတဲ့ tool တစ်ခုပါတယ်။ အဲဒီ WINDOW REMOTE ASSISTANCE ကိုအသုံးပြုပြီး အခြားအကူအညီလိုအပ်မယ့်စက်တွေကို ၀င်ပြင်ပေးလို့ရတယ်ဗျာ။ Team Viewer လိုပေါ့။ ဒါပေမယ့် ဒီနည်းက ဆော့ဝဲအသုံးမပြုရတော့ပိုပြီးအဆင်ပြေတယ်လေ။ လုပ်နည်းကလဲ မခက်ပါဘူး။

လုပ်နည်း

အပိုင်း (၂) ပိုင်းရှိတယ်လို့ သဘောထားလိုက်ပါ။ ၀င်ရောက်ကြည့်မည့်သူနဲ့ အကြည့်ခံရမည့်သူပေါ့ဗျာ။

အကြည့်ခံရမည့်သူ လုပ်ဆောင်ရမည့်အပိုင်း

၁။ START >> WINDOW REMOTE ASSISTANCE လို့ရိုက်လိုက်ပါ။ ပြီးရင် Enter


၂။ BOX လေးတစ်ခု ကျလာပါလိမ့်မည်။ ကျလာတဲ့ BOX လေးထဲမှာ အနီရောင်ဝိုင်းပြထားတဲ့ Invite someone you trust to help you ဆိုတာကို Click နှိပ်ပြီးဝင်လိုက်ပါ။


၃။ ပုံမှာပြထားတဲ့ အတိုင်း အနီရောင်ဝိုင်းပြထားတဲ့ Save this invitation as a file လေးကိုနှိပ်ပြီး ရလာတဲ့ ဖိုင်လေးကို DESKTOP မှာ SAVE ထားလိုက်ပါ။


၎။ SAVE လိုက်တာနဲ့ PASSWORD ပေးတဲ့ BOX လေးပါ။ တစ်ခါတည်း ကျလာမှာဖြစ်ပါတယ်။ (BOX ကိုမပိတ်လိုက်ပါနှင့်။)


၅။ ရလာသည့် FILE နဲ့ PSSWORD ကို ကြည့်မည့်သူ ဆီသို့ G-TALK မှတစ်ဆင့် ပို့ပေးလိုက်ပါ။

ကြည့်မည့်သူအပိုင်း

၁။ ကြည့်ခံရမည့်သူ ပို့လာတဲ့ ဖိုင်ကိုဖွင့် ပြီး ပေးထားတဲ့ PASSWORD ကို BOX ထဲမှာ ထည့်လိုက်ပါ။
၂။ ကဲ…၀င်ပြီးစိတ်ကြိုက်ကလိပေးတော့။ အင်တာနက်ကွန်နက်ရှင်ပေါ်ပဲမူတည်တော့တယ်။ ကွန်နက်ရှင်ကောင် ရင် ပိုပြီးအဆင်ပြေတာပေါ့။ မကောင်းရင် ထစ်ထစ်နဲ့နေတာ။

စောလင်းနက်စ်
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger