HyperCam 2 Tutorial ( Screen ပေါ်တွင် ဗွီဒီယို Record ဖမ်းနည်း)

Saturday, September 17, 20110 comments

HyperCam 2 ဆော့ဝဲလေးနဲ့မိတ်ဆက်ပေးချင်တယ်။ ဒီဆော့ဝဲလေးက ဆိုက်သေးသေးလေးပါ။ သို့သော်အသုံး တော့တော်တော်ဖြစ်တယ်။ ဒါကြောင့်မသိသူများအတွက်လုပ်နည်းလေးပေါ့ဗျာ။ ခေါင်းစည်းကရေးခဲ့သလိုပဲ ---Screen ပေါ်တွင် Record ဖမ်းနည်း-လေးပေါ့။ သဘောမပေါက်သေးရင် အောက်ကဗွီဒီယိုဖိုင်လေးဖွင့်ကြည့် သဘောပေါက်သွားမှာပါ။

ဒါလေးကတော့ ဒီHyperCam ဆော့ဝဲကိုအသုံးပြုပြီး Gif Animation ဆော့ဝဲ tutorial ကို Record ဖမ်းယူထားတဲ့ဗွီဒီယိုဖိုင်ဖြစ်ပါတယ်။


Download HyperCam :
Mediafire

လုပ်နည်း…

၁။ ဆော့ဝဲကိုဒေါင်းလုဒ်ပြီး အင်စတောထည့်သွင်းလိုက်ရုံပါပဲ။
၂။ HyperCam 2 ပရိုဂရမ်ကိုဖွင့်လိုက်၊ ပြီးရင် အောက်ပါပုံအတိုင်းတွေ့ရမယ်..

ဒီပရိုဂရမ်ရဲ့ Menu တွင် Screen Area, Hot Keys, AVI File, Sound, Option, License ဆိုပြီးတွေ့ရမှာဖြစ်ပါ တယ်။ ထိုတွင် screen area မှာ ကျနော်ကွင်းထားတဲ့အကွက်ထဲတွင် နည်းနည်းလောက်ဂရုစိုက်ကြည့်လိုက်ပါ။ Start X-----------Start Y
Width-------------Height
ယူထားတဲ့ဆိုက်တွေကိုကြည့်။ ဒါကိုမိမိ Record လုပ်မည့်ဆိုက်သတ်မှတ်ပေးရမှာဖြစ်တယ်။ အဲဒီအကွက်ထဲမှာ လိုအပ်မည့်ဆိုက်အတိုင်းရိုက်ထည့်ရင်လည်းရတယ်။ ဒါပေမယ့် ကျနော်အကြံပေးချင်တာက Select Region ကို Click တစ်ချက်နှိပ်ပါ။

၂။ ထိုနောက် Desktop Screen ပေါ်တွင် Click တစ်ချိပ်နှိပ်ပြီး မောက်စ်ကိုဖိပြီးစွဲ ၊ လိုချင်တဲ့နေရာရောက် ရင်လွတ်လိုက်ပါ။

ပြီးလျှင် အထက်ပါပုံအတိုင်း မျှားနဲ့ပြထားတဲ့ မျဉ်းချောင်းလေးတွေကို တွေ့ရမှာဖြစ်တယ်။ ကိုယ့်ကိုတစ်ခါနှစ်ခါ လောက်ကြိုးကြည့်ပေါ့နော်။ ဒီအပိုင်းတော့ရလောက်ပြီထင်တယ်။

၃။ ကျန်တဲ့ Menu က AVI File ကိုနည်းနည်းလောက်လေ့လာရအောင်…


အဲဒီမှာ AVI File Name ဆိုတာ မိမိသိမ်းမည့် ဗွီဒီယိုဖိုင်အမည်၊ Browse for File Name သိမ်းမည့်နေရာ၊ Open Output Folder ပြုလုပ်ထားတဲ့ဗွီဒီယိုဖိုင်ကိုရှိတဲ့နေရာပေါ့ဗျာ။ အဲလိုသိထားပြီးရင် ကိုယ်ပြင်ချင်တဲ့အမည်၊ နေရာတွေကို ပြင်လို့ရပြီ။

၎။ အထက်ပါအချက်အလက်တွေအားလုံးပြင်ဆင်ပြီးပြီဆိုရင် Record စဖမ်းချင်တယ်ဆိုရင် အောက်ခြေက Start Rec. ကိုသာနှိပ်ပါ။

၅။ ထိုနောက် ကျနော်တို့ Tutorial လုပ်မည့် ဆော့ဝဲဖြစ်စေ၊ အခြားကွန်ပျူတာဆိုင်ရာအကြောင်းတွေဖြစ်စေ အေးဆေးသာလုပ်တော့ဗျာ။ အားလုံးပြီးလျှင် မိမိ ဗွီဒီယို Record ဖိုင် ပြန်ကြည့်ချင်ရင် Play ကိုသာနှိပ်ပါ။
ကျနော်ရှင်းပြတာနားမလည်သေးဘူးဆိုရင် ကိုယ့်ကိုသာထပ်ခါထပ်ခါလုပ်ကြည့်ပါ။ ကျနော်ပြောတာထက် ပိုပြီးသိလာပါလိမ့်မယ်။

စောလင်းနက်စ်
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger