Pages

Sunday, September 11, 2011

How to Burn a Disc Image from a ISO or IMF file in Windows 7

ဒီတလောဆော့ဝဲပဲပို့စ်တင်တာများပြီး ကွန်ပျူတာပိုင်းလုပ်ဆောင်ချက်လေးတွေ မတင်ဖြစ်တာကြာပါပြီ။ ဒီနေ့ tutorial တစ်ခုရေးလိုက်မယ်။ တစ်ခြားဆိုက်တွေမှာရေးပြီးသားဆိုရင်လည်း နောက်ရေးသားတစ်မျိုးနဲ့ဖတ်ရ တာပေါ့။ ကျနော်ပြောနေကြသလိုပေါ့ ဆိုက်တစ်ခုရေးရုံနဲ့ နည်းပညာရှင်ရယ်လို့မထင်ကြပါနဲ့ဗျာ။ ကျနော်ရေး နိုင်တဲ့ဆိုက်ကလည်း ဘလော့အဆင့်လေးပါ။ တောက်တိုမယ်ရကွန်ပျူတာထိန်းသိမ်းမှုတွေကို စုရင်းဆောင်း ရင်းနဲ့ ဘလော့လေးတစ်ခုဖွင့်ထားခြင်းသာဖြစ်ပါတယ်ခင်ဗျာ။

ရေးချင်တာက window 7 မှာ ဘာဆော့ဝဲမှမပါပဲ iso image file ကို burn တဲ့နည်းလမ်းလေးပါ။ ဒါများ ရေးစ ရာလိုသေးလားလို့။ ကျနော်ပြောပြီးသားပဲ စုရင်းဆောင်းရင်းနဲ့ပါ။ နောက်ပြီးကိုယ့်ကိုယ်တိုင်ရေးလိုက်တော့ မိမိပို့စ်လိုမျိုးဖြစ်သွားတာပေါ့။ Window 7 forum ကနေ ယူပြီး အင်္ဂလိပ်တောက်တိုမယ်ရနဲ့ပြန်ရေးလိုက်တာ လေ။

ဘယ်လို Burn မလဲ…

၁။ CD/ DVD အလွတ်တစ်ချပ်ကို CD Drive ထဲထည့်လိုက်ပါ။
၂။ မိမိသိမ်းထားတဲ့ iso image file ပေါ်တည့်တည့်တွင် Right Click နှိပ်ပြီး အောက်ပါအတိုင်းဘောက်စ်ပေါ် လာရင် Burn Disk Image ကိုနှိပ်ပါ။


၃။ Burn Disk Image ဘောက်စ်ပေါ်လာရင် Disk Burner အကွက်တွင် drop down arrow ကိုစွဲပြီးCD/DVD အလွတ်ရှိတဲ့ CD/DVD drive ရွေးလိုက်ပါ။ ထိုနောက် Burn ကိုဆက်နှိပ်။


၎။( Verify ဘောက်စ်ရဲ့လေးထောင့်ကွက်ကို အမှန်ခြစ်လိုက်ပါ။ Verify လုပ်ခြင်းဖြင့် CD burn ပြီးရင် CD/DVD ကောင်း၊ မကောင်းစစ်ဆေးပေးတဲ့သဘောပါပဲ။ မခြစ်လည်းရတယ်)


၅။ အောက်ပါပုံအတိုင်း processing လုပ်ငန်းစဉ်တွေဆက်လုပ်နေတာတွေ့ရမှာဖြစ်ပါတယ်။


၆။ verify လုပ်ဆောင်နေတာပါ


၇။ Burn တာပြီးသွားပြီ Close ကိုနှိပ်လိုက်ပါ။


အားလုံးပြီးပါပြီ...

စောလင်းနက်စ်

No comments:

Post a Comment