သို့သော် အဲဒီဆိုက်မှာ ကျနော် Linux OS သုံးဖို့စလေ့လာတုန်းကပို့စ်တော်တော်များကို ယူထားတာရှိတယ်။ စာအုပ်လိုပုံစံမျိုးပြုလုပ်ထားတယ်။ အဲဒီဆိုက်ထဲမှာပို့စ်တိုင်း ပို့စ်ရေးသားတဲ့ပိုင်ရှင်နာမည်လေးတွေပါပါတယ်။ ဒါကြောင့် အဲဒီကျနော်စုဆည်းထားတဲ့ Linux အကြောင်းတွေကို compile Linux from Net ဆိုပြီး title ပေး ထားပါတယ်။ Linux ကိုစတင်လေ့လာမည့်သူများအတွက်အကျိုးများမယ်ထင်တာနဲ့ ကျနော့်ဆိုက်မှာတင်ပေး လိုက်တာပါ။

နောက် e-book တစ်ခုကတော့ Linux OS in Myanmar။ ဒါကတော့ ကျနော်ကိုယ်ပိုင်စုဆည်းထားတာမဟုတ် ပါဘူး။ ဘယ်ဆိုက်ကနေဒေါင်းထားမှန်းလည်း မမှတ်မိတော့ဘူး။ ဒါပေမယ့် အရေးအသားရော၊ စာအုပ်ပြုထား တဲ့ပုံတွေရောအရမ်းသေသပ်လှပါတယ်။ ကျနော်အထင် Linux နဲ့ပတ်သက်ပြီးဖြန့်ဝေတာတွေဟာ ၀င်းဒိုးလို ပြသနာသိပ်မရှိလှဘူး။ အကြောင်းကတော့ Linux sources is free ဖြစ်လို့ပါပဲ။ ဒါကြောင့် လင်းနက်စ်သည် လွတ်လပ်စွာဖြန့်ဝေပိုင်ခွင့်ရှိသည့်အတွက်ကြောင့် ဒီ e-book လေ့လာသူများအတွက်ရှယ်ပေးလိုက်တယ်။ စာ အုပ်ထဲမှာ Linux Installation ထည့်သွင်းနည်းတွေကို အပြည့်အစုံရေးထားပါတယ်။ သေချာစွာလေ့လာဖတ်ရှု မယ်ဆိုရင် Linux မတင်တတ်စရာအကြောင်းမရှိဘူး။ သို့သော် ပါတေးရှင်းထိုင်ပုံတွေကို ရှင်းရှင်းလင်းလင်းသိ ထားဖို့လိုအပ်ပါလိမ့်မယ်။ အဲဒါမှလဲ လင်းနက်စ်တင်ခြင်း ထည့်သွင်းခြင်းတွေကိုပိုပြီးအဆင်ပြေနိုင်တယ်။
ကျနော်ကတော့ ပါတေးရှင်း editor တွေထဲမှာ Gnome partition editor ကတော့လက်စွဲပါပဲ။ ကျနော်ဆိုက်မှာ အသုံးပြုပုံလေးတွေသိသလောက်ရေးထားတာရှိပါတယ်။ လိုအပ်ရင်ဒေါင်းနိုင်အောင်လဲလင့်ချိတ်ထားပါတယ်။
ကဲ…သိချင် လိုချင်ရင်တော့ ကိုယ့်ကိုသာစမ်းပေတော့ဗျာ….
Download Linux E-Book :
Compile Linux From Net Content
Compile Linux From Net
Linux OS in Myanmar
အခုအားတာနဲ့ Ubuntu for Myanmar လင့်အသစ်တွေကို ပြန်ရှာပြီး ကျနော့်ဆိုက်ရဲ့ sigebar မှာ လင့်တွေ ပြန်ချိတ်ထားလိုက်ပါပြီး။ သိချင်လေးတာရှိရင် အဲဒီဆိုက်မှာသွားပြီးရှာဖတ်ကြပါ…
စောလင်းနက်စ်
Post a Comment