Burn ISO Files From Command Line Directly

Monday, September 12, 20110 comments

Command line ကို အသုံးပြုပြီး windows image file တွေကို CD/DVD Burn တဲ့နည်းလေးပါ။ ပြီးခဲ့တဲ့ပို့စ်နဲ့ ခပ်ဆင်ဆင်ပါ။ သွားပုံချင်းကတူတူလောက်ပါပဲ။ Command line နဲ့ အသုံးပြုတာ၊ မပြုတာလောက်ပဲကွာပါတယ်။ ၀င်းဒိုး 7 မှာ Windows Disc Image Burner ဆိုတဲ့ utility တစ်ခုပါတယ်လေ။ Nero, ISO Burner စတဲ့ tool မရှိပေမယ့် iso file burn ဖို့ မပူရတော့ပါဘူး။ ပြီးခဲ့တဲ့ပို့စ်က image file ကိုတိုက်ရိုက်အသုံးပြုပြီး Burn တာ။ အခုဒီပို့စ်က Command line ကို အသုံးပြုပြီး Burn တာ ဒါတွေကွာခြားတာလေ။ ကဲ လိုချင်တယ်ဆိုရင် စမ်း ကြတာပေါ့။

၁။ မိမိဝင်းဒိုး iso image file ကို သီးသန့် USB Drive တစ်ခုနဲ့ထည့်ထားလိုက်ပါ။
ဥပမာ… K:/ drive > windows-7.iso လိုမျိုးပေါ့နော်။

၂။ Run ( Window + R) ဖွင့်လိုက်ပြီး၊ cmd ရိုက်ထည့်လိုက်ပါ။

၃။ အောက်ပါ command line ကို ရိုက်ထည့်ပါ…

isoburn /q K:\windows-7.iso

K:\ ဆိုတာ မိမိသိမ်းထာတဲ့ iso image file ရဲ့ path ကိုညွန်းတာဖြစ်ပါတယ်။ အဲဒါတော့ မှန်ပါစေ။

၎။ command line က ထည့်ထားတဲ့ iso image file စpath မှန်ကန်မယ်ဆိုရင် အောက်ပါဘောက်စ်အတိုင်းပေါ် လာမှာဖြစ်တယ်။


၅။ မမှန်ခဲ့ရင် အောက်ပါဘောက်စ်အတိုင်းပေါ်လာမှာဖြစ်တယ်။ iso file path မှန်အောင်ပြန်ရွေးပေါ့ဗျာ။


၆။ မှန်ပြီးဆိုရင် Blank CD/DVD တွေကို CD/DVD Drive ထဲထည့်လိုက်ပြီး Burn ကိုသာဆက်နှိပ်လိုက်ပါ။
ကျန်တာတွေတော့ မခက်တော့ပါဘူး။

Ref: http://www.fiberdownload.com/

စောလင်းနက်စ်
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger