XP အတွက် Folder အယောင်အဆောင် Virus File များအားရှာဖွေရှင်းလင်းခြင်း

Friday, August 5, 20110 comments

ကွန်ပျူတာထဲသို့ရောက်လာသော Virus အချို့ဟာ စက်ထဲရောက်လာပြီးဆိုတာနဲ့ ၎င်းရဲ့ Virus file တွေကို
User တွေအမြင်မှားအောင် ဖိုလ်ဒါပုံစံလုပ်ပြီးတော့ နာမည်ကိုလည်းကွန်ပျူထဲမှာရှိတဲ့ ဖိုလ်ဒါတွေအမည်အ
တိုင်း ပြုလုပ်ထားတတ်ပါတယ်။ အဓိက Virus file ကိုရှင်းလင်းလိုက်ရင် Virus သေပြီး ကွန်ပျူတာလည်းပုံ
မှန်ဖြစ်သွားပေမယ့်။ ၎င်း Virus ပြုလုပ်ထားတဲ့ ဖိုလ်ဒါအတုအယောင်တွေကို သွားဖွင့်မိလိုက်ရင် အဲဒီ Virus
က ပြန်ဝင်ရောက်လာနိုင်ပါတယ်။
ဒါကြောင့် Virus သတ်ပြီးဆိုတာနဲ့ သူရဲ့ပွားလာတဲ့ Folder အတုအယောင်ဆောင် exe ဖိုင်တွေကို လိုက်
ဖျက်ပေးရမှာဖြစ်ပါတယ်။ အဲလိုလိုက်ရှာဖျက်ပေးတဲ့အခါ တစ်ခုချင်းဆီလိုက်ရှာဖျက်နေရရင် မိမိစက်ထဲမှာ
ရှိတဲ့ ဗိုင်းရပ်စ်ဖိုင်အရေအတွက်ပေါ်မူတည်ပြီး အလွန်ကြာမှာဖြစ်ပါတယ်။ exe ဖိုင်တွေအကုန်လုံးလိုက်ဖျက်
ပြန်တော့လဲ မိမိတင်ထားတဲ့ဆော့ဝဲတွေပါသွားမှာစိုးရတယ်။ ဒီတော့ အဲဒီ folder အတုယောင်ဆောင်ထား
တဲ့ Virus File တွေကို တစ်နေရာတည်း၊ တစ်စုတစည်းတည်းပေါ်လာပြီး လုပ်ပုံလုပ်နည်းလေးပြောပြမှာ
ဖြစ်ပါတယ်။ အောက်ပါအတိုင်းလိုက်လုပ်ကြည့်ရအောင်…

ဥပမာ… D : Drive ထဲက Sound ဆိုတဲ့ Folder ကို နမူနာအဖြစ်ဆိုကြပါစို့…

(၁) D : Drive ထဲက Sound ဖိုလ်ဒါကိုဖွင့်၊ အောက်ကပုံအတိုင်း View Menu > Detail ကိုရွေးပြီးဖွင့်လိုက်ပါ


(၂) အောက်ပါအတိုင်း file folder ပေါ်လာမှာဖြစ်ပါတယ်။ အဲဒီထဲမှာ အဓိကမှတ်ထားရမှာက File Folder
ဆိုရင် မိမိရဲ့ဖိုင်တွေဖြစ်ပါတယ်။ Application Folder တွေဆိုရင် Virus File လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။


(၃) အဲဒီလို Folder နဲ့ Application ပေါ်နေတဲ့ Virus file တစ်ဖိုင်တွေ့ပြီးဆိုတာနဲ့ အလားတူဖိုင်တွေကိုရှာ
ပြီး ဖျက်ဖို့က လွယ်လွယ်လေးပါ။ အောက်ကပုံအတိုင်း size ကိုမှတ်ထားလိုက်ပါ။

အခုဗိုင်းရပ်စ်ဖိုင်ဟာ 261 kb ရှိပါတယ်။ ဒါဆို တစ်ခြားဖိုလ်ဒါအယောင်အဆောင် Virus တွေဟာလည်း ဒီ
အရွယ်ပဲရှိပြီး အခြား Folder တွေမှာ အမည်အမျိုးမျိုးနဲ့ပြန့်နှံ့နေမှာဖြစ်ပါတယ်။

Virus File တွေလည်း size ချင်းမတူကြပါဘူး။ ဥပမာ…chrome virus 261, globle virus ဖိုင်ဟာ 220kb
ရှိပါတယ်။

ကဲ..အခုတကယ်ဗိုင်းရပ်စ်ရှင်းတဲ့ လုပ်ငန်းစဉ်ကိုစကြမယ်…

(၁) My Computer ကိုဖွင့်၊ Search ကိုဆက်နှိပ်၊ ပြီးတော့ All Files and Floders ကိုထပ်ရွေးပြီးနှိပ်ပါ။


(၂) နောက်ထပ်ပေါ်လာသောဘောက်စ်မှာ
All or part of the file name တွင် *.exe လို့ရိုက်ထည့်ပါ။
Look in အကွက်တွင် My Computer လို့ရိုက်ထည့်ပါ။


ပြီးတော့ More and Advance ကိုနှိပ်ပြီး၊ Search Hiden Files and Folders ကို အမှန်ခြစ်ပါ။


(၃) ပြီးတော့ ခုဏဘောက်စ်ကိုပဲ What size is it? ကို နှိပ်ပြီး၊ Specify size ( in KB) ရှေ့မှာ အ၀ိုင်းကွက်
ကိုအမှန်ခြစ်ပါ။ ဗိုင်းရပ်စ်ဖိုင်က 261kb ရှိသည့်အတွက် အောက်ပါအကွက်တို့တွင် at least ရွေးပြီး၊ ဘေး
မှာ 260 kb လို့ရိုက်ထည့်ပါ။ ဒါဆို 260 kb အထက်က exe ဖိုင်တွေကို ရှာဖွေပေးပါလိမ့်မယ်။ Search ကို
သာနှိပ်ပါ။


(၄) ပေါ်လာပါပြီး 260 kb အထက်မှာရှိတဲ့ Application ဖိုင်တွေ၊ ဒါတွေအားလုံး ဗိုင်းရပ်စ်ဖိုင်တွေမဟုတ်
သေးပါဘူး။ Virus File တွေရွေးဖို့အတွက် Size ကိုနှိပ်ပါ။


(၅) အောက်ပါပုံအတိုင်း 261 kb ရှိတဲ့ Application ဗိုင်းရပ်စ်ဖိုင်တေအွပေါ်ဆုံးကနေပေါ်လာပါပြီး ၊ အ၀ါရောင်
ဖိုလ်ဒါပုံစံ 261 kb ရှိတဲ့ Application file တွေဟာ Virus file တွေဖြစ်ပါတယ်


(၆) အဲဒီ 261 kb အရွယ်ရှိတဲ့ အ၀ါရောင်ဖိုလ်ဒါအားလုံးကို Select ပေးလိုက်ပါ။ ပြီးရင် Shift + Delete ဖျက်
ပြီး yes


ကွန်ပျူတာထဲမှာရှိတဲ့ အယေင်ဆောင် Virus File များရှင်းသွားပါပြီး။

အဆင်ပြေပါစေ…
စောလင်းနက်စ်
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger