Pages

Tuesday, August 2, 2011

System Repair Tool

ဆော့ဝဲတစ်ခုနဲ့ မိတ်ဆက်ပေးခြင်းပါတယ်။ သိပြီးသား အသုံးပြီးသားဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာဖြစ်မသိသေး
သောပုဂ္ဂိုလ်များအတွက်ရည်ရွယ်ပါတယ်။ အခုနည်းပညာရေးတဲ့ဘလော့၊ ၀က်ဘဆိုက်တွေလည်းအတော်များ
လာတယ်ဆိုတော့။ ပို့စ်တွေက ထပ်နေမှာစိုးရတယ်။ ကျနော့်ဆိုက်မှာတော့ စုရင်းဆောင်းရင် ဝေငှရင်းနဲ့ သိပြီး
သားဆိုကျော်သွားရုံပေါ့ဗျာ။ကျနော်ဆိုက်ထက်ကောင်းတဲ့ ဆိုက်တွေ၊ ဖိုရမ်တွေပေါ်ပါတယ်။ ဒါပေမယ့် သူများ
ကောင်းတိုင်း၊ သူများကိုယ့်ထက်သာတိုင်း ကိုယ်ကဘာမှမရေး၊ မလုပ်၊ မကြိုးစားတော့ရင် ကိုယ်သာလျှင်နစ်နာ
သွားနိုင်ပါတယ်။
သူ့အတိုင်းအတာ၊ သူ့အဆင့်နဲ့သူ ကိုယ်ကြိုးစားမယ်ဆိုရင် အဲဒီအတိုင်းအတာတစ်ခုထိအကျိုးရှိနေမှာသေချာပါ
တယ်။ ကျနော်အဓိကပြောချင်တာ ဒီဆိုက်မှာမျက်စိလည်လို့ရောက်လာတာပဲဖြစ်ဖြစ်၊ တကယ်လာလို့ရောက်
တာပဲဖြစ်ဖြစ် အနည်းငယ်မျှလောက်သောအကျိုးရှိမယ်ဆိုရင် အားဆိုက်ရတဲ့ ကျနော့်ရဲ့ဝါသနာလေးကို ကျေနပ်
တယ်လို့ပြောပါရစေ။

ကဲ…ပလ္လင်ခံလိုက်တာ နည်းနည်းရှည်သွားတယ်။
ဆော့ဝဲလေးကတော့ System Repair ဖြစ်ပါတယ်။ဆော့ဝဲသေးသေးလေးဆိုတော့ အင်မတန်ပေါ့ပါးတယ်။ SystemRepair ဆိုတာ ကွန်ပျူတာအတွင်းသို့ Virus များ ၀င်ရောက်သွားတဲ့အခါ Registry သို့ ၀င်မရခြင်း၊
Task Barပိတ်နေခြင်း၊ Folder Option ပျောက်နေခြင်းစသည်တို့တွေ့ကြုံရတတ်ပါတယ်။ Virus များရှင်း
ပြီ
းဖြစ်သော်လဲ၎င်းရဲ့ အကျိုးသက်ရောက်မှုများကို ဆက်လက်ရှင်သန်နေမှာဖြစ်ပါတယ်။

ထိုသို့သော ပြဿနာများကို ရှင်းလင်းရန်အတွက် System Repair ကိုသုံးခြင်းဖြင့် အလွယ်တကူဖြေရှင်းနိုင်ပါ
လိမ့်မယ်။ ပြုလုပ်နည်းကတော့ လွယ်ပါတယ်။ System Repair ကို ကလစ်နှစ်ချက်နှိပ်လိုက်ရုံပါပဲ။

Download :
Mediafire

အဆင်ပြေပါစေ
စောလင်းနက်စ်

No comments:

Post a Comment