Create a Bootable Ubuntu USB Flash Drive the Easy Way

Thursday, August 18, 20110 comments

Linux Ubuntu OS ကို USB နဲ့ Bootable ဖြစ်အောင်လုပ်တဲ့ ဆော့ဝဲလေးတစ်ခုရေးပြမလို့။ ဆရာကြီးတွေက သိပြီးသားပါ။ တော်များသိပြီးသား UNetbootin ဆော့ဝဲပါ။ အောက်ကပုံကိုကြည့်လိုက်ပါ…





ပုံကအပေါ်ဆုံး Distribution ဆိုတဲ့အကွက်မှာ ကိုယ်ကြိုက်တဲ့ Linux အမျိုးအစားလိုက်ရွေးချယ်ပြီး တစ်ခါတည်း USB ကနေ ဒေါင်းပြီးထည့်လို့လည်းရသေးတယ်။ ဒါပေမယ့် အဲဒါကတော့ အင်တာနက်ကွန်နက်ရှင်းကောင်းတဲ့

နေရာမှအဆင်ပြေနိုင်တယ်။

အကောင်းဆုံးကတော့ မိမိထည့်မည့် Linux OS ကို ကြိုတင်ဒေါင်းလုဒ်ထားလိုက်ပါ။ ပြီးမှ အောက်ကအဆင့်အ တိုင်းသွားပြီးလိုက်လုပ်ရုံပါပဲ။ Windows OS အတွက် Bootable USB ထည့်နည်းကို ကျနော် Window 7, Vista, XP အတွက် USB Bootmaker ဆိုပြီးရေးခဲ့ပါတယ်။လိုအပ်ရင် အဲဒီနေရာမှာပဲသွားရောက်ဖတ်လို့ရပါတယ်။



Linux Ubuntu OS ကို USB နဲ့ Bootable ဖြစ်အောင်လုပ်နည်း



၁။ UNetbootin Windows ထဲက Diskimage ကိုရွေးပြီး ညာဘက်က "..." ကိုနှိပ်ပြီးတော့ Linux OS ISO ရှိတယ့် လမ်းကြောင်းကိုရွေးပေးပါ။





၂။ အောက်ဆုံးက Type မှာ ကိုယ်အသုံးပြုမယ့် USB Flash Drive အမျိုးအစားနဲ့ Flash Drive ရဲ့ Drive Letter ကိုရွေးပြီး OK ကိုနှိပ်ပါ။





၃။ UNetbootin ကနေပြီးတော့ Linux OS ကို Flash Drive ပေါ် Copy ကူးယူသွားမှာ ဖြစ်ပါတယ်။ Computer ရဲ့ Speed နဲ့ Flash Drive ရဲ့ Speed ပေါ်မူတည်ပြီး Copy ကူးချိန် ကြာမြင့်မှာဖြစ်ပါတယ်။





၎။ Copy ကူးယူလို့ပြီးသွားရင်တော့ Computer ကို Restart လုပ်မလား ဒါမှမဟုတ် UNetbootin ကိုပိတ်မလားဆိုတာ ကိုယ်ကြိုက်သလို ရွေးချယ်လို့ရပါတယ်။





Linux OS က Bootable USB အဖြစ်ပြုလုပ်သွားပြီးဆိုရင် မိမိစက်ထဲတင်ချင်ရင်တင်လို့ရပါပြီးဗျာ။ တင်ချင် ရင်ထုံးစံအတိုင်းပေါ့။ Computer ကို Restart ချပြီးရင်တော့ BIOS Setting ၀င်ပြီး Removable Device ကို First boot device အနေနဲ့ ပြောင်းပေးရမှာဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းကတော့ ၀င်းဒိုးတင်တဲ့အပိုင်းနဲ့ဆိုင် တော့တယ်။ ၀င်းဒိုးတင်တဲ့အပိုင်းကတော့ ကျနော်မရေးတော့ဘူး။ သိချင်ရင် ကျနော့်ဆိုက်မှာလိုက်ရှာပြီးဖတ်

ပါ။ တင်ထားတာရှိပါတယ်။



Download UNetbootin :

http://unetbootin.sourceforge.net/



အဆင်ပြေပါစေ

စောလင်းနက်စ်

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger