Pages

Tuesday, July 12, 2011

မိမိကွန်ပျူတာကို Lan ကနေအလွယ်တကူ Hack မခံရလေအောင် Default share ကိုပိတ်မယ်

ကွန်ပျူတာဟက်ခံရတယ်ဆိုတာကြားဖူးမှာပါလိမ့်မယ်။ အဲဒီအတွက်သက်သာအောင်ကာကွယ်နိုင်တဲ့နည်း လမ်းလေးတစ်ခုပြောပြချင်တယ်။ မိမိတို့စက်မှာ Default Share ကို ဖွင့်ထားခြင်းအားဖြင့် အင်တာနက်သုံး သူအချင်းချင်း တစ်စုံတစ်ခုအကြောင်းကြောင့် ဟက်ချင်တယ်ဆိုရင် ပိုပြီးလွယ်ကူအောင်ဟက်နိုင်တဲ့သ ဘောမှာရှိတယ်။ အဲဒါကိုပိတ်ထားမယ်ဆိုရင် အဟက်ခံရမယ့် အနေအထားမှသက်သာစေနိုင်တယ်။ ဒါကတော့နည်းပညာကျွမ်းကျင်ပုဂ္ဂိုလ်များအတွက်တော့ ဘယ်လိုတားတား ဒီထက်ကောင်းတဲ့နည်းလမ်း မျိုးအမြဲရှာကြံနေမှာဖြစ်တယ်။ ကျနော်သက်သက်နည်းလမ်းလေးတစ်ခုသိသွားရုံသဘောမျိုးပါပဲ။

အဲဒါဆို ပထမဆုံးမိမိကွန်ပျူတာဟာ Default share ဖွင့်ထားသလား၊ ပိတ်ထားသလားသိချင်ရင် Computer Management ထဲကို ၀င်ကြည့်အောင်…
Start Menu> Run or window +R ကိုတွဲနှိပ်ပြီး Run ဘောက်စ်ကိုဖွင့်ပါ။ Run ဘောက်စ်တွင် compmgmt.msc ကိုရိုက်ထည့်ပါ။
Computer Management ဘောက်စ်ပေါ်လာရင် computer management (local)> system tools>
>share folders>shares ထိအဆင့်ဆင့်သွားပြီး ညာဖက်ခြမ်းမှာ C: D: IPC: တွေဘေးနားမှာ $ အဲလိုမျိုး ပေါ်နေရင် ဒါဆိုအဲဒီကွန်ပျူတာဟာ Default share ဖွင့်ထားတာသေချာပါတယ်။

Computer management ရဲ့ screenshot

(ဟက်ပုံဟက်နည်းကိုတော့ ကျနော်လည်း အတိအကျမပြောတတ်ဘူး။ ကွန်ပျူတာဟက်နည်းကိုလည်း မလေ့လာဖြစ်တာအမှန်ပဲ။ ဟက်နိုင်တဲ့အနေအထားတစ်ခုကတော့ Run box မှာ\\13.0.3.122\E$ ဒီလို command မျိုးရိုက်ခေါ်ပြီး အလွယ်တစ်ကူ ဟက်သွားနိုင်တာပါပဲ)

Default share ကို Registry Editor နဲ့ပိတ်မယ်
(၁)Start – Run – regedit … HKEY_LOCAL_MACHIE\SYSTEM\CurrentControlSet\Services\
Lanmanserver\Parameters ကို Click ပါ။

(၂)ညာဘက်ရှိ Box တွင် AutoShareWks file ကို ရှာပါ။ မတွေ့ခဲ့လျှင် လွတ်နေသော နေရာတွင် Right Click – New – DWORD valueကိုရွေးပါ။ New Value #1 ဆိုတဲ့ နေရာမှာ AutoShareWks ဟု ရေးပါ။

(၃)AutoShareWks file အား Double Click ပါ။ Value Data: အောက်ရှိ Box တွင် 0 ( zero ) ဆို Default Shares တွေကို ပိတ်ထားတာ။ 1 ( one ) ဆို Default Shares တွေကို ဖွင့်တာ။ ကဲ ဒါဆို 0 (zero ) ပေးပြီး OK ပေးပါ။

(၄)Restart ပေးပြီး Windows ပြန်တက်သောအခါ Default Shares တွေကို ပိတ်ပြီးသား ဖြစ်သွားပါလိမ့် မည်။

အဆင်ပြေပါစေ…

စောလင်းနက်စ်

No comments:

Post a Comment