အဲဒါဆို ပထမဆုံးမိမိကွန်ပျူတာဟာ Default share ဖွင့်ထားသလား၊ ပိတ်ထားသလားသိချင်ရင် Computer Management ထဲကို ၀င်ကြည့်အောင်…
Start Menu> Run or window +R ကိုတွဲနှိပ်ပြီး Run ဘောက်စ်ကိုဖွင့်ပါ။ Run ဘောက်စ်တွင် compmgmt.msc ကိုရိုက်ထည့်ပါ။
Computer Management ဘောက်စ်ပေါ်လာရင် computer management (local)> system tools>
>share folders>shares ထိအဆင့်ဆင့်သွားပြီး ညာဖက်ခြမ်းမှာ C: D: IPC: တွေဘေးနားမှာ $ အဲလိုမျိုး ပေါ်နေရင် ဒါဆိုအဲဒီကွန်ပျူတာဟာ Default share ဖွင့်ထားတာသေချာပါတယ်။

Computer management ရဲ့ screenshot
(ဟက်ပုံဟက်နည်းကိုတော့ ကျနော်လည်း အတိအကျမပြောတတ်ဘူး။ ကွန်ပျူတာဟက်နည်းကိုလည်း မလေ့လာဖြစ်တာအမှန်ပဲ။ ဟက်နိုင်တဲ့အနေအထားတစ်ခုကတော့ Run box မှာ\\13.0.3.122\E$ ဒီလို command မျိုးရိုက်ခေါ်ပြီး အလွယ်တစ်ကူ ဟက်သွားနိုင်တာပါပဲ)
Default share ကို Registry Editor နဲ့ပိတ်မယ်
(၁)Start – Run – regedit … HKEY_LOCAL_MACHIE\SYSTEM\CurrentControlSet\Services\
Lanmanserver\Parameters ကို Click ပါ။
(၂)ညာဘက်ရှိ Box တွင် AutoShareWks file ကို ရှာပါ။ မတွေ့ခဲ့လျှင် လွတ်နေသော နေရာတွင် Right Click – New – DWORD valueကိုရွေးပါ။ New Value #1 ဆိုတဲ့ နေရာမှာ AutoShareWks ဟု ရေးပါ။
(၃)AutoShareWks file အား Double Click ပါ။ Value Data: အောက်ရှိ Box တွင် 0 ( zero ) ဆို Default Shares တွေကို ပိတ်ထားတာ။ 1 ( one ) ဆို Default Shares တွေကို ဖွင့်တာ။ ကဲ ဒါဆို 0 (zero ) ပေးပြီး OK ပေးပါ။
(၄)Restart ပေးပြီး Windows ပြန်တက်သောအခါ Default Shares တွေကို ပိတ်ပြီးသား ဖြစ်သွားပါလိမ့် မည်။
အဆင်ပြေပါစေ…
စောလင်းနက်စ်
Post a Comment