Control Panel က Add and Remove Hardware (Programs and Features) ပိတ်မယ်

Monday, July 11, 20110 comments

လိုအပ်မယ်ထင်လို့တင်ပေးလိုက်တာနော်။ ဘာဖြစ်လို့ဆိုတော့ တစ်ချို့ကသူများစက်ထဲဝင်ပြီး လိုက်ကလိနေလို့။ ကလိပြီးတော့ သူများတင်ထားတဲ့ဆော့ဝဲပရိုဂရမ်းလေးတွေပါ ဖြုတ်ပစ်လိုက်သေးတယ်။ ဒါကြောင့်အဲဒီပြဿနာ ကိုထိန်းသိမ်းတဲ့သဘော့ပေါ့ဗျာ။ အင်….ဆရာကြီးတွေဆိုရင် အဲဒါတွေဖွင့်ပြီးတော့ ဖြုတ်အုန်းမယ်ဗျာ။

(၁)အရင်ဆုံး Run ကနေ gpedit.msc ကိုရိုက်လိုက်ပါ
(၂) User configuration >Administrative Templates >Control Panel >Add or Remove Programs ကိုသွားပါ
(၃) ညာဘက်မှာ Remove Add or Remove Programs ဆိုတာကိုတွေ့ ပါလိမ့်မယ် Right Click ထောက်ပြီး Properties ကိုဝင်လိုက်ပါ ပြီးရင် Enable ပေးလိုက်ပါ
ဒါဆိုရင် Control Panel ဖွင့်လိုက်တဲ့အခါ Add or Removes Programs ကိုဖွင့်ရင်မရတော့ပါဘူး..
ပြန်ဖွင့်ချင်တယ်ဆိုရင်တော့...Not Configured ပြန်ပေးလိုက်ရုံပါပဲ။

အဆင်ပြေပါစေ...
စောလင်းနက်စ်
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger