PCA - ကို ပိတ်ထားချင်လား

Sunday, October 3, 20100 comments

အချိန်ရတာနဲ့ PCA လို့ခေါ်တဲ့ Program Compatibility Assistant ကို ပိတ်တဲ့နည်းပြောရအောင်။
Program Compatibility Assistant ဆိုတာ ဘာလဲလို့သိချင်ရင် အောက်ပါပုံတွေကို ကြည့်လိုက်ပါ။
များသောအားဖြင့် ၀င်းဒိုး vista, 7 တို့မှာ software application တစ်ခုကို ကွန်ပျူတာထဲကို ထည့်
သွင်းတဲ့အခါမျိုး ဒီ Program Compatibility Assistant (PCA) သည် မိမိလက်ရှိသုံးနေတဲ့ ၀င်းဒိုးနဲ့
Compatibility ကိုက်ညီမှုမရှိကြောင်းစသည် screen ပေါ်မှာ မက်စေ့ဂ်ျဘောက်စ် ပေါ်လာတတ်ပါ
တယ်။
software application ထည့်သွင်းပြီး Program Compatibility Assistant (PCA) ပေါ်လာတာမ
ကြိုက်တဲ့ပုဂ္ဂိုလ်များအတွက် ပိတ်ထားတဲ့နည်းလမ်းလေးဖြစ်ပါတယ်။ ကျနော်က တတ်လို့ သိလို့မ
ဟုတ်ပါ။ ၀ါသနာကတော့ပသိပ်ပါ။ အားရင် ကွန်ပျူတာရေးထားတဲ့ဆိုက်မှန်သမျှကို မြန်မာရော အ
င်္ဂလိပ်ပါအမြဲလိုလိုဖတ်ဖြစ်ပါတယ်။ မြန်မာလိုဆိုရင် ဖိုရမ်ကိုအထူးအလေးပေးဖတ်ပါတယ်။ ဖိုရမ်ဆို
တဲ့နေရာက ကိုယ့်ထက်တတ်တဲ့ဆရာတွေစုံလို့နေပါတယ်။

အောက်ပါပုံများသည် Window 7 မှာ Software Application ထည့်သွင်းပြီး ပေါ်လာတတ်တဲ့ Progr
am Compatibility Assistant (PCA) မက်စေ့ဂ်ျ screenshot တွေဖြစ်ပါတယ်








Program Compatibility Assistant (PCA) ကို Local Group Policy Editor နဲ့ ပိတ်တဲ့နည်း

(၁) Local Group Policy Editor ကိုဖွင့်ပါ ဒါမှမဟုတ် Start Menu> Run Or Window logo + R
တွဲနှိပ်ပြီး gpedit.msc ရိုက်ထည့် Enter

(၂) User Configuration, Administrative Templates, Windows Components, and Applicat
ion Compatibility ထိ ရောက်အောင်သွားပြီး Application Compatibility ကို Double Click နှိပ်
အောက်ကပုံအတိုင်း...


(၃) ညာဖက်ခြမ်းမှာရှိတဲ့ Turn off Program Compatibility Assistant ကို Double Click နှိပ်ပြီး Edit
ကို ဆက်နှိပ်

(၄) ပေါ်လာတဲ့ ဘောက်စ်တွင် Enabled ကို တစ်ခြစ်လိုက်ပြီး OK
အောက်ကပုံအတိုင်း...



ဒါကတော့ ပိတ်တဲ့နည်းပြီးပါပြီ

ပြန်ဖွင့်ချင်ရင် အဆင့် (၁) (၂) (၃) ရောက်အောင်သွားပြီး အဆင့် (၄)မှာNot Configured or Disabled တစ်ခုခုကို
နှိပ်လိုက်ရုံပါပဲ။

SevenForum.com ကို မှီငြမ်းသည်

အဆင်ပြေပါစေ...

စောလင်းနက်စ်
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Saw Linux - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger